စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Facebook အသုံးပြုသူများ မိမိစိတ်ကြိုက် လိင်အမျိုးအစား ရွေးနိုင်ပြီ



ကမ္ဘာ့နံပါတ် ၁ လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့ဘွခ် သုံးပြုသူတွေအတွက် နဂိုက အမျိုးသား၊ အမျိုးသမီးဆိုတဲ့ လိင်အမျိုးအစား ၂ မျိုးတည်း ထည့်သွင်းထားရာကနေ အခုတော့ ၁၀ ခုအထိ တိုးချဲ့လိုက်ပါတယ်။

t1larg.facebook.settings.courtesyအမေရိကန်ပြည်ထောင်စုမှာ အင်္ဂလိပ်ဘာသာနဲ့ ဖေ့ဘွခ်အသုံးပြုသူတွေအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစလို့ ကိုယ့်စိတ်တိုင်းကျ လိင်အမျိုးအစားကို ရွေးချယ်နိုင်ကြပါပြီ။

ရွေးချယ်နိုင်တဲ့ လိင်အမျိုးအစားတွေထဲမှာ လိင်ပြောင်းထားသူ (transgender)၊ ဒွိလိင် (intersex)၊ စိတ်နှစ်ခွရှိသူ “fluid.” ဆိုတဲ့ လိင် အမျိုးသားအစားတွေကိုလည်း ထည့်သွင်း ထားပါတယ်။

ဒီလို ထည့်သွင်းနိုင်ဖို့ လိင်ပြောင်းသူများ အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေ၊ ဂေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

အခုအချိန်အထိ ဖေ့ဘွခ်အသုံးပြုသူတွေထဲက ၁ ဒဿမ၊ ၂၃ ဘီလီယံဟာ ဖေ့ဘွခ် ကိုယ်ရေးအကျဉ်းမှာ မိမိ စိတ်တိုင်းကျ လိင်အမျိုးအစားတွေကို ရွေးချယ်ကြေညာနိုင်ပြီး ဖြစ်ပါတယ်။

ကိုယ့်ဘ၀မှန်ကို လူတိုင်းကို မသိစေချင်ရင်လည်း သိစေချင်သူတွေလောက်ပဲ ကွက်ပြီး သိခွင့်ပေးတဲ့ ထိန်းချုပ်တဲ့စနစ်ကိုလည်း စီစဉ်ပေးထားတယ်လို့ ဖေ့ဘွတ်ခ်က ဆိုပါတယ်။

“ဖေ့ဘွခ် အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ ဘ၀မှန်ကို ကိုယ့်စိတ်တိုင်းကျ ဖော်ပြနိုင်တာမျိုး ဖြစ်စေချင်တယ်” လို့ ဖေ့ဘွခ်ကုမ္ပဏီက ဆိုပါတယ်။

ဖေ့ဘွခ်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Google+ လူမှုကွန်ရက်မှာတော့ ကျား၊ မ အပြင် “အခြား other” ဆိုတဲ့ ရွေးချယ်စရာကို အရင်ကတည်းက ထည့်သွင်းပေးထားခဲ့ပါတယ်။

DVB


https://www.facebook.com/myanmaronlinemedianews/photos/a.572785052762137.10737

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...