စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကင်းဝန်မင်းကြီး ဦးကောင်း ဆိုတာ


          
19 ရာစုနှောင်းပိုင်းမှာ ကျတော်တို့ မြန်မာ နိုင်ငံကြီးတစ်ခုလုံး သူများလက်ထဲ ထိုးအပ်လိုက် ရတဲ့ အခါ သမိုင်းဆရာတို့ က ဘာကြောင့် ဒီလို ဖြစ်ရတယ် ၊ ဘယ်သူ့ စနက်ပါတယ် ဆိုတာမျိုးတွေ ဆန်းစစ်လာကြပါတယ် ။ အဲသလို ဆန်းစစ်ရာမှာ ထင်ထင်ရှားရှား နဲ့ လူပြောအများဆုံး တစ်ယောက်ကတော့ ကင်းဝန်မင်းကြီးဦးကောင်း ပါပဲ ။ အဲဒီတော့ကာ မြန်မာနိုင်ငံကြီး သူ့ ကျွန်ဘ၀ ရောက်ခဲ့ ရတာ ဘယ်သူကြောင့် ၊ ဘယ် ၀ါကြောင့် ဆိုတာထက် လူတွေလက်ညှိးထိုးများတဲ့  ကင်းဝန်မင်းကြီး ဦးကောင်း အကြောင်းကို သေသေချာချာ သိချင်လို့ လေ့လာကြည့်တဲ့ အခါ .................................................................


ကင်းဝန်မင်ကြီး ဦးကောင်းဖြစ်လာမယ့် မောင်ချင်းကို အိမ်ခြေ ခုနှစ် အိမ်သာရှိတဲ့ "မုန်တိုင်ပင်ရွာ" မှာ 1822 ဖေဖော်ဝါရီလ 3 ရက် တနင်္ဂနွေနေ့ မှာ ဦးမှို ဒေါ်မယ်စိ ကနေမွေးဖွား ခဲ့ ပါတယ် ။အသက် ၇ နှစ်မှာ ရွာမြောက်ဘက် နှစ်မိုင်အကွာ မှာ ရှိတဲ့ ငှက်ပျောတောရွာက ဘုန်းတော်ကြီးဆီမှာ အပ်နှံ ပြီးပညာသင်စေခဲ့ တယ် ။ ၁၀ နှစ်မှာ သာမဏေ၀တ်တယ် ။ အဲဒီကနေ ပဒူးရွာကျောင်း ဦးဥတ္တမ ဆီကိုရောက်တယ် ။ အဲဒီမှာ ဦးဝိသုန္ဒ ( ဦးရန်ဝေး ) နဲ့ ဆရာတပည့် ဖြစ်လာတယ် ။ အသက် ၂၀ မှာ ငယ်ဆရာ ဘုန်းကြီးဆီပြန်ပြီး ရဟန်းပြုတယ် ။ 


ရဟတန်း ငါးဝါ အသက် ၂၅ နှစ်အရောက်မှာ အမရပူရ မင်းနေပြည်တော် ကိုရောက်လာတယ် ။မဟာဝိဇရာမ တိုက်ကို ၀င်တဲ့ အခါ မှာ ငယ်ဆရာ ဦးရန်ဝေးနဲ့ ပြန်တွေ့ တယ် ။ ပညာကိုဆက်လက်သင်ယူတယ် ။ ဦးဝိသုန္ဒရာမ ( ဦးရန်ဝေး ) က မင်းတုန်းမင်းနဲ့ ဆက်သွယ် ရပြီး မင်းတုန်းမင်းဆီ သီတင်းနေ့ တိုင်း နန်းတွင်းကိုကြွသွားရပြီး ဥပုဿ်သီတင်း သီလ ဆောက်ထည်ဖို့ သီလပေးရတယ် ။ နောက်ပိုင်းမှာ လူထွက်ပြီး မင်းတုန်းမင်းထံ အခစားရတော့ သူ့ တပည့် ဥပဇင်းမောင်ချင်း ( ဦးကောင်း ) ကိုလည်း မင်းတုန်းမင်းထံ လူဝတ်လဲ ပြီး အခစားဝင်စေတယ် ။ 

နန်းတွင်းအခစားဝင်နေစဉ်မှာ ကဗျာအရေးတဲ့ အခါ လျှင်မြန် ကောင်းမွန်လို့  မောင်ချင်းကနေ မောင်ကောင်း ဆို ပြီး ပြောလဲခေါ်ဝေါ် လာကြတယ် ။ အသက် ၂၈ နှစ် မှာ "နေမျိုးနရာစည်သူ" ဘွဲ့ရပြီး ဘဏ္ဍာစာရေး ခန့် အပ်ခြင်းခံရတယ် ။ အသက် ၃၀ မှာ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဆင်ကြန်သခင် နဲ့ ၀န်မင်း တို့ က လက်ထပ်စေတယ် ။ မင်းတုန်းမင်း ဘုရင် ဖြစ်တဲ့ အခါ မောင်ကောင်း ကို "မင်းလှသိင်္ခသူ" ဘွဲ့ ပေးတယ် ။ စစ်ကိုင်းနတ်ရွာသစ်ကြီး ကိုအပိုင်စားပေးတယ် ။ ပြီးတော့ ရွှေတိုက်စိုးခန့် တယ် ။ "တိဏ`္ဏုကဇာတ်" ကို ပျို့ ရေးပြီး ဆက်သလို့ ကျေနပ်တဲ့ အတွက် လွတ်တော် အမှာတော်ရေး ခန့် တယ် ။ ပခန်းကြီး စီရင်စု သပြေငါးရွာ ကိုစားရတယ် ။ အဲဒီနောက် လွတ်တော် စာရေးကြီး ဖြစ်လာတယ် ။ 

1858 ခုနှစ်မှာ "နေမိရကန်" ကိုရေးသားဆက်သွင်းတဲ့ အခါ အရေးသားတော်လွန်းလို့ လူတွေ ချီးမွှမ်းကြတယ် ။ နောက် မန္တလေး မြို့ တည်တဲ့ အခါ " မြို့ တည်စာတမ်း အချီ နိဒါန်း" ရေးသွင်းတဲ့ တော့ ဘုရင် ကအထူးကျေနပ် တာနဲ့ "မဟာမင်းကျော်စည်သူ"ဆိုတဲ့ ဘွဲ့ ရပြန်တယ် ။ 1860 ပြည့်နှစ်မှာ "စိတ္တုပတ္တိလေသ စာတမ်း" ကိုရေးတယ် ။ အဲဒီ စာတမ်းရဲ့ အဆက် "ဓမ္မေဇ မော်ကွန်း" ကို ဆက်ရေးသွင်းပြန်တယ် ။ "ခင်ပွန်းအတု ၁၆ ယောက် အကြောင်း" ရတုရေးပြန်တယ် ။

 ဦးကောင်း က အလုံမြို့ ဝန်အဖြစ် အလုံမြို့ ကိုရောက်နေစဉ် မှာ အသက် ၂၈ နှစ် အရွယ် ရှိတဲ့ မရွှေမယ် နဲ့ ထပ်ပြီး အကြောင်းပါပြန်တယ် ။ 1865 မှာ တောင်ငူ ရမည်းသင်း နှစ်မြို့ ဝန်ဖြစ်လာတယ် ။ 1866 မြင်ကွန်း မြင်းခံတိုင် တို့ ပုန်ကန်တဲ့ အရေးခင်းအပြီးမှာ "မဟာစည်သူဘွဲ နဲ့ ၀န်ထောက်ရာထူး" တိုးမြှင့် ခန့် ထားတာ ခံခဲ့ ရတယ် အရေးတော်ကြီးတဲ့ အခါ ကျောက်စာလုံးကင်း ၊ မင်းကွန်းကင်း ၊ စမ`္ပာယ်နဂိုရ်ကင်း စတဲ့ ရေကင်းတွေ ၊ ဆင်ကြန်ကင်း ၊ မြောက်ဦး ကင်း ၊ လေသာကင်း ၊မြစ်ဆိပ်ကင်း ၊ နတ်ထိပ်ကင်း ၊ ရှောင်ကဗွေကင်း စတဲ့ ကင်းတွေ ကိုထိမ်းရတဲ့ "ကင်းဝန်ရာထူး" ခန့်ထားခြင်းခံ ရတယ် ။ အသက် ၇၀ အရွယ် ရှိပြီဖြစ်တဲ့ ဆင်ကြန်သခင်ကွယ်လွန်တဲ့ အခါ အလုံမြို့ သူ မရွှေမယ် ကပွဲတက်မယားဖြစ်လာခဲ့ တယ် ။


1868 ခုနှစ်မှာ "အဍသံခိပ် ဓမ္မသတ် လင်္ကာ" ၇၂ ပုဒ် ကိုရေးတယ် ။ အင်္ဂလိပ် မြန်မာ နယ်စပ် မင်းလှမှာ သွားရောက် နေထိုင်ပြီး "အောက်မြစ်စဉ်ဝန်" ဖြစ်လာတယ် ။ 1871 ခုနှစ်မှာ ၀န်ကြီး ရာထူးတိုးမြှင့်ခြင်းခံ ရပြီး အင်္ဂလန်ကို သန်တမန်အဖြစ်စေလွတ်ခြင်း ခံရ တယ် ။ ခရီးသွားမှတ်တမ်းတွေ ရေးခဲ့တယ် ။ အဲဒီ နောက်မှာ "အဂ္ဂမဟာသေနာပတိဝန်ရှင်တော်မင်းကြီး" ဆိုပြီး ထင်ရှားလာတယ် ။ ဇာတိရပ်ရွာဖြစ်တဲ့ မုန်တိုင်ပင်ရွာကို "မင်းတိုင်ပင်" ရွာဆိုပြီးပြောင်းလွှဲ ခေါ်ဝေါ် လာကြတယ် ။ သံကြီးတမန်ကြီး အဖြစ် အင်္ဂလန် ၊ ပြင်သစ် ၊ အီတလီ နိုင်ငံတွေ ကို ရောက်ရှိခဲ့ ပြီး 1873 မှာ မြန်မာနိုင်ငံ ကိုပြန်ရောက်လာတဲ့ အချိန်မှာ "သတိုးမင်းကြီးမဟာစည်သူ" ဆိုတဲ့ ဘွဲ့ ထပ်တိုးလာပြန်တယ် ။ စစ်သည်တော် ငါးသောင်းကျော်ကို ကြီးမှူးရတဲ့ သေနပ်ဝန်ခန့် ထားခြင်းကို ခဲ့ ရတယ် ။


1857 ခုနှစ်မှာ လယ်ကိုင်း မြို့ ကိုစားရတယ် ။ သီပေါမင်း နန်းတက်လာတဲ့ အခါ ဦးကောင်းကို "မင်းသတိုး သုဓမ္မမဟာအသက်တော်ရှည်" ဆိုတဲ့ ဘွဲ့ ကိုပေးတယ် ။ ကင်းဝန်မင်းကြီး ဟာ သူရေးသား ခဲ့ ဖူးတဲ့ "အဍသံခိပ် ဓမ္မသတ်အလင်္ကာ" ကို အကျယ်ချဲ့ ပြီး "အဍသံခေ ဓမ္နသတ်" ဆိုပြီး ပြန်ရေးတယ် ။ သီပေါမင်းပါတော်မူပြီး နောက် ပိုင်း အင်္ဂလိပ် တို့က အုပ်ချုပ်ရေးမှာ တိုင်ပင်ခံ အဖြစ်ခန့် ထားပြီး အငြီမ်းစားလစာပေးကာ အနားယူစေတယ် ။ ဦးကောင်းဟာ 1893 ခုနှစ်မှာ မင်းကြီး ဘာဂျက် ( Burgess ) ကတောင်းဆိုလို့ ဓမ္မသတ် ၃၆ စောင်ထွဲ ကိုရေးသားပေးခဲ့ ပြီး 1908 ခုနှစ် ဇွန်လ 30 ရက်နေ့  အသက် ၈၆ နှစ် မှာ ကွန်လွန်ခဲ့ပါတယ် ။

" ဦးကောင်း လိမ်ထုတ် မင်းဆက်ပြုတ်" ဆိုပြီး နာမည်ဆိုးနဲ့ နောက်ပိုင်းလူသိများတဲ့ ကင်းဝန်မင်းကြီး ဦးကောင်းဟာ မြန်မာနိုင်ငံကြီး သူ့ ကျွန်ဘ၀ ရောက်ရတဲ့ အဓိက တရားခံဟုတ်မဟုတ်တော့ မပြောတတ် ။ ဒါပေမယ့် သူ့ ခေတ်သူ့ခါ ကတော့ ကြီးကျယ် ထင်ရှားပြီး နိုင်ငံတော်မှာ အရေးပါတဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်ခဲ့ တာကတော့ သေချာလှပါတယ် ။

မှတ်ချက် ။ ။ ဒေါက်တာသန်းထွန်း ရဲ့  "ဘယ်သူ့ ကြောင့် ဒီလိုဖြစ်ရပါသလဲ"
ဆောင်းပါးမှ ကောက်နုတ်တင်ပြပြီး ဓာတ်ပုံကို Myanmar Historical Archive မှ ကူးယူဖော်ပြပါတယ် ။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...