စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူငယ်များတွင် အသံအိုးကင်ဆာဖြစ်ပွားမှုမှာ များပြားနေ

လူငယ်များတွင် အသံအိုးကင်ဆာဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေး၊ ချောင်းဆိုး အအေးမိသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးသူများဖြစ်

ထွယ်ဆန်အောင်

လူငယ်များတွင် အသံအိုးကင်ဆာ ဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် အအေးမိခြင်း စသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီး (ရန်ကုန်) သို့ ဆေးကုသမှု လာရောက်ခံယူသူများအနက် အသံအိုးကင်ဆာ ဖြစ်ပွားမှုမှာ ဒုတိယအများဆုံး ဖြစ်နေပြီး အသက်ကြီးပိုင်းနှင့် လူငယ်ပိုင်းများတွင် ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်းနှင့် ဖြစ်ပွားမှုနှုန်းကို ကြည့်မည်ဆိုပါက လူငယ်များတွင် ဖြစ်ပွားမှုပိုမိုကြောင်း သိရသည်။

“ဆေးရုံမှာ လာပြတဲ့လူနာတွေထဲမှာ ၂၀၁၃ ခုနှစ်က စာရင်းတွေအရ လည်ပင်းကြီးရောဂါပြီးရင် အသံအိုးကင်ဆာက အများဆုံးဖြစ်နေတယ်။ လည်ပင်းကြီးရောဂါက သက်ကြီးပိုင်းမှာဖြစ်တယ်။ အသံအိုးကင်ဆာကကျတော့ သက်ကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေမှာ ဖြစ်ပွားပြီးတော့ အရက်၊ ဆေးလိပ် ပိုမိုသောက်သုံးတဲ့သူတွေ၊ အသံအိုး မကြာခဏ ရောင်ပြီးတော့ အအေးမိတာတွေ၊ နှာစေး၊ ချောင်းဆိုးတွေ မကြာခဏ ဖြစ်တဲ့သူတွေ၊ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရောဂါ ခဏခဏ ဖြစ်ရတဲ့သူတွေမှာ အဖြစ်များတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေမှာ ပိုဖြစ်တယ်” ဟု နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး (ရန်ကုန်) မှ ဆေးရုံအုပ် ဒေါက်တာဝင်းအောင်က ပြောကြားသည်။

အသံအိုးကင်ဆာ ဖြစ်ပွားမှုကြောင့် ခွဲစိတ်ကုသမှု ခံယူသူမှာ ၂၀၁၂ ခုနှစ်တွင် ၅၄၀ ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၅၈၂ ထိရှိခဲ့ကြောင်း သိရသည်။

နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီး (ရန်ကုန်) တွင်၂၀၁၃ ခုနှစ်အတွင်း ခွဲစိတ်ကုသမှု ခံယူသည့် လူနာများတွင် အဖြစ်အများဆုံး ရောဂါများမှာ လည်ပင်းကြီးရောဂါ ခွဲစိတ်ကုသသူဦးရေ ၆၀၀ ကျော်၊ အသံအိုးကင်ဆာဖြစ်ပွားသူ ၅၀၀ ကျော်၊ အာသီးရောင်ရောဂါ ခွဲစိတ်ကုသသူဦးရေ ၄၀၀ ခန့်နှင့် နားပြည်ယိုရောဂါဖြစ်ပွားသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း ပြင်ပလူနာဌာနတွင် လာရောက်ပြသသူဦးရေ စုစုပေါင်း ၅၉၀၀၀ ခန့်ရှိကြောင်း၊ အကြီးစားခွဲစိတ်မှု ၈၀၀ ကျော်၊ အသေးစားခွဲစိတ်မှု ၂၀၀၀၊ အရေးပေါ်လူနာ ၈၅၀၀ ကျော်ရှိကြောင်းနှင့် သေဆုံးသူဦးရေ ခုနစ်ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး (ရန်ကုန်)အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆေးနှင့်ဆေးပစ္စည်း ၀ယ်ယူရန် သိန်း ၄၀၀ ကျော်သုံးစွဲခဲ့ကြောင်းနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဆေးနှင့်ဆေးပစ္စည်း ၀ယ်ယူရန် ကျပ်သိန်း ၂၂၅၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး(ရန်ကုန်)ကို ၂၀၀၀ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ခုတင် ၁၅၀ ဆံ့ ဆေးရုံကြီးဖြစ်ကြောင်း သိရသည်။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...