စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၁၀နှစ်လောက် ပိုငယ် သွားစေဖို့


လူတိုင်း လူတိုင်း သတိမထားမိပဲ မိမိကိုယ်တိုင် ဂရုမစိုက်မိစေတဲ့ အချက်လေးတစ်ချို့က အသက်ကြီးတယ်လို့ အထင်ခံရတတ်စေပါတယ်… ထိုအမှားတချို့ကတော့…

ဆံပင် မပြုမပြင်နေခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဖြစ်သလိုစားသောက်နေထိုင်ခြင်း၊ မျက်မှောင်ကုတ်ခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊ အသားအရည် (skin care) များမလုပ်ခြင်း ၊ အ၀တ်အစားများ fit မဖြစ်ပဲ ပွခြင်း၊ အရောင်မှိုင်းများ ရွေးချယ်ခြင်း ၊ မိတ်ကပ်များ ထူလွန်းခြင်း ၊ ကော်ဖီသောက်တာများခြင်း စသည်တို့ဖြစ်ပါတယ်။

၁။ ဆံပင် ပုံစံက မျက်နှာလှလှလေးပြီးရင် ဒုတိယ မျက်နှာလို့ ဆို လေ့ရှိပါတယ်။
ဘာမှမပြုမပြင်ပဲထားတဲ့ ဆံပင်က လူကို ပိုပြီး အသက်ကြီးစေပါတယ်။
ဆံပင်ကို ခေါက်သိမ်းထားမဲ့အစား ကိုယ်နဲ့ လိုက်ဖက်မဲ့ မတိုမရှည် စတိုင်လေးညှပ်ပေးပါ။ ဆံပင်နည်းရင် ပြေပြေလေး (Digital ) သဘာဝ အတိုင်း ကောက်ပေးနိုင်ပါတယ်။ ဆံပင်ဖျောက်ဖျောက်ကြီးတွေထက် .. အောက်နားလေး မသိမသာကောက်တာက ပိုပြီး ဆွဲဆောင်မှုပိုရှိပါတယ်။ ဆံပင်ကို အရောင်ဆိုးတဲ့နေရာမှာ မိမိအသားအရည်နဲ့လိုက်ဖက်တဲ့ အရောင်ပဲဆိုးပေးပါ။ ဆံပင် အရောင်ဆိုးခြင်းကလဲ ဆံပင် ပိုများတယ်လို့ထင်ရပါတယ်။

၂။ တစ်ပတ်ကို ၃ရက် လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန် ကို မတတ်အောင်ထိန်းပေးပါ။ မျက်နှာနဲ့ လည်ပင်းမှာ အဆီပိုတွေမရှိအောင်နေပါ။
V ပုံစံမျက်နှာကျလေးတွေဖြစ်အောင် (Bio essence face lifting cream, 2B slim face and Contour ) အဆီကျလိမ်းဆေးတချို့ကိုလဲသုံးပေးနိုင်ပါတယ်။
အဆီပိုတွေနဲ့ ကိုယ်အလေးချိန် အတတ်အကျများသူတွေဟာ အသားအရည်ကို လျော့တွဲစေပါတယ်။ အစားအသောက်ကိုလဲ မျှတအောင်စားပေးပါ။

၃။ ဆံပင်သား ပျော့ပြောင်းပြီး အိအိလေးတွေဖြစ်အောင် ခေါင်းလျှော်ရည်ကို moisture များတဲ့ shampoo နဲ့ conditioner မျိုးရွေးသုံးပေးပါ။ တစ်ပတ်တခါ ဆံပင် ပေါင်းတင်ဆေးထည့်ပြီး ရေနွေးဝတ်နဲ့ ၁၅မိနစ်လောက်ပတ်ပေး ထားခြင်းကလဲ ဆံပင်သားကို ပျော့ပြောင်း ပိုမို တောက်ပပြီး လှပလာစေပါတယ်။ ခေါင်းလျှော်ပြီး dryer သုံးပေးခြင်းကလဲ ဆံပင်သား ပိုများတယ်လို ထင်ရပါတယ်။

၎။ မျက်နှာ အသားအရည်ကို moisture အမြဲလိမ်းပေးပါ။ ဆဲလ်အသေတွေကို ဖယ်ရှားဖို့ရန် တစ်ပတ်ကို ၂ကြိမ်မှ ၃ကြိမ်အထိ facial scrub လုပ်ပေးပါ။ ကိုယ်နဲ့သင့်တော်မဲ့ Skin care တွေရွေးချယ် သုံးပေးပါ။ အရေးအကြောင်းနဲ့ လှပတဲ့ အသားအရည်အတွက်ဆိုရင် estee lauder time zone ကိုလဲသုံးပေးနိုင်ပါတယ်။ အခုခေတ်မှာ တော့ အသားအရည် အသစ်ထွက်ဖို အတွက် နည်းမျိုးစုံ သုံးနေကြပါပြီ … microdermabrasion, chemical peels and laser resurfacing .. စတဲ့ နည်းတွေက အသားအရည်ကို အသစ်ထွက်အောင် နဲ့ တင်းရင်းအောင် laser နည်းနဲ့ ကုသခြင်းတွေပဲဖြစ်ပါတယ်။

၅။ အတွင်းခံ များကို ကြာရှည်အသုံးမပြုသင့်ပါဘူး။ ကြာကြာအသုံး ပြုထားတဲ့ အတွင်းခံများက အချိုမကျတဲ့အတွက် အသားအရေ လျော့တွဲစေပါတယ်။ ကိုယ်အလေးချိန်အတတ်အကျပေါ်မူတည်ပြီး လဲလှယ်ဝတ်ဆင်သင့်ပါတယ်။

၆။ မျက်နှာကို moisturizer လိမ်းပေး ခြင်းက အသားအရေကို စိုပြေလင်းလက်ပြီး၊ အတွင်းက ဆဲလ် အသေနှင့် အညစ်အကြေးတွေကို စွန့်ထုတ်နိုင်အောင် ကူညီပံ့ပိုးပေးပါတယ်။ အသားအရေ ကို ပျက်စီးစေတဲ့ အပြင် ညိုညစ်ညစ် ဖြစ်စေတဲ့ အရက်၊ ဘီယာ နှင့် ကော်ဖီ အလွန်အကျွံ မသောက်သင့်ပါဘူး။ အရေးအကြောင်းတွေကိုလဲပိုပြီး မြန်မြန်ပေါ်လွန်နိုင်ပြီး အရိုးပွရောဂါများလဲ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အရက်၊ ဘီယာ နှင့် ကော်ဖီအစား ရေကို ပိုသောက်ပေးပါ။ တစ်ရက်ကို ရေ ၉ ခွက်လောက် ပုံမှန်သောက်ပေးပါ။

၇။ Eye Liner ချယ်တဲ့အခါ အရောင်ရင့်ရင့် နဲ့ ပေါ်လွင်နေအောင်ချယ်ခြင်းကလဲ မျက်နှာက အရေးအကြောင်းတွေကို ပိုပေါ်လွင်စေပြီး မျက်လုံးအိမ်ကိုလဲ ကျဉ်းသရောင်ထင်ဟပ်စေပါတယ်။ ဒါကြောင့် အရောင် အဖျော့များ (ခဲ၊ အညို ..) ချယ်ပေးခြင်းက သဘာဝအတိုင်းလှပစေပြီး မျက်လုံး အရောင်ကိုလဲ တောက်ပစေပါတယ်။

၈။ မိတ်ကပ်လိမ်းတဲ့အခါလဲ ခပ်ပါးပါး သဘာဝအတိုင်း လိမ်းချယ်ပြီး၊ မျက်လုံးနားတ၀က် မျက်ကွင်ညိုခြင်းနှင့် အရေးအကြောင်းတွေကို ကာကွယ်ဖို့  Powder and Concealer ခပ်ပါးပါးပဲသုံးပေးနိုင်ပါတယ်။ ပါးနီ နှင့် နှုတ်ခမ်းနီသုံးတဲ့အခါမှာလဲ natural color ကိုရွေးချယ်သုံးပေးခြင်းက ပိုပြီးနုပျိုစေပါတယ်။

၉ ။ အ၀တ်အစားဝတ်တဲ့အခါ ကိုယ်တဲ့ fit ဖြစ်စေတဲ့ size မျိုးရွေးချယ်ဝတ်ဆင်ပါ။ ပွပွ ချောင်ချောင်များက အသက်အရွယ်ပိုကြီးတယ်လို့ထင်ရစေပါတယ်။ အရောင်ကိုလဲ ခပ်မှိုင်းမှိုင်းဝတ်ဆင်ခြင်းထက် ကိုယ်နဲလိုက်ဖက်မယ် အရောင်လွင်လွင်လေးတွေ ကိုပါ တွဲပြီး ၀တ်ဆင်နိုင်ပါတယ်။

၁၀။ လည်စီး ပုဝါ သုံးမယ်ဆိုရင် ပုလဲရောင်၊ ခဲရောင်၊ ပန်းရောင်ရင့် ၊ ပန်းရောင့် နု၊ အညိုရောင် ၊ နှင်းဆီနီ စသည့်အရောင်များရှောင်ရှားပေးသင့်ပါတယ်။

အားလုံး ရွှင်ပြုံးနိုင်ကြပါစေ။

Myawady News


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...