
(၂) လက်ဘက်ရည်ကြမ်း (Green Tea)
(၃) ငါး (Fish)
(၄) အစေ့အဆံ (Nuts and Seeds) တို့ဖြစ်ပါတယ်။
(၁) ဆနွင်းက တခြား Antidepressant (စိတ်ကျရောဂါကုဆေးဝါး) တွေနဲ့ ယှဉ်ရင် အကျိုး ရလဒ်က အတူတူ ပေမယ့် ဆနွင်းမှာ ဘေးထွက် ဆိုးကျိုး အလွန် နည်းပါတယ်။
(၂) လက်ဘက် ရည်ကြမ်း (ရေနွေးကြမ်း) ရဲ့ကောင်းကျိုး တွေက အများကြီးပါ။ ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာ တွေကို တိုးတက်စေ တဲ့အပြင် စိတ်ခံစားမှု တွေကိုလည်း ပုံမှန် ဖြစ်အောင် ကူညီပေး နိုင်ပါတယ်။ အာရုံ စူးစိုက်မှုလည်း ပိုကောင်းမွန် စေပါတယ်။
(၃) ငါးကတော့ အိုမီဂါ-၃ လျော့နည်းမှုကြောင့် စိတ်ခံစားမှုတွေ မညီမမျှ ဖြစ်တာကို ထိန်းညှိပေး နိုင်ပါတယ်။
(၄) အစေ့အဆံ တွေမှာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ် ဓါတ်တွေ ပါဝင် ပါတယ်။ အဲဒီဓာတ်က သင့်ဦးနှောက်ရဲ့ `ကောင်းမွန်တဲ့ ခံစားမှု´ ဆိုတဲ့ ဓါတ်သဘာဝကို လှုံ့ ဆော် ပေးပါတယ်။ ပြီးတော့ သွေးထဲက သကြားဓာတ် ကိုလည်း ထိန်းညှိပေး သေးတာမို့ အစေ့အဆံ တွေရဲ့ အဆီကို Healthy Fat လို့တောင် ခေါ်ပါတယ်။ အကောင်းဆုံး ကတော့ ဖရုံစေ့၊ ဘရာဇီးလ် အစေ့အဆံ တွေပဲ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို စိတ်ကျ ရောဂါ ခံစားနေ ရတယ် ဒါမှမဟုတ် စိတ်ဓာတ် ကျနေတယ် ဆိုရင် ပြန်နေ ကောင်းလာအောင် ဆေးတွေအစား ဒီလို အစားအသောက်၊ အနေအထိုင် ပုံစံ ပြောင်းလဲပြီး နေကောင်းအောင် ကြိုးစားတာ ပိုကောင်း ပါတယ်။
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186
No comments:
Post a Comment