စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အာကာသမှ ဝေလငါးတွေရဲ့ နေထိုင်မူတွေကို မှတ်တမ်းတင်နိင်ပြီ။



အမြဲတမ်း လေယာဉ် (သို့) သဘောင်္ပေါ်မှ ဝေလငါးတွေကို ရေတွက်ရတာ မလွယ်ကူပါဘူး။ အခုတော့ သိပ္ပံပညာရှင်တွေအတွက် အဆင်ပြေသွားပါပြီ။ အာကာသမှ ပုံရိပ်တွေက်ု ရိုက်ကူးနိင်မဲ့ option အသစ်တစ်ခု တွေ့ထားလို့ ဖြစ်ပါတယ်။ DigitalGlobe's WorldView-2 လို့ခေါ်တဲ့ တော်တော်မြင့်တဲ့ resolution ရှိတဲ့ ဂြိုလ်တုပုံရိပ်တွေနဲ့ ရှာဖွေလာနိင်မှာ ဖြစ်ပါတယ်။ သတ္တ၀ါတွေမှာမှ မဟုတ်ပါဘူး။ အခြားနိင်ငံတစ်နိင်ငံရဲ့ လူဦးရေးတိုင်းတာချက်မျိုးတွေကိုလည်း လုပ်ဆောင်လာနိင်မှာ ဖြစ်ပါတယ်။ နိင်ငံတစ်နိင်ငံရဲ့ စီးပွားရေးအနာဂတ်တွေကိုပါ သိရှိနိင်လာမှာ ဖြစ်ပါတယ်။ ဒီ platform က အရာဝတ္တုတွေရဲ့ သေးငယ်တဲ့ ၅၀ စင်တီမီတာလောက်ထိကို မြင်နိင်အောင်စွမ်းနိင်တဲ့အတွက် လှိုင်းတွေနဲ့ မည်းမှောင်းနေတဲ့ ပင်လယ် တွေထဲမှာပါ အသုံးပြုနိင်မှာ ဖြစ်ပါတယ်။

automatic စနစ်ဖြစ်ကာ manual တွေထက် ၈၉ရာခိုင်နှုန်းပိုပြီး ဖမ်းယူနိင်ပါတယ်။ ပုံမှာတွေ့ရတာကတော့ အာဂျီတီနားနိင်ငံ ကမ်းရိုးတန်းမှာ ရှိတဲ့ တောင်ပိုင်းဝေလငါးတွေကို ဗြိတိန် Antarctic Survey က အစမ်းကောက်ယူထားတာ ဖြစ်ပါတယ်။ အဆိုပါ တောင်ပိုင်းဝေလငါးတွေကို စမ်းသပ်ရေတွက်ဖို့ ရွေးချယ်ရတဲ့ အကြောင်းအရင်းကတော့ သူတို့ဟာ နှေးကွေး၊ ပြီး ရေတိမ်ပိုင်းမှာ ကူးလေ့ရှိတဲ့ အမျိုးအစားတွေမို့ပါလို့ ဆိုခဲ့ပါတယ်။

Aung Heine ( Smart Pro Journal)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...