စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မဖြစ်နိုင်တာလား မဖြစ်ချင်သေးတာလား



ဒီအဖြစ်အပျက်ကလေးကတော့ အင်ဂျင်နီယာ John Roebling က နယူယော့ခ်က ဘရွတ်ကလင်းတံတားကို တည်ဆောက်ခဲ့စဉ်က တကယ့်အဖြစ်အပျက်လေးပါ။

၁၈၇၀ ခုနှစ်မှာ နယူးယော့ခ်ကနေ ကျွန်းတစ်ကျွန်းကို သွားဖို့ တံတားထိုးဖို့ ကြံစည်မိပါတယ်။ သူဟာ အဲဒီတံတားကို ဆောက်လုပ်ဖို့ ပြင်ပေမယ့် ဘယ်သူကမှ ဒီတံတားဆောက်လို့ရမှာ မဟုတ်ဘူးလို့ ၀ိုင်းကန့်ကွက်ကြပါတယ်။ အဲဒီခေတ်တုန်းက သူဆောက်မယ့်တံတားရဲ့ အရှည်ဟာ အလွန်ရှည်လျားပြီးတော့ မဖြစ်နိုင်ဘူးလို့ပြောကြတဲ့အပြင် မြေသားအခြေအနေကလဲ တော်တော်ဆိုးရွားပါတယ်။

မကြာပါဘူး သူနဲ့ သူရဲ့ဟားဟာ သူတို့အိပ်မက်ဖြစ်တဲ့ ဒီတံတားကို စတင်ဆောက်လုပ်ကြပါတယ်။သူ့သားကတော့ ၀ါရှင်တန်လို့ခေါ်ပါတယ်။ တံတားဆောက်ရင်း ဂျွန်ဟာ ဆောက်လုပ်ရေးမှာ မတော်တဆဖြစ်ပါတယ်။ အားလုံးကလဲ အရူးသားအဖပေါ့ မဖြစ်နိုင်တာကို လျှောက်လုပ်နေတယ်ပေါ့။ တစ်ချို့ကလဲ ရေထဲကနေ လှေနဲ့သွားချင်ရင် ရတာကို လျှာရှည်တယ်ပေါ့။ဆေးရုံတက်နေရင်းနဲ့ ဂျော့ဟာ အလျော့မပေးဘဲ တံတားဆောက်ဖို့ကိုသာ အားသန်နေပြီးတော့ ရှိသမျှ ငွေအား လူအား စိုက်ထုတ်ပြိးတော့ ဆောက်လုပ်တာ ၁၃ နှစ်အကြာမှာတော့ တံတားကြီး လုံးဝပြီးစီးသွားပါတယ်။ မြို့သူမြို့သားတွေလဲ အလွန်လှပပြီး ရှည်လျားတဲ့ တံတားမို့ အံအားသင့်နေကြပါတယ်။ ယခင်က ၃ နာရီလောက်သွားခဲ့ရတဲ့ တစ်ဖက်ကမ်းကို တံတားကနေဆို ၁ နာရီလောက် မြင်းလှည်းနဲ့ သွားနိုင်တဲ့အတွက် အရမ်းအဆင်ပြေပါတယ်။

အဲဒီတံတားဟာ အခုထက်ထိ ရှိနေပြီးတော့ မပျက်စီးသေးတဲ့ ဂျွန်ရဲ့ အိမ်မက်တံတား ဘရွတ်ကလင်းတံတားအဖြစ် မားမားမတ်မတ် ရပ်တည်နေပါတယ်။

မောင်စိုင်း


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...