စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြိုးမဲ့ လေ့ဖြည့်သွင်းသည့် ကိရိယာ




World Wide ပြန်ဆိုသည်

ကျွန်ုပ်တို့အနေဖြင့် ဘောလုံးများ၊ စက်ဘီးတာယာများ အစရှိသည့် လေထိုး အသုံးပြုရသော မည်သည့်အသေးစားပစ္စည်းများကိုမဆို နေရာမရွေး၊အချိန်မရွေး အင်အားကုန်ခမ်းခြင်း သက်သာစွာဖြင့် လေထိုးသွင်းနိုင်ရန်အတွက် ယခုအခါ Airman ဟုအမည်ပေးထားသော ကြိုးမဲ့လေထိုးစက်ကိရိယာ ထွက်ပေါ်လာပြီ ဖြစ်ပါသည်။

Airgun သည် ဘက်ထရီစွမ်းအင်အသုံးပြုရသော လေဖိအားသွင်းစက်ကိရိယာ တစ်ခုဖြစ်ကာ ကြိုးမဲ့လွန်ပူဖောက်စက်နှင့် ဆင်တူပါသည်။ ၄င်းကိရိယာတွင် စက်တွင် လေထိုးရာ၌ အသုံးပြုရန်အတွက် ၅ လက်မအရွယ် အစားရှိသော ပိုက်တစ်ခုပါဝင်ပါသည်။ ထို့အပြင် စက်၏ နောက်ပိုင်းတွင် စက်နှင့်လေထိုးမည့် ကိရိယာတို့အနေဖြင့် ချိတ်ဆက်ခြင်းရှိမရှိကို ဖော်ပြပေးရန် LED မီးသီးကို တပ်ဆင်ထားပါသည်။ ကိရိယာတွင် အခြားသော လေထိုးအသုံးပြုရမည့် ကိရိယာအမျိုးမျိုးနှင့် အဆင်ပြေချောမွေ့စွာ တပ်ဆင်နိုင်ရန်အတွက် အကူကိရိယာများလည်းပါဝင်ပါသည်။

အသုံးပြုပုံမှာ သင့်အနေဖြင့် ဖြည့်သွင်းလိုသော လေပေါင်ချိန်အား စက်တွင်ရိုက်ထည့်ပေးရပါမည်။ ထိုသို့ရိုက်ထည့်ရာတွင် LCD မြင်ကွင်းမှ psi ၊ kpi၊ bar အစရှိသည်ဖြင့် အတိုင်းအတာအား မိမိစိတ်ကြိုက်ရွေးချယ်နိုင်ရန် ဖော်ပြပေးမည်ဖြစ်ပါသည်။ ထို့နောက် သင့်အနေဖြင့် လေဖြည့်ကိရိယာနှင့် ဖြည့်သွင်းမည့်အရာအား ချိတ်ဆက်ပြီးပါက ခလုတ်နှိပ်၍ လေဖြည့်သွင်းနိုင်မည်ဖြစ်ကာ သင်သတ်မှတ်ထား သော လေချိန်ကိုရရှိပါက စက်အနေဖြင့် အလိုအလျောက် ရပ်တန့်သွားမည်ဖြစ်ပါသည်။

စက်ဘီးတာယာတစ်လုံးလျှင် လေပေါင်ချိန်မှာ 58 psi (4 bar) ရှိပြီး ၄င်းကိုလေဖြည့်သွင်းရန် ၁ မိနစ်သာကြာမြင့်မည်ဖြစ်ပါသည်။ ကိရိယာတွင်ပါဝင်သော လီသီယမ်အိုင်ယွန်းဘက်ထရီအနေဖြင့် လေဖြည့်သွင်းရင်း အားကုန်သွားပါကလည်း ကားဘက်ထရီမှတစ်ဆင့် ချိတ်ဆက်ကာ ဆက်လက်လုပ်ဆောင် နိုင်မည်ဖြစ်ပါသည်။ Airgun တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၇၀ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

Ref:www.gizmag.com/airman-airgun-battery-compressor/30689
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...