
မနက်ခင်း ခေါင်းမလျှော်ဖြစ်တဲ့ နေ့တစ်နေ့ဟာ မကြာခဏ ငိုက်မြည်းခြင်း ၊ ကြက်အိပ်ကြက်နိုးဖြစ်ခြင်း ၊ အလုပ်သေးတစ်ခုကို တာရှည်လုပ်နေရခြင်း စတာတွေကနေ ကင်းဝေးစေနိုင်တဲ့ အကျိုးကျေးဇူးတွေ ပေးတာတော့မှန်ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့မှာတော့ သင့်ရဲ့ဆံပင်ဟာ ကြည့်လို့ မကောင်းတော့ပါဘူး။ အဆီတွေကို စုပ်ယူဖို့နဲ့ သင့်ဆံပင်ကို ပြန်လည်သန့်ရှင်စေဖို့ အကောင်းဆုံးသော Dry Shampoo တွေကို ရွေးချယ်ခြင်းက ဒီပြဿနာတွေကို ကင်းဝေးစေပါတယ်။
(၁) ဆံသားသေးသူများ ၊ ပါးသူများ

ဒီ dry shampoo အမျိုးအစားက ပါဝင်ပစ္စည်းအများကြီး မသုံးထားတာကြောင့် ဆံပင်ရဲ့ အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အခြေအနေကို ရောက်ရှိသွားစေပါတယ်။ ဆံပင် weight ကို ထပ်ပေါင်းထည့်ပေးနိုင်ပါတဲ့အတွက် ဆံပင်ပါးသူများနဲ့ သင့်တော်ပါတယ်။
Herbal Essences Naked Dry Shampoo , $7
(၂) ဆံသားထူသူများ

ဆံပင်အလွန်ထူသူများနဲ့ ဆံပင်ကောက်သူများ ရွေးချယ်သင့်ပါတယ်။ ဆံပင်ရဲ့ အရင်းပိုင်းမှာရှိတဲ့ အဆီတွေကိုပါ စုပ်ယူပေးနိုင်တဲ့အတွက် ဆံပင်ထူတဲ့သူများနဲ့ အထူးသင့်တော်ပါတယ်။
Water Killer Dry Shampoo , $25
(၃) အကောင်းဆုံး သဘာဝ နည်းပညာ

တကယ်လို့သင်ဟာ သဘာဝပစ္စည်းအခြေခံတဲ့ အလှကုန်တွေကိုသာ သုံးလေ့ရှိသူ ဆိုရင်တော့ ဒီ dry shampoo က သင့်အတွက် အသင့်တော်ဆုံးပါ။ ပြောင်းဖူးဆီနဲ့ ကန့်ကူကျောက်မှုန့်တစ်မျိုးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ဒီပေါင်ဒါအမှုန့်က ဘယ်ဆံပင် အမျိုးအစားကိုမဆို အဆီစုပ်ယူနိုင်စွမ်းရှိပါတယ်။ ဖြူဖြူဖွေးဖွေးအမှုန့်တွေ ကျန်နေခဲ့ခြင်းမျိုးမရှိသလို မွှေးပျံ့တဲ့ရနံ့ကိုလည်း ပေးစွမ်းပါတယ်။
No Drought Dry Shampoo , $13.95
(၄) နက်မှောင်သော ဆံကေသာအတွက်

ဒါက ရွှေရောင်ဆံကေသာ ပိုင်ရှင်တွေအတွက်မဟုတ်တာ တစ်ခုပါပဲ။ အချို့သော dry shampoo တွေဟာ အသုံးပြုပြီးရင် ဆံပင်ကို နက်မှောင်ပြီး ကျန်နေခဲ့စေတာ အလွန်ထူးခြားကောင်းမွန်တဲ့ ဆုလာဘ် တစ်ခုပါပဲ။ အဲဒီထဲမှာ ဒီအမျိုးအစားလည်း တစ်ခုအပါအ၀င်ပါ။
Vidal Sassoon ColorFinity Dry Shampoo in Rich Darks , $3.99
(၅) မွှေးရနံ့ သင်းပျံ့စေရန်

တချို့သော dry shampoo တွေဟာ ပေါင်ဒါနံ့ ခပ်ငြီးငြီးတွေ ကျန်နေခဲ့တတ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခုတော့ မဟုတ်ပါဘူး။ အသုံးပြုပြီးနောက်မှာ လွန်စွာ လတ်ဆတ်တဲ့ရနံ့နဲ့ သင့်ကို အသစ်တစ်ဖန် မွေးဖွား ပေးလိုက်သလို လန်းဆန်းသွားစေနိုင်ပါတယ်။
Nexxus Youth Renewal Rejuventating Dry Shampoo, $ 13.79
ဒီ Dry Shampoo အမျိုးအစားတွေထဲက ကိုယ်နဲ့လိုက်ဖက်နိုင်မယ့် နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
Ref:seventeen.com
No comments:
Post a Comment