စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးထူးဆန်းဆန်း, ဗဟုသုတ(၅)

အသင်းလိုဂိုဖြင့် အကြိုဈာပနကျင်းပသည့် ဘလက်ပူးပရိသတ်

                     

ဘလက်ပူး ပရိသတ်တစ်ဦးမှာ အသင်းအမှတ်တံဆိပ်ပါ အခေါင်းဖြင့် အကြိုဈာပန ကျင်းပခဲ့ကြောင်း သိရသည်။ မယ်လ်ကွန်ဟု အမည်ရသည့် အဆိုပါ ပရိသတ်မှာ ၎င်းသေဆုံးချိန်တွင် ၀မ်းနည်းပူဆွေးဖွယ် မဖြစ်စေလိုဘဲ အံ့အားသင့် ပျော်ရွင်စေလိုသော ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ် အောက်တိုဘာလက စတင်စီစဉ်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်စက်ရုံ အလုပ်သမားဟောင်းတစ်ဦးဖြစ်သူ မယ်လ်ကွန်မှာ ၎င်း၏အခေါင်းကို လေယာဉ်ပုံစံ ငယ် ဖန်တီးစေခဲ့ပြီး ဘလက်ပူးလိုဂို တပ်ဆင်ကာ ဘလက်ဘန်းအသင်း အိမ်ကွင်း ဘလွန်းဖီးတွင် ဈာပနကျင်းပရန် ၎င်း၏ဈာပန ကျင်းပရေးအဖွဲ့ကို အလုပ်အပ်ခဲ့သည်။ မယ်လ်ကွန်သည် ယမန်နေ့က ၎င်း၏နာရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် အကြိုဈာပနကျင်းပခဲ့ပြီး သေဆုံး ချိန်အထိ ဘလက်ပူးပရိသတ်အဖြစ် ဆက်ရှိနေဦးမည်ဆိုသည့် သရုပ်ဖော်လိုခြင်းဖြစ်သည်ဟု သိရသည်။

(ရိုးရာလေး)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101865

 
ပုရွက်ဆိတ် သွေးစုပ် ဖုတ်ကောင် Zombie Fungi

တကယ်ရှိပါတယ်။ BBC WorldWide မှာ မှတ်တမ်းတင်ပြီး ရရှိထားတဲ့ ဗီဒီယိုမှ သက်သေပြထားပါတယ်။

သူ့ကို Zombie Fungi လို့ အမည်ပေး ထားပါတယ်။ လူကိုတော့ effect မဖြစ်ပါဘူး။ ပုရွတ်ဆိတ်တွေကိုတော့ Zombie ဖြစ်အာင် ပြောင်းလဲ ပစ်နိုင် ပါတယ်။ ပုရွတ်ဆိတ်တစ်ကောင်ကို ကိုက်ပြီးရင် သူ့ရဲ့ စိတ်ကိုပါ ထိန်းချုပ် နိုင်သွားပါတယ်။ သို့ပေမယ့်လည်း အချိန်အတိုင်းတာ တစ်ခုအထိပါ။ ယင်းသို့ ပြောင်းလဲသွားတဲ ပုရွတ်ဆိတ်ဟာ အင်မတန် သန်မာ သွားပြီး အခြား ကြီးကြီးမားမားအကောင်တွေကိုပါ တိုက်ခိုက် နိုင် သွားပါတယ်။

ဒါကြောင့် သူတို့ ကိုက်သတ်လိုက်တဲ့ ဓားခုတ်ကောင်၊ လိပ်ပြာ တို့လို အကောင် ငယ်တွေဟာ သေတဲ့အခါ ပုံမှန်အတိုင်းမဟုတ်ပဲ ကိုယ်ကနေ အမြစ်ထွက် သလိုမျိုး ထူးဆန်းတဲ့ ပုံပန်းသဏ္ဍာန်ကို ပေါ်ထွက် စေပါတယ်။ ဒါကြောင့် Zombie Fungi ကို သက်ရှိ သွေးစုပ်ဖုတ်ကောင် သက်ရှိ တစ်မျိုး အဖြစ် အသိအမှတ်ပြုလိုက်ကြောင်း သိရပါတယ်။
////
http://youtu.be/XuKjBIBBAL8

အောင်ခမ်း ( ရိုးရာေးလ )

https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...