စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သတိနှင့် ဆင်ခြင်ဆေးမယဉ်ပါး စေချင်

by Zegyo Mandalay on Thursday, December 8, 2011 at 8:32pm
ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် ဆေး ယဉ်ပါးမှု ပြဿနာများ ကို ကာကွယ်နိုင်ရန် အတွက် မည်သည့်ရောဂါတွင် မဆို တတ် ကျွမ်းနား လည်သည့်ဆရာဝန်နှင့်ကျန်းမာ ရေးဝန်ထမ်းတို့၏ ညွှန်ကြားထားသည့် အတိုင်း အချိန်မှန်ကန် တိကျစွာဖြင့် သောက်ရမည့်ဆေးနှင့်ထိုးဆေးတို့ကို ဆေး ပတ်လည်သည်အထိ ပြည့်မှီအောင် ကုသ ရန် အလွန် အရေးပါလှပါသည်။ ရောဂါတစ် ခုဖြစ်ပြီဆိုသည်နှင့် လူနာနှင့် မိသားစုဝင် တို့သည် ကျန်းမာရေးဝန်ထမ်းတို့၏ ညွှန် ကြားသည့်အတိုင်းလိုက်နာသူများလည်း ရှိသလို အကြောင်းအမျိုးမျိုးတို့ကြောင့် လိုက်နာ မှုမရှိသူများ လည်းရှိကြ ပါသေး သည်။
သောက်ရမည့်ဆေးနှင့်ထိုးနှံရမည့် ဆေးတို့ကို ဆေးပတ်လည်အောင် သုံးစွဲ မှုမပြု ကြပဲ ရောဂါ သက်သာ လာသည်နှင့် မိမိတို့၏ ဆန္ဒများဖြင့်ရပ်တန့်လိုက်ကြသူ များလည်းရှိပါသည်။ ထိုကဲ့ သို့ ဆေးပတ် လည်အောင် ကုသမှုမပြုလုပ်ခဲ့သည့်အ တွက် ထိုရောဂါပြန်လည်ခေါင်းထောင် လာပါက ယခင်ပြ သခဲ့သည့် ဆရာဝန်ထံ ထပ်မံပြသရန်ဝန်လေးနေတတ်ကြပါသည်။ အကြောင်းရင်းမှာလည်း ယခင်ကုသပေး ခဲ့သူ ဆရာဝန်မှ ဆေးပတ်လည်အောင် လာ ရောက်ကုသမှုမပြုသည့်အတွက် ဆူပူမှုပြုမှာကို ကြောက်သည့်အတွက် လည်းကောင်း၊ ငွေကြေးမတတ်နိုင်၍ လာ ရောက်ကုသခြင်းရပ်ခဲ့မိသည်ကိုဝန်ခံရမှာ ဝန်လေးနေကြ၍ နောက်ထပ် ဆရာဝန် တစ်ဦး ထံပြောင်းလဲပြသရန်သာဦးတည် တတ်ကြပါသည်။
ထပ်မံပြသသည့်ဆရာ ဝန်ကိုလည်း ယခင်ပြသခဲ့သည့်အကြောင်း အရာများကိုပြောပြသည့်လူနာများရှိသလို ထိုဆရာဝန်ထပ်မံဆူမှာစိုး၍လည်း လုံးဝ ကုသမှုမခံယူခဲ့ပါဟု ဖုံးကွယ်ပြောဆိုသူ ဝေဒနာရှင်များလည်းရှိတတ်ကြပါသည်။ ထိုအခါ ကုသမှုကိုအစမှပြန်လည်စတင် ရသူများလည်းရှိပါသည်။ ရောဂါဟုအမည်တပ်ကြရာတွင် လည်း တစ်ပါးသူသို့ထပ်မံကူးစက်နိုင်သော ရောဂါမဟုတ်ပါက ဝေဒနာရှင်တစ်ဦး တည်းသာထိခိုက်နစ်နာမှုဖြစ်နိုင်သော် လည်းကူးစက်နိုင်သောရောဂါပိုးများဖြစ် နေပါက ဆေးယဉ်ပါးသော ရောဂါပိုးအ ဖြစ် တစ်ပါးသူသို့ထပ်မံကူးစက်ခြင်း အန္တ ရာယ်ကြီးမားလာမည်ဖြစ်ပါသည်။
စာရေး သူသည် HIV+ ဖြစ်နေ၍ HIV သော ကတ်ရှုထောင့်မှနေ၍ ဆေးယဉ်ပါးမှု ပြဿနာများကို ကာကွယ်နိုင်ရန် တင်ပြ လိုခြင်းပင်ဖြစ်ပါသည်။ စာရေးသူနှင့်ဘဝ တူ HIV ဝေဒနာရှင်များသည် ခုခံအား ကျဆင်းနေမှုကြောင့် အခွင့်အရေးယူဝင် ရောက်လာသော OI (Opportunistic Imfection)ရောဂါတစ်ခုဖြစ်သည် TB ရောဂါသည် HIV ဝေဒနာရှင်များတွင်ဖြစ် လေ့ရှိသောရောဂါတစ်ခုပင်ဖြစ်ပါသည်။ အချို့သည်လည်း TB ရောဂါဖြစ်သည်ကို သိရမှသာမိမိ၌ HIV ပိုးရှိနေသည်ကို သိရ သူများလည်းရှိပါသည်။ အခွင့်ကောင်းယူ ဝင်ရောက်လာသော ထို TB ရောဂါသည် HIV ဝေဒနာရှင်များအား အများဆုံးထိုး နှက်ရိုက်ခက်လျှက်ရှိရာ ဝေဒနာရှင်အချို့ သည်လည်းကျန်းမာရေး ဝန်ထမ်းတို့၏ ညွှန်ကြားမှုများကို လိုက်နာမှုရှိသလို TB ဆေးပတ်လည်အောင် မသောက်သူများ လည်းရှိကြပါသည်။
HIV ဝေဒနာရှင်တို့သည် ခုခံအား ကျနေသည့်အတွက် TB ရောဂါအလွယ် တကူဝင်ရောက်လာတတ်ပြီး TB ဆေးကို ပထမအကြိမ်စတင်သောက်စဉ်ကတည်း က ဆေးပတ်လည်အောင် မသောက်မိ သူများသည် ဒုတိယအကြိမ် TB ရောဂါ ပြန်ဖြစ်လာလေ့ရှိပါသည်။ ထိုအခါ ထိုး ဆေးပါတွဲ၍ ပါလာပြီး ထိုထိုးဆေးနှင့် သောက်ဆေးကိုလည်း ဆေးပတ်လည် အောင် မသုံးစွဲကြ၍ အသက်ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသူများကိုလည်း တွေ့မိရပြန်ပါ သည်။ အချို့ဝေဒနာရှင်တို့သည်လည်း လူနာအင်အားချိနဲ့ပြီးမှတ်ဥာဏ်များချို့ယွင်း တတ်လေ့ရှိရာ ထိုသူကိုပြုစုပေးနေသူ မိ သားစုဝင်တို့သည် အထူးသတိပြုပြီး ဆေး သောက်ချိန်နှင့် ထိုးချိန်တို့ကို ဂရုစိုက် ပြုလုပ်ပေးသင့်ပါသည်။
HIV ဝေဒနာရှင် များ TB ရောဂါခံစားနေရ၍ အိပ်ယာထဲ လဲနေသူများလည်းရှိရာ ပြုစုစောင့်ရှောက် ပေးသူမိသားစုဝင်များသည် အထူးသတိ ထား၍ ဆေးသောက်ရက် မပျက်ကွက် စေရန် ဝိုင်းဝန်းဂရုစိုက်ပေးဖို့လိုပါသည်။ သို့မှသာTB ဆေးယဉ်ပါးမှုပြဿနာလျော့ နည်းနိုင်မည်ဖြစ်ပါသည်။ ဆေးရုံဆေးခန်း များနှင့် DOTS ဆေးခန်းများမှTB ဆေးအခမဲ့ ယူသောက်နေသူများအတွက် ကျန်းမာရေးဝန်ထမ်းများက ဆေးသောက် ရက်ပျက်ကွက်မှုမရှိရလေအောင် သေချာ စွာဂရုတစိုက်စစ်ဆေးမှာကြားပေးကြသော် လည်း ပြင်ပမှTB ဆေးဝယ်ယူသောက် နေသူများအတွက်တော့ ဆေးသောက်ရက် မပျက်ကွက်စေရန် အထူးဂရုပြုသင့်ပါ သည်။ HIV ဝေဒနာရှင်များလောကတွင် အသက်ကယ်ဆေးဟုတင်စားထားသည့်ART ဆေးသည်လည်း ဆေးယဉ်ပါးမှု မဖြစ်စေရန် အလွန်ဂရုစိုက်ပြီး သောက် ရသည့်ဆေးပင်ဖြစ်ပါသည်။ ART ဆေး သည်။
HIV ပိုးကို လုံးဝပျောက်ကင်းစင် အောင်ပြုလုပ်၍မရသော်လည်း HIV ပိုး များကို ထိန်းချုပ်လျော့ချနိုင်ပြီး ခုခံအား စနစ်များကို ပြန်လည်ကောင်းမွန်လာစေ ရန်နှင့် ကျန်းမာရေးကောင်းမွန်လာစေရန် ပြုလုပ်ပေးနိုင်ပါသည်။ နိုင်ငံပိုင်ဆေးရုံ များ နှင့်NGO ဆေးခန်းများမှ ART ဆေးအ ခမဲ့သောက်နေသူများအဖို့ ART ဆေးမ သောက်ခင် ဆေးသောက်မှုမှန်ကန်စေရန် မိသားစုဝင်နှင့်ဝေဒနာရှင်ကိုယ်တိုင်ART Coumselling သုံးကြိမ်ပေးပြီးမှ သောက် ကြရခြင်းဖြစ်ပါသည်။ ထို့အပြင် ဆေး သောက်မှုမပျက်ကွက်စေရန်အိပ်တိုင်ယာ ရောက်လိုက်လံကြီးကြပ်စစ်ဆေးမှုမျိုး များလည်းရှိ၍ ဆေးသောက်ပျက်ကွက်မှု ကြောင့်ဖြစ်ပေါ်လာမည့် ဆေးယဉ်ပါးမှု ပြဿနာများကိုလျှော့ချနိုင်ပါသည်။ သို့သော်လူသိမခံလိုသောဝေဒနာရှင်များနှင့် ငွေကြေးတတ်နိုင်သူအချို့သည် ပြင်ပဆေး ဆိုင်များမှ ARTဆေးကိုဝယ်ယူသောက် နေကြရာ ART Coumselling မရရှိ၍ လွန်စွာမှပင်အန္တရာယ်ကြီးနိုင်ပါသည်။ ထို့ အပြင်ART ဆေးသည် ARV ဆေးဝါး အုပ်စုများဖြစ်သည် NRTI, NNRTI, PI ဟူသော အုပ်စုသုံးခုမှ First Line ART ဆေးသည် NRTI အုပ်စုမှ ဆေးနှစ်မျိုး နှင့်NRTI အုပ်စုမှဆေးတစ်မျိုးကို ပေါင်းစပ်ပြီးသုံးမျိုးပေါင်းသောက်မှသာ လျှင် စောစီးစွာဆေးယဉ်ပါးမှုမဖြစ်နိုင် ကြောင်းကို W.H.O Guide Line အရ ညွှန်ကြားထားသည်ကို ဝေဒနာအများစု မှာ မကွဲပြားကြသေးပါ။
ပြင်ပဆေးခန်းများတွင် ပြသပြီး ဆေးဝယ်ယူသောက်နေကြသူများအဖို့ ယင်းဆေးသုံးမျိုးပေါင်းစပ်ပြီးမှ သောက်ရ သည်ဆိုသည့် ART Coumselling ကို မရခဲ့ကြသူက အများစုဖြစ်နေပါသည်။ ယင်း ART ဆေးများကို ဆေးကုမ္ပဏီ များမှ တင်သွင်းကြရာတွင် ပုံသဏ္ဍာန် အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနှင့် ဆေး တစ်မျိုးချင်းစီဝယ်ယူရသည်များရှိသလို ဆေးလုံးတစ်လုံးတည်းတွင် နှစ်မျိုးပေါင်း သုံးမျိုးပေါင်းဆေးမျိုးလည်းရှိတတ်ကြပါ သည်။ ဝယ်ယူမှုအဆင်ပြေသလိုသာ သောက်နေရခြင်းမျိုးလည်းရှိတတ်ကြပါ သည်။ အချို့သည် ဆရာဝန်မှ ဆေးသုံး မျိုးပေါင်းဝယ်သောက်သော်လည်း ART Coumselling မရရှိခဲ့၍ နှစ်မျိုးသာဝယ် ၍ရသည့်အခါများတွင် ထိုနှစ်မျိုးကိုသာ သောက်နေသည့်ဝေဒနာရှင်များလည်းရှိ နေကြပါသေးသည်။
ထိုသူများတွင ART ဗဟုသုတနည်းပါးနေသေးသော ဝေဒနာ ရှင်အသစ်များဖြစ်တတ်ကြရာ ထိုသူများ အတွက်ဆေးခန်းမှ ART Coumselling မပေးနိုင်လျှင်သော်မှ ဆေးရောင်းချသည့် ကုမ္ပဏီများမှ ART Coumselling ပေး သင့်ပါသည်။ သို့မှသာ First Lime ART ဆေး စောစီးစွာယဉ်ပါးမှု အန္တရာယ်ကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သို့မဟုတ် Second Line ART ဆေးစောစီးစွာ ယဉ်ပါး သွားလျှင် First Line ART ဆေးသည် ဆယ်ဆကျော် ဈေးနှုန်းကြီးမြင့်နေခြင်း ကြောင့်ဝယ်မသောက်နိုင်တော့ပါက အသက်အန္တရာယ်ဖြစ်လာနိုင်ပါသည်။ ထို့ အတွက်ကြောင် First Line ART ဆေး၌ ဆေးယဉ်ပါးမှုမဖြစ်အောင် ကြာရှည်စွာ ထိန်းထားနိုင်ရန် ART Coumselling ပေး ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေး ခြင်း၊ စာပေကဏ္ဍဖြင့်တင်ပြခြင်းများအ ပြင် ရုပ်မြင်သံကြား၌လည်း စီစဉ်တင် ဆက်ပေးခြင်းများ ကျယ်ပြန့်စွာပြုလုပ်ပေး သင့်ပါသည်။ ထို့အပြင် HIV ပိုးရှိနေလျှင်ART ဆေးဝယ်သောက်ပါရန်ပတ်ဝန်းကျင်မှ ဝိုင်းဝန်းတိုက်တွန်းကြတိုင်းလည်း မသောက်သင့်ပါ။
ART ကုထုံးလိုကျွမ်း ကျင်ပိုင်နိုင်သော ဆရာဝန်များ၏ ညွှန် ကြားချက်အတိုင်းသာသောက်သင့်ပါသည်။ ထို ART ဆေးသုံးမျိုးပေါင်းကို စနစ်တ ကျနှင့် Adheremce မှန်ကန်စွာ သောက် နိုင်ရန်အတွက် တတ်ကျွမ်းသည့်ဆရာဝန် ၏ ညွှန်ကြားမှုကောင်းများလိုအပ်သလို ဝေဒနာရှင်နှင့်မိသားစုဝင်များမှလည်း သတိပြုဂရုစိုက်လိုက်နာဖို့လိုအပ်ပါသည်။ စောစီးစွာဆေးယဉ်ပါးမှုဖြစ်လာပြီး second line ART ဆေးထပ်မံဝယ်မသောက် နိုင်တော့လျှင် ဆေးယဉ်ပါးသော HIV ပိုးများထပ်မံပွားများလာမည်ဖြစ်ပါသည်။ ယင်းအချိန်တွင် ခုခံအားစနစ်များပြန် လည်ကျဆင်းလာပြီး ဤရောဂါများထပ်မံ ဝင်ရောက်ကာ AIDS အဆင့်ရောက်သွား ပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ART ဆေး ကိုစတင်သောက်ကတည်းက စနစ်တကျ ဖြင့်သောက်ခဲ့ပါလျှင် AIDS အဆင့် ရောက်နေသူများသည်ပင် သာမန် HIV ပိုးရှိသူဘဝဖြင့် လူ့သက်တမ်းစေ့နေနိုင် ရန် ပေးစွမ်းနိုင်ပြီဖြစ်ပါသည်။ ထို့အ တွက်ကြောင့်စာရေးသူတို့၏ HIV ရှု ထောင့်မှနေ၍ တင်ပြရလျှင်ဖြင့် HIV ပိုးရှိနေသူများအဖို့ ကျွမ်းကျင်သည့် ဆရာ ဝန်၏ ညွှန်ကြားချက်အတိုင်း တိတိကျ ကျလိုက်နာပြီးဆေးသောက်ရန်နှင့် TB ဆေးပဲဖြစ်ဖြစ် ART ဆေးပဲဖြစ်ဖြစ် ဝေဒ နာရှင်နှင့် မိသားစုဝင်များက သတိတစ် ခုထားကာ ဆေးယဉ်ပါးမှုမဖြစ်စေရန် ဂရု တစိုက်လိုက်နာသောက်သုံးသင့်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါတော့သည်။
လှိုင် (PEER)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...