စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိကျောင်း အကြောင်းသိကောင်းစရာများ

ကျာင်းတွေနဲ့ ပတ်သက်ပြီး သိသင့် သိထိုက်တဲ့ အကြောင်းတွေကို ပြောပြပါရစေ.... ခုတစ်လော လည်းငမိုးရိပ်ချောင်းမှာ တွေ့ ရတဲ့ မိကျောင်းတွေကြောင့်လည်း သတိချပ်ဖို့ ကိစ္စလေးတွေ တင်ပြစရာရှိလို့ ပါ... မိကျောင်းအကြောင်း
သိထားတော့  တွေ့ တဲ့အခါသတိထားသင့်တဲ့ အချက်တွေကိုလည်း သိထားတာပေါ့ဗျာ....
  ဟုတ်ကဲ့ မိကျောင်းမှာ အမျိုးအစား နှစ်မျိုးရှိပါတယ် မိကျောင်းခေါင်းတို နဲ့  မိကျောင်းခေါင်းရှည်ပေါ့နော်
 မြန်မာနိုင်ငံမှာတော့ မိကျောင်းခေါင်းရှည်ပဲရှိပါတယ် အနောက်နိုင်ငံမှာတော့ နှစ်မျိုးလုံးတွေ့ နိုင်ပါတယ်

မိကျောင်းခေါင်းရှည်ဟာ ရေအောက်မှာ ကြာကြာနေလို့ မရပါဘူး တစ်နာရီလောက်နေရင် ကုန်းပေါ်ကိုတက်ပြီး အသက်ရှူပါတယ် သောင်စပ်မှာ အိပ်ပါတယ်
မိကျောင်းပေါက်ဖွားပုံ ကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ် သူတို့ ဟာ ကုန်းပေါ်မှာ တက်ပြီး  အနက်တစ်ထွာ အကျယ်နှစ်ပေ တူးပြီး ဥကျင်းတူးပါတယ် အဲ့ ဥကျင်းကို သစ်ရွက်တွေနဲ့  ဖုံးထားပါတယ်
ဥကတော့ တစ်ခါဥရင် 25ဥကနေ 60လောက်ဥတတ်ပါတယ် မိကျောင်းဥကတော့ ဘဲငန်းဥလောက်ရှိတာတော့ အားလုံးသိပြီး ဖြစ်မှာပါ
အဲ့လိုနဲ့ တစ်လနှစ်လလောက်ကြာတော့ ဥထဲက အသံတစ်မျိုးကြားရပြီး မိကျောင်းမဟာ သူဖုံးထားတဲ့ ဥတွေကို သစ်ရွက်တွေ ကြားက ပြန်ရှာပါတယ် ပေါက်ခါစ မိကျောင်းလေးရဲ့  နှာခေါင်းမှာ အချွန်လေးရှိပါတယ် အဲ့ အချွန်လေးနဲ့ ဥကို ထိုးဖောက်ထွက်ပါတယ်
ဒါပေမယ့် လူတွေ မွေးရင်ပါတဲ့ အချင်းလိုမျိုး အဲ့အချွန်လေးဟာ ကျိုးသွားပါတယ် မိကျောင်းပေါက်စလေးတွေကို ရေထဲကိုမိကျောင်းမက ခေါ်သွားပြီး ပေါက်ခါစကောင်လေးတွေဟာ 8 လက်မလောက်ရှိပြီး ကြီးတဲ့ အခါတော့ပေ20 ၊30 ကနေ သက်တမ်းတစ်ရာ လောက်ကြာရှည်အောင် နေထိုင်ကြပါတယ်
မိကျောင်းကနေ စိမ့် ထွက်တဲ့ သတိုးဂလင်းကို ရေမွှေးလုပ်တဲ့နေရာမှာ သုံးလေ့ရှိပါတယ်
မိကျောင်းတွေဟာ ကုန်းပေါ်မှာထက်ရေပေါ်မှာ ပိုသန်စွမ်းပါတယ် ရေဘုရင်မို့ လို့  ယှဉ်နိုင်တဲ့ လူမရှိပါဘုး(ရန်မန်ငထွေးလိုလူကလွဲလို့ ပေါ့ :P) သူ့ ရဲ့ ကိုယ်လုံးမှာ အသန်ဆုံး အပိုင်းကတော့ အမြီးပါပဲ ... ပါးစပ်ကတစ်စုံတစ်ရာကို ဟပ်မိရင် ပြန်စိထားလို့  မနည်းဆွဲထုတ်ရမယ့် သဘောပါ အင်မတန် ဥာဏ်များပြီးတော့ ရက်လည်းရက်စက်ပါတယ်
ရေအောက်မှာ တစ်ကယ်လို့ မိကျောင်းကိုတွေ့ ပြီဆိုရင် ပထမဆုံး နီရဲတဲ့ မျက်လုံးတွေကိုတွေ့ ရမှာပါသူတို့  ဟာ သစ်တုံးယောင်ဆောင်ပြီးတောလည့်း ရေထဲမှာ မျောလာလေ့ရှိပါတယ် ရေပြင်ပေါ်မှာ လှိုင်းခွပ်လေးတွေ တွေ့ ရင် သတိထားပါတော့
သူရေအောက်မှာရောက်ဖို့ များပါတယ်
ပြီးတော့ မိကျောင်းသိုက်ဆိုတာ ကိုပြောပြချင်ပါတယ် ငှက်တွေ အသိုက်ဆောက်သလိုပါပဲ မိကျောင်းတွေဟာ ရေအောက်မှာ အသိုက်ဆောက်လေ့ရှိပါတယ် တစ်မျိုးပြောရရင်တော့ ရေအောက်လှိုဏ်ဂူတွေပေါ့နော်
သားကောင်တစ်ကောင်ကို စားပြီးတုန်းနောက်တစ်ကောင်ကိုတွေ့ တဲ့ အခါ မိကျောင်းဟာ သူ့ ရဲ့  အသိုက်ကိုခေါ်လာပြီးတော့ အဲ့သားကောင်ရဲ့ အသားတွေ ပုပ်ပွမှ စားသောက်လေ့ရှိပါတယ် သူတို့ ဟာ အပုပ်အပွ သိပ်ကြိုက်တတ်တဲ့ အကောင်တွေပါပဲ
သူဟာ သူရဲ့  အသန်မာဆုံးဖြစ်တဲ့ အမြီးနဲ့  သားကောင်ကို ရိုက်ပြီး ခုနကမိကျောင်းသိုက်ကိုခေါ်လာပါတယ် သူ့ ကျောကို ဒီနေရာမှာ ပြောပြချင်ပါတယ် သူ့ ကျောမှာ ဆူးတောင်တွေကပါတဲ့ မြောင်းလို နေရာကြီး ရှိပါတယ် အဲ့မြောင်းကြီးနဲ့  သူရဲ့  သားကောင်ကိုတင်ခေါ်လာတာပါ
မိကျောင်းသိုက်က တစ်နည်းအားဖြင့်ပြောရင်တော့ မိကျောင်း သားရဲတွင်းပါပဲပြီးတော့ မိကျောင်းမှာ လျှာရှိပါတယ် လျှာကို တိုလို့ မမြင်ရတာပဲရှိတာပါ သူဟာဖွတ်တွေလို တွားသွားမျိုးနွယ်ဝင်ထဲမှာ ပါပါတယ်
အင်း medical term တို့  ပရဆေးလောကတွေမှာဆိုရင် မိကျောင်းရဲ့  သည်းခြေက ဆေးလုပ်ရာမှာ အလွန် အသုံးဝင်ပါတယ်
မိကျောင်းသည်းခြေက ၀က်ရှူးပြန်ရောဂါနဲ့  အရူးရောဂါတွေကို နိုင်ပါတယ် တစ်ကောင်လုံးမှာ ပစ်ရက်စရာ အင်္ဂါမရှိသလောက်ပါပဲ
မိကျောင်းစွယ်က မျက်စိနာ၊ကျောက၊်ဝက်သက်တွေလည်းပျောက်ပါတယ်မိကျောင်းအရေခွံကလည်း သွေးလိမ်းရင် လိပ်ခေါင်းရောဂါကို နိုင်နင်းပါတယ်
ကျွန်တော်တို့  ကြားနေရတဲ့ မိကျောင်း အရေခွံတွေ ဈေးကြီးတာဟာ အလှကြောင့်သက်သက်တော့ မဟုတ်ပါဘူး
မိကျောင်းသားရေဖိနပ်တွေဟာ မျက်စိနာနဲ့  ဆီးရောဂါတွေပျောက်လို့ ပါ မိကျောင်းရေဟာ ပျော့တဲ့ အတွက် အရောင်အသွေးအရရောပါ နှစ်သက်ကြတာပါ ကမ္ဘာပေါ်မှာ တိရစ္ဆာန်တွေ သတ်လို့  သေတဲ့လူတွေက ပိုများပါတယ် အာဖရိတိုက်က လူတွေကတော့ အများဆုံးပါပဲ
တစ်ခါတစ်ရံမှာ ပင်လယ်ပိုင်းဒေသတွေမှာ မိကျောင်းတွေရဲ့ အော်သံကိုကြားရတတ်ပါတယ်
သူက လျှာသာတိုတာ အသံကိုတော့ ကျယ်အောင်ပြုတတ်ပါတယ် ဒါကို လူတွေကတော့ ပင်လယ်ဟီသံလို့ ပြောလေ့ရှိပါတယ်
ဟုတ်ကဲ့ ကျွန်တော်လည်းရေးရတာ လက်ညောင်းသွားပြီမို့  blogကိုဒီနေရာမှာ ရပ်ပါရစေ ခင်ဗျာ
http://www.edinooyin.com/profiles/blogs/4347155:BlogPost:4645364

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...