စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရေကြောင့်ဝနေသူများအတွက် ရေအလေးချိန်လျော့ချနည်း ?

                    

အမျိုးသမီးတော်တော်များက ရေကြောင့်ဝတတ်ကြပါတယ်။ ဟိုမုန်းဆေးများကြောင့် သော်လည်းကောင်း၊ လစဉ် menstruation မတိုင်ခင်မှာလဲ ရေအလေးချိန် ၅ပေါင်လောက်အထိ တက်တတ်ပါတယ်။ unhealthy diet ကြောင့်သော်လည်းကောင်း၊ နေထိုင်း မကောင်းရင် လဲ ကိုယ်ခနာထဲမှာ ရေဖောတတ်ပါတယ်။

ခနာကိုယ်မှာ ရေဓါတ်များလာရင် ခြေလက်တွေ ယောင်ခြင်းနဲ့ အလေးချိန် ရုတ်တရက်တတ်လာခြင်း ကျသွားခြင်းများကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ တချို့က water retention ကို ရောဂါတစ်ခုလိုဖြစ်ကြပါတယ်။

တချို့ကတော့ အစားအသောက် အနေအထိုင်ကို ပြောင်းလဲပြီး ရေဓါတ်လျော့ကျစေတဲ့ ဆေးတွေ သောက်တာတွေလဲရှိပါတယ်။ အစားအစာတွေ ဖြစ်တဲ့ အဆီထုတ်ပြီးသား နို့ထွက်ပစည်းများ၊ အသားများ၊ ကောက်နှံများ၊ အသီးနှံများ… ကလဲ ခနာကိုယ်မှ ရေဓါတ်ကို သဘာဝအတိုင်း လျော့ကျစေပါတယ်။

အောက်ပါ အစားအစာတချို့ ကလဲ မလိုအပ်တဲ့ ရေဓါတ်လျော့ကျစေဖို့ ကူညီနိုင်ပါတယ်။
----------------------------------------------

၁။ ငှက်ပျော်သီး၊ မက်မွန်သီး၊ ထောပတ်သီး နှင့် စပျစ်သီးခြောက် စသည့် အစားများထဲမှာ potassium များစွာပါဝင်တဲ့အတွက် body water level ကို ညှိပေးပါတယ်။

၂။ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ နှင့် သစ်စေ့များ ကွေကာအုပ်၊ ပေါင်မုန်အကြမ်း ၊ ဆန်ကြမ်းတို့မှာလဲ Magnesium ဓါတ်များစွာပါဝင်လို့ ရေဖောခြင်းများ မဖြစ်အောင် အထောက်အကူပြုပေးပါတယ်။

၃။ ဒိန်ချဉ်ကလဲ အစာခြေဖျက်မှုမှာကူညီတဲ့အတွက် water retention level ကိုလျော့နည်းစေဖို့ ကူညီပေးပါတယ်။

၎။ ဂျင်း ရည် နှင့် လက်ဖောက်ခြောက်ရည်ကလဲ ကျန်းမာရေးအတွက် အလွန်အဖိုးတန်သလို water retention အတွက် ရေဓါတ်ကို ထိန်းညှိပေးပါတယ်။

ခနာကိုယ်မှာ မလိုအပ်တဲ့ ရေတွေ သိုလှောင်ဖို့ အားပေးတဲ့ အစာအစားများကတော့
--------------------------------------
၁။ ရေခဲအလွန်အကျွံခဲထားသော အစားအစာများ၊ ဆားများတဲ့ အစားအစာများ၊ အသင့်စားရန် ထုတ်လုပ်ထားသော အာလူကြော် ၊ ဆီကြော် ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ အသင့်စား စီသွပ်ဗူးများ စသောအစာများထဲမှာ ဆားဓါတ်အလွန်အကျွံပါရှိပါတယ်။

၂။ သကြားအလွန်အကျွံစားသောက်ခြင်းကလဲ အင်ဆူလင် ပမာဏ မြင့်တတ်တာကြောင့် ခနာကိုယ်မှာ လိုအပ်တဲ့ ဆားဓါတ်ကို ပါ မြင့်တတ်စေပါတယ်။ ဒါကြောင့် ကိတ်၊ အချိုသရေစာများ သကြားလုံး၊ ရေခဲမှုန့် နှင့် ဆော်ဒါပါသော အချိုရည်များ စားသောက်ခြင်းကို ထိန်းချုပ်ပါ။

ကုသနည်းကတော့
--------------

ချွေးများများထွက်စေသော လေ့ကျင့်ခန်းများလုပ်ခြင်း၊ တစ်ပတ် ၃ကြိမ် ၄ကြိမ် ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်း အားဖြင့် ကျန်မာသော ခနာကိုယ်ကို ပြန်လည်ရရှိနိုင်ပါတယ်။

ရေများများသောက်ခြင်းကလဲ မလိုအပ်တဲ့ ဆားဓါတ်များကို စွန့်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။

အဆီချလိမ်းဆေးတွေကလဲ ခနာကိုယ်က ရေဓါတ်ကို ထုတ်ပေးပါတယ်။

ချွေးထုတ်ပေါင်းတင်ခြင်းများ နှင့် hot blanket များကလဲ ရေနဲ့ အညစ်အကြေများကို အလျှင်အမြန်ထုတ်ပစ်နိုင်ပါတယ်။

မလိုအပ်တဲ့ ရေဓါတ်များလျော့ကျသွားခြင်းအားဖြင့် အလေးချိန်နဲ့ ကိုယ်ခနာ အရွယ်အစားကို ပါပြောင်းလဲနိုင်တာကြောင့် ၀ိတ်မတတ်အောင်ပါ ထိမ်းထားနိုင်ပါတယ်။

အားလုံး ရွှင်ပြုံးနိုင်ကြပါစေ။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...