စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ် အိန္ဒိယကျောင်းသူ မှတ်တမ်းဝင်


အိန္ဒိယနိုင်ငံမှ အရပ် ၂ ပေ ကျော်ကျော်သာရှိသည့် ကျောင်းသူတစ်ဦးအား သက်ရှိထင်ရှား ရှိနေသော ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်စ်ကမ္ဘာ့ စံချိန်များမှတ်တမ်းမှ အသိအမှတ် ပြုလုပ်ပြီဖြစ်သည်။
Joyti Amge အမည်ရှိ အဆိုပါ အိန္ဒိယအမျိုးသမီးသည် အရပ် ၂၄. ၇ လက်မ (၆၂.၉ စင်တီမီတာ) ရှိကာ ယခင် စံချိန်တင်ထားသူ အမေရိကန် အမျိုးသမီးထက်ပင် ၇ စင်တီမီတာခန့် ပိုနိမ့်ကြောင်း သိရှိရသည်။
သူမအား ဂင်းနစ်စ် ကမ္ဘာစံချိန်များ မှတ်တမ်းဝင်အဖြစ် သူမအသက် ၁၈ နှစ်ပြည့်သည့် သောကြာနေ့ (ဒီဇင်ဘာ ၁၇) တွင် အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
Joyti Amge သည် achondroplasia အမည်ရှိ လူပုမျိုးရိုးပါ ရောဂါဝေဒနာတစ်မျိုး ခံစားနေရသူဖြစ်ပြီး ယခုထက်ပိုမို၍ ကြီးထွားလာဖွယ်မရှိကြောင်း သိရှိရသည်။ သူမသည် ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့အရပ်အပုဆုံး ဆယ်ကျော်သက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အခမ်းအနားသို့ သူမ၏ မိသားစုလည်း တက်ရောက်ခဲ့ပြီး သူမသည် ရိုးရာဝတ်ဆုံး ဆာရီအား ဝတ်ဆင်ထားခဲ့ကာ ဂင်းနစ်စ်အဖွဲ့မှ တရားဝင် မှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
သူမအနေဖြင့် ယခုအခမ်းအနားအား သူမ၏ မွေးနေ့နှင့် တစ်ချိန်တည်း ကျင်းပရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားသွားခဲ့သည်။
ဂင်းနစ်စ်အဖွဲ့၏ စည်းမျဉ်းများအတိုင်း ကမ္ဘာ့စံချိန်ရှင်လောင်းအား ဆရာဝန်များက ၂၄ နာရီအတွင်း ၃ ကြိမ်တိုင် စစ်ဆေးခဲ့ကြသည်။
Joyti သည် အသက် ၄ နှစ် ကတည်းက ကျောင်းတက်နေခဲ့ပြီး ယခုအခါတွင် အထက်တန်း အောင်မြင်ခဲ့ပြီဖြစ်သဖြင့် တက္ကသိုလ်တက်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ သူမအနေဖြင့် ငယ်စဉ်ကတည်းက Bollywood တွင် သရုပ်ဆောင်ဖြစ်ရန် မျှော်လင့်နေသူဖြစ်ကြောင်းလည်း သိရှိရသည်။
---
Photos courtesy of Guiness World Records. All Rights Reserved.
Post By
ရွှေလုံး

အားလုံးလေးစားလျက်╰⊰⊹♪•°•♦_ခိုင်(♛♛)⊹⊱╮

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...