စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြစ်ကို ရေကူပြီး ဖြတ်ကာ ကျောင်းသို့ စာသင်အောင် သွားသော ဆရာ


                   


အိန္ဒိယ နိုင်ငံမှ Mr Mallik လို့ အမည်တွင်သော ဆရာဟာ နေ့တိုင်း မြစ်ကို ရေကူး၍ ဖြတ်ကာ ကျောင်းသို့ နံနက် ၉ နာရီ ရောက်အောင် သွားပါတယ်။ ရေကူးပြီး သွားရတဲ့ အကြောင်းရင်း ကတော့ ကျောင်းသို့ စောရောက်ရန်နှင့် တပည့်များကို စာသင်ရန် အချိန်ပိုရအောင် သွားရခြင်း ဖြစ်ပါတယ်။

ထိုကျောင်းသို့ ကားဖြင့် သွားလျှင် ၃ နာရီ ကြာပြီး မြစ်မှ ရေဖြတ်ကူး သွားပါက အနည်းငယ် အချိန်စောပြီး ရောက်ပါတယ်။ ဒါ့အပြင် ရေကူးပြီး တောင်တက် လမ်းကြမ်းကို မိနစ် အနည်းငယ် သွားမှသာ ကျောင်းသို့ ရောက်ပါ တယ်ဟု ဆရာဖြစ်သူက ပြောပါတယ်။ ဒါကြောင့် ကျောင်းသို့ ရောက်ရန် ကုန်း တစ်ထန် ရေတစ်ထန် မိုးတစ်ထန်နဲ့ သွားရတယ်လို့ ဆိုရမှာပေါ့။

သူဝတ်ထားသော အဝတ်အစား တွေကို အထုပ်ထုပ်ကာ လက်တစ် ဖက်ဖြင့် မြောက်ပြီး ရေကူး သွားပါတယ်။ ရေကူး ရာတွင် အကူအဖြင့် ဘောကွင်းတစ်ခုကို ခါးမှချိတ်ပြီး ကူးသည့်အတွက် အန္တရာယ်ကင်းစွာ ရှိပါတယ်ဟာ ဆရာဖြစ်သူ Mr Mallik က ဆိုပါတယ်။ သူ၏ အသက်ကတော့ ၄၀ ဖြစ်ပြီး ကျောင်းမှာ လုပ်သက် အနှစ် ၂၀ ရှိပါပြီ။ ယခု သူရရှိတဲ့ လစာ ကတော့ Rs ၂၅၀၀၀ ဖြစ်ပါတယ်။ သူဟာ ကျောင်းသား တွေကို အမြဲတန်း မှာကြား တာကတော့ သူအခုလာတဲ့ ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးတွေကို တစ်နေ့ ငါ့တပည့်တွေ ဖြိုးဖွံး တိုးတက်တဲ့ ခရီးလမ်းတွေ ဖြစ်အောင် ဆောင်ရွက်ရမယ်ဟု ပြောပါတယ်။

မှတ်သားစရာ : ကိုယ်ကျိုးထက် အများအကျိုးကို သည်းပိုးနိုင်တဲ့ သူသာလျှင် လူတော်လူကောင်း တစ်ယောက် ဖြစ်ပါလိမ့်မယ်။

ရိုးရာလေး
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...