စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







London မှထူးခြားသောအမွှာများ တွေ့ ဆုံပွဲနှင့် ပြိုင်ပွဲ

Daily Mail ၏သတင်းပေးပို့ ချက်အရ Britain နိုင်ငံ London မြို့ တွင် အမွှာတွေ့ ဆုံပွဲနှင့် ပြိုင်ပွဲကိုပြုလုပ်ခဲ့ပါသည် ။ ထိုပွဲတွင် ရုပ်အတူဆုံး အမွှာများ ကိုရွေးချယ်ကာ ဆုပေးခဲ့ပါသည် ။ အမွှာများစွာတတ်ရောက်ခဲ့ကာ မိန်းကလေးအများဆုံးတတ်ရောက်ခဲ့သော ပွဲတစ်ပွဲဖြစ်ပါသည် ။ ထိုပွဲတွင် London မှ 18 နှစ်အရွယ် အမွှာနှစ်ယောက် ဖြစ်တဲ့ Pearl နှင့် Ruby တို့ မှဒိုင်လူကြီးများ၏ အမှတ်ပေးဆုံးဖြတ်မှုနှင့်အတူ ရုပ်အတူဆုံး အမွှာဆုကိုရရှိခဲ့ပါသည် ။ထိုပွဲသို့ အမွှာစုံတွဲပေါင်း 30 ကျော်တတ်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည် ။ ၄င်းတို့ စုံတွဲသည် အခြားအမွှာတွေလို မတူညီသော အချက်ကလေးအနည်းငယ်မျှတောင် မရှိဘူးဖြစ်ပါသည် ။ အားလုံးနီးပါးကို အကြိုက်ခြင်းတူနေသည့် ထူးခြားသော ညီအမ နှစ်ယောက်ပင်ဖြစ်ပါသည် ။ ၄င်းတို့ နှစ်ယောက် အခုလို ဆုရတဲ့အတွက် ၄င်းတို့ ကလဲ ၀မ်းသာကြပြီးနောက် သူတို့ ၏မိဘများ Boyfriend များကလည်းအထူးပင်ပျော်ရွှင်နေကြပါသေးသည်။ အားလုံးကို ထိုပွဲလေးကိုတတ်ရောက်ခဲ့တဲ့ အမွှာ စုံတွဲပုံလေးတွေနှင့် ဆုရခဲ့တဲ့ ညီအမ နှစ်ယောက်ရဲ့ ပုံလေးတွေကိုပါ ဖော်ပြပေးလိုက်ပါသည် ။
ဒီစုံတွဲကတော့ ရုပ်အတူဆုံးဆု ကိုရရှိခဲ့သည့် London မှPearl နှင့် Ruby တို့ ညီအမ နှစ်ယောက်ပဲဖြစ်ပါသည်
အမွှာတွေ့ ဆုံပွဲ နှင့် ပြိုင်ပွဲသို့ တတ်ရောက်ခဲ့ကြသည့် အမွှာစုံတွဲ အားလုံးကိုမြင်နေရခြင်းဖြစ်ပါသည်
ဆုရသည့် အမွှာစုံတွဲမှ အနမ်းပေးနေစဉ်
ပြိုင်ပွဲသို့ တတ်ရောက်လာသည့် အမွှာစုံတွဲ တစ်တွဲ
ရုပ်ရည် ချောမောသည့်စုံတွဲ တစ်တွဲကိုတွေ့ ရပါသေးသည်

ဒီနှစ်ယောက်ကလဲ ရုပ်ချင်းတော်တော် တူလှပါတယ်
မြင်းကျား ၀တ်စုံလေးနဲ့ အမွှာ
တတ်ရောက်လာတဲ့ စုံတွဲတွေထဲမှာတော့ ဆွဲဆောင် မှုအရှိဆုံးပါပဲ
ဒီစုံတွဲလေးလဲ ပါဝင်ခဲ့ပါသေးသည်
အပြုံးချိုချိုနှင့် ဒီစုံတွဲလည်း ပါဝင်ခဲ့ပါသေးသည်

ဒီညီအကိုကလဲ ၀င်ကဲခဲ့ပါသေးသည်
ကဲအားလုံးးပဲ ပြိုင်ပွဲမှာ ထူးခြားတဲ့ ဖက်ရှင်နဲ့ စုံတွဲလေးးတွေကိုဖော်ပြခဲ့ပေးလိုက်ပါသည် အားလုံးပဲ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါသည် ... အားလုံးကို ကျေးဇူးတင်ပါသည်
Mc wai yan !

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...