စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၆ လအရွယ် ကလေးငယ်များကို အသားကျွေးသင့်


                        
ကနေဒါ ကျန်းမာရေး အဖွဲ့အစည်း တစ်ခုက အသက် ၆ လအရွယ် မွေးစ ကလေးငယ်များဟာ ကြက်သား၊ ဘဲသား၊ အသား၊ ငါးတို့ကို စားသုံးခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ကြေညာလိုက်ပါတယ်။

ကနေဒါ ကလေးအထူးကု ဆရာဝန်များ အသိုင်းအဝိုင်း၊ ကနေဒါ အစား အသောက် ပညာရှင်များ၊ ကနေဒါ မိခင်နို့တိုက်ကျွေးရေး ကော်မတီတို့မှ မိဘများအား မြောက်အမေရိကန် ထုံးထမ်းစဉ်လာကို ဆန့်ကျင်ပြီး ကလေးငယ်များရဲ့ သံဓာတ်ရရှိမှုကို တိုးမြှင့်ဖို့ လမ်းညွှန်လိုက်ပါတယ်။

၆ လအရွယ် မွေးစကလေးငယ်များကို တစ်နေ့လျှင် နှစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်ပိုပြီး သံဓာတ်ကြွယ်ဝသော အစားအစာများကို ကျွေးရမယ်လို့ သိရပါတယ်။

အသား၊ ငါး၊ ကြက်သား၊ ဘဲသားတို့ကို နေ့စဉ် အလှည့်ကျ ကျွေးပေးရမှာ ဖြစ်ပါတယ်။ အသား အစားထိုးအဖြစ် တို့ဟူးကိုလည်း ကျွေးနိုင်ကြောင်း သိရပါတယ်။ ထိုအဖွဲ့ကြီးမှ မိခင်များသည် ကလေးငယ် အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရမှာ ဖြစ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားထားပါတယ်။

ဇင်မာမြင့်
Ref : UPI

Royal Hero Media

https://www.facebook.com/royalheromedia


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...