စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သံဓာတ်အားနည်းခြင်း အကြောင်း



သံဓာတ်အားနည်းခြင်း ( Iron deficiency ) ဆိုတာက သာမန် ခန္ဓာကိုယ်ပုံမှန်မဖြစ်ခြင်းကြောင့် ၊ စားတဲ့အစားအစာမှ သံဓာတ်မပါဝင်ခြင်းကြောင့်နှင့် အတွင်းသွေးထွက်ခြင်းကြောင့် ဥပမာ အစာအိမ် ( သို့မဟုတ် ) အူတွင် သွေးထွက်ခြင်းကြောင့်ဖြစ်သည်။ သံဓာတ်အားနည်းခြင်းကြောင့် ဖြူဖတ်ဖတ်ဖြစ်ခြင်း ( သို့ ) သွေးကျဲခြင်းဖြစ်ပေါ်စေပါတယ်။ ဖြူဖတ်ဖတ်ဖြစ်ခြင်းက ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် မဖွံ့ဖြိုးသေးသောနိုင်ငံများတွင် တွေ့ရများသည်။ ဖွံ့ဖြိုးပြီးနိုင်ငံ မှာကျတော့ ရာသီလာနေသေးသော ၄ - ၈% အမျိုးသမီးတွေမှာတွေ့ရပါတယ်။ ရာသီလာတာများခြင်း၊ ကိုယ်ဝန်ဆောင်နေစဉ် ကလေးနို့တိုက်ကာလအတွင်းတွင် သံဓာတ်ကို သာမှန်ထက်ပိုလိုအပ်နေပါတယ်။ ရာသီဆုံးပြီးသွားသော အမျိုးသမီးတွေထက် ရာသီလာနေသော အမျိုးသမီးတွေက သံဓာတ်ပိုချို့တဲ့ပါတယ်။

သံဓာတ်အားကောင်းတဲ့အစားအစာ
------------------------
သံဓာတ် ( Iron ) ကို ခန္ဓာကိုယ်မှ ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းမရှိပါ။ ထို့ကြောင့် ကိုယ်စားမည့် အစားအစာများမှ သံဓာတ်လုံလောက်စွာ ရရှိရမှာပါ။ သံဓာတ်ကြွယ်ဝသော အစားအစာများကတော့ - အသား၊ ပင်လယ်စာ၊ ငါး၊ ဘဲသား၊ ကြက်သား၊ အသဲ၊ အရွက်၊ ဥအနှစ်၊ နို့၊ ဟင်းသီးဟင်းရွက်ထဲမှကြတော့၊ အရွက်စိမ်းသော ဟင်းသီးဟင်းရွက်များ၊ ပဲနီ၊ ပဲမဲတို့ပဲဖြစ်ပါတယ်။
အူမှ သံဓာတ်ကိုစုတ်ယူမှာပါ။ အသားမှ သံဓာတ်က ဟင်းသီးဟင်းရွက်မှ သံဓာတ်ထက်အများကြီး ပိုစုတ်ယူလို့လွယ်ပါတယ်။ နောက် သံဓာတ်ကို အစာချေချိန်မှာ acid ဓာတ်များရင် ပိုစုတ်ယူလို့လွယ်ပါတယ်။ ( ဒါကြောင့် acid လျှော့ဆေး၊ အစာအိမ်ဆေးတွေက သံဓာတ်စုတ်ယူခြင်းကို အားနည်းစေပါတယ်။ Vutamin C, Vitamin ပေါကြွယ်ဝသောအစားအစာများက သံဓာတ်စုတ်ယူခြင်းကို လွယ်ကူစေပါတယ်။ စုတ်ယူပြီးသွားသော သံဓာတ်များကို တချို့တ၀က်က အလုပ်လုပ်ဖို့ပါ။ တချို့တ၀က်က အသဲ၊ အရွက်နှင့် ချဉ်ဆီတို့တွင် သိမ်းထားပြီး ပိုသွားတဲ့ သံဓာတ်ကိုတော့ အသဲနှင့် ကျောက်ကပ်မှ တဆင့်စွန့်ပစ်ပါတယ်။

သံဓာတ်၏အကျိုး
------------------------
သံဓာတ်၏ အဓိကအလုပ်က သွေးဥနီ၏အစိတ်အပိုင်းဖြစ်ခြင်းပါ။ သူ့တာဝန်က အောက်စီဂျင်ကို အဆုတ်နှင့် တခြားခန္ဓာကိုယ်အနံ့cell ဆီသို့ ပို့ရတာပါ။ ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိသောဆဲလ်တွေ အလုပ်လုပ်နိုင်ဖို့အတွက် သံဓာတ်က ကူညီရပါတယ်။ သွေးဥနီတွေ ထုတ်လုပ်ဖို့ ချဉ်ဆီအတွက် သံဓာတ်က မရှိမဖြစ်ပါ။ ဒါကြောင့် သံဓာတ်ချို့တဲ့ရင် သွေးအားနည်းခြင်းကိုဖြစ်ပေါ်စေပါတယ်။ သံဓာတ်၏ အခြားအလုပ်က ရောဂါကာကွယ်ရေးစနစ်ကို မြင့်တင်စေပြီး နားလည်ခြင်းနှင့် မှတ်ညဏ်ဦးနှောက်ဆဲလ် ( Cognitive development ) ဖွံ့ဖြိုးစေပါတယ်။

သံဓာတ်ဆိုးကျိုး
------------------------
ဆိုးကျိုး ( သို့ ) side effect တွေကတော့ ခန္ဓာကိုယ်အတွင်း သံဓာတ်လိုတာထက်များနေရင် အသက်အန္တရာယ်အထိ စိုးရိမ်ရပါတယ်။ side effect က အစာလမ်းကြောင်း၊ အစာအိမ်အူအတွင်း သွေးထွက်တက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ဗိုက်နာ၊ ခေါင်းကိုက်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ အားန်းခြင်းဈ မူးခြင်း၊ ကိုယ်အလေးချိန် လျော့ကျလာခြင်း၊ အသားအရေ အရောင်ပြောင်းခြင်း၊ ခုခံအားကျဆင်းခြင်း၊ ရောဂါများရလွယ်ခြင်း၊ auto immune၊ cancer ရောဂါများ ရနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း စုဆောင်းထားသော သံဓာတ်အလွန်အကျွံများနေလျှင် ချဉ်ဆီ၊ အသဲ၊ နှလုံး၊ ကျောက်ကပ်၊ အဆုပ်နှင့် ဦးနှောက်တို့ရဲ့ အလုပ်လုပ်တာကို အနှောက်အယှက်ဖြစ်စေပါတယ်။ အားနည်းလာမယ်၊ ဖြူဖတ်မယ်၊ နှလုံးခုန်မမှန်ခြင်း၊ ခန္ဓာကိုယ်စိမ်းလာမယ်။ တက်ခြင်း၊ အသဲ၊ ကျောက်ကပ်ပျက်စီးလာပြီး အသက်ဆုံးရှုံးလာနိုင်ပါတယ်။ ဒါကြောင့် အထူးသဖြင့် ကလေးတွေကော လူကြီးပါ ဆရာဝန်များနှင့် မတိုင်ပင်ပဲ သံဓာတ်အားဆေးကိုယ်တိုင် မသောက်သုံးသင့်ပါ။

ခန္ဓာကိုယ်မှ လိုအပ်သော သံဓာတ်ပမာဏကို အလုံအလောက်မရခြင်း
----------------------------------------------

သံဓာတ်များကုန်ဆုံးခြင်း၊ လျှော့ကျခြင်းအကြောင်းအရင်းကတော့
စားနေတဲ့အစားအစာများမှ သံဓာတ်အလုံအလောက်မရရှိခြင်း၊ တချို့အခြေအနေတွင် ခန္ဓာကိုယ်က သံဓာတ်ကို ပိုမိုလိုအပ်နေခြင်း

ခန္ဓာကိုယ်တွင် သံဓာတ်မလုံလောက်မှုကတော့
----------------------------------
a. သံဓာတ်မပါဝင်သော အစားအစာစားသုံးခြင်း ဥပမာ အသားမစားခြင်း
b. တချို့ရောဂါကြောင့် သံဓာတ်စုပ်ယူမှုအားနည်းခြင်း ဥပမာ - အစာအိမ်ရောဂါ၊ အူရောဂါ၊ အစာအိမ်အတွင်း acid ဓာတ်လျှော့နည်းခြင်း ( Achlorhydria ) auto immune ရောဂါ
c. တချို့ဆေးဝါးများက သံဓာတ်စုပ်ယူမှုကို အားနည်းစေတယ်။ ဥပမာ - အစာစားပြီးချက်ချင်း calcium ဆေးသောက်သုံးခြင်း၊ အစာအိမ်ဆေးများ၊ acid လျော့နည်းစေသောဆေးများ။
d. သံဓာတ်မစုတ်ယူဖို့သောက်စရာ၊ စားစရာများ များများစားမိခြင်း၊ လက်ဖက်ရည်၊ coffee သံဓာတ်ပုံမှန်ထက်လိုအပ်ခြင်း၊ ခန္ဓာကိုယ်ကြီးထွားချိန်၊ ကိုယ်ဝန်ထဲမှ ကလေးနှင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး၊ ကလေးနို့တိုက်ချိန်ကာလ၊ သွေးထွက်ခြင်း၊ အစာအိမ်၊ အူအတွင်းသွေးထွက်ခြင်း၊ သံကောင်ရှိနေခြင်း၊ ရာသီလာသောအမျိုးသမီး၊ သွေးဆုံးပြီးအမျိုးသမီးများ မွေးလမ်းကြောင်းမှ သွေးထွက်တက်သူတို့ဖြစ်သည်။
 


သံဓာတ်ချို့တဲ့နိုင်တဲ့သူတွေကတော့
- ကိုယ်ဝန်ဆောင်နှင့် ကလေးနို့တိုက်သောအမျိုးသမီးများ
- ကိုယ်ဝန်ထဲမှ ကလေးနှင့် ကလေးအရွယ်
- ရာသီအလာများသောအမျိုးသမီး
- လိပ်ခေါင်းရောဂါဖြစ်သူများ
- အစာလမ်းကြောင်းရောဂါရှိသူများ - အူ၊ အူမရောင်ရောဂါများရှိသူ
သံဓာတ်ချို့တဲ့သော လက္ခဏာများ
- ဖြူဖတ်ဖတ်ဖြစ်နေခြင်း
- အားနည်းခြင်း၊ မောလွယ်ခြင်း၊ မူးဝေခြင်း
- ဦးနှောက် အာရုံကြော အားနည်းလာခြင်း
- ရောဂါကူးဆက်မှုမရှိပဲ လျှာရောင်ခြင်း
- ဆံပင်ကျွတ်ခြင်း
- အရသာထူးဆန်းတာကို စားခြင်း
သံဓာတ်အားနည်းနေသည်ကို ဘယ်လိုစစ်ဆေးမလဲ
- လူနာရဲ့ စားသောက်ပုံစံကိုမေးမြန်းခြင်း
- CBC သွေးစစ်ဆေးခြင်း၊ သွေးထဲမှ သံဓာတ်နှင့် အခြားဓာတ်ရှာဖွေစစ်ဆေးခြင်း
- သံကောင်၊ သံဥရှိမရှိ မစင်ကို စစ်ဆေးခြင်း
- ချဉ်ဆီကို စစ်ဆေးခြင်း

သံဓာတ်ချို့တဲ့ရင် ကုသတဲ့နည်းလမ်း
------------------------
သံဓာတ်အားဆေးတိုက်ကျွေးခြင်း၊ ဆေးထိုးခြင်း၊ ရောဂါနှင့် ခန္ဓာကိုယ်အခြေအနေကိုကြည့်ပြီး ကုသပေးခြင်း၊ သံဓာတ်ကြွယ်ဝသော အစားအစာစားစေခြင်း၊ သန်ကောင်ကြောင့်ဆိုရင် သန်ဆေးတိုက်ကျွေးခြင်း၊ ရာသီမမှန်ခြင်း ရာသီများခြင်းဆိုရင်တော့ ပုံမှန်ဖြစ်အောင် ကုသခြင်း၊ အရမ်းဖြူဖတ်အားနည်းရင်တော့ လိုအပ်ရင် သွေးသွင်းရမှာပါ။

ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်မလဲ
------------------------
ကိုယ့် ခန္ဓာကိုယ်သံဓာတ် မလျှော့နည်းရအောင် သံဓာတ်ပါသော အစားအစာစားရမှာပါ။ တကယ်လို့ သံဓာတ်ချို့တဲ့နေတယ်ထင်ရင် ဆရာဝန်ဆီမှာသွားပြပြီး တိုင်ပင်ပါ။ အထက်ဖော်ပြပါ အချက်တွေ ကိုယ့်မှာဖြစ်နေတယ်ဆိုရင် ဆာရသန်ပြပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဆေးသောက်သုံးပါ။

- ဆေးကို မပျက်မကွက်ပဲသောက်ပါ။
- ထမင်းနပ်တိုင်း သံဓာတ်ပြည့်ဝသော အစားအစာစားပါ။ တခြားအာဟာရဓာတ်လည်းစားပါ
- ရောဂါရှိရင် ပျောက်ကင်းအောင် ကုသပါ။
- သံဓာတ်ကြောင့် ဘေးထွက်ဆိုးကျိုးမဖြစ်ဖို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပါ။ ကိုယ်တိုင်ဝယ်မသောက်ပါနှင့်
- အခြေအနေမကောင်းလာရင် ဆရာဝန်နှင့် ချိန်းရက်မတိုင်ခင် ပြန်သွားတွေ့ပါ။
သံဓာတ်မချို့တဲ့အောင် ကာကွယ်နည်းလမ်း
- အာဟာရဓာတ်ပြည့်ဝအောင်စားပါ။ အထူးသဖြင့်သံဓာတ်
- အထက်မှာ ပြောပြထားတဲ့ ရှောင်သင့်တာရှောင်ပါ။
- ဖော်ပြချက်အတိုင်းဖြစ်ခဲ့ရင် ဆရာဝန်နဲ့ပြပါ။
- ကလေးငယ်များကို သံဓာတ်မချို့တဲ့အောင် ဆရာဝန်ချိန်းဆိုထားတဲ့အတိုင်းပြသပါ။
သန့်ရှင်းမှုကို သေချာစွာလုပ်ပါ။ ဒါမှလည်း သန်ကောင်တွေမရှိဖို့အတွက်ပါ


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...