စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆံပင် ထူထဲ လှပစေမည့် အစာအစားနည်းများနှင့် သဘာဝ နည်းများ


              

ခေါင်းလျှော်ရည်နဲ့ မတည့်တာကြောင့်၊ အသုံးပြုတဲ့ ဆံပင်သုံး ပစ္စည်း တွေထဲက ဓာတုပစ္စည်း တွေကြောင့် စတဲ့ အကြောင်းတွေကြောင့် ဆံပင်တွေ ကျဲပါး လာတတ်ပါတယ်။ ဆံကေသာ ကျန်းမာရေး အတွက် နေ့စဉ် စားသောက်တဲ့ အစားအသောက် တွေကလည်း အရေးပါ နေပါတယ်။ ဒါကြောင့် ဆံပင်သား ထူထဲ လှပအောင် အစာစားရာမှာ လိုက်နာသင့်တဲ့ နည်းတွေကို အကြံပြု လိုက်ပါတယ်။

၁) ဆယ်လ်မွန်ငါး များများ စားပါ

ဆယ်လ်မွန်ငါးနဲ့ ဆာဒင်းငါးတွေလို အိုမီဂါသရီး များများပါတဲ့ အစားအစာ တွေကို စားပေးတာက ဆံပင်သားကို တောက်ပ စေပါတယ်။ တကယ်လို့ အိုမီဂါ သရီးပါတဲ့ အစာကို မစားဖြစ်ရင် အိုမီဂါသရီး ဖြည့်စွက် ဆေးကို မှီဝဲ ပေးသင့်ပါတယ်။

၂) ဗီတာမင်ဘီ ပါဝင်သော အစာ မှီဝဲပါ

အခွံချွတ် မထားတဲ့ ဆန်လုံးညိုမှာ ဗီတာမင်ဘီ ပေါများစွာ ပါဝင်တာကြောင့် ဆံပင် အကျွတ်များ နေသူတွေမှာ ဆံပင်ကျွတ်နှုန်း နှေးစေပြီး ဆံပင် ပြန်ပေါက် စေနိုင်ပါတယ်။ တခြား ဗီတာမင်ဘီ ပေါများစွာ ပါဝင်တဲ့ အစားအစာတွေက ပဲအမျိုးမျိုး၊ ပဲသီးစိမ်း၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ပဲပိစပ်၊ ပဲပုပ်ပဲ၊ အခွံမာသီးနဲ့ ဥအမျိုးမျိုး တို့ပဲ ဖြစ်ကြပါတယ်။

၃) ထောပတ်သီး စားပါ

ထောပတ်သီးနဲ့ ထောပတ်ဆီတွေက ဆံခြည်မျှင် အိတ်တွေ ထိခိုက် ပျက်စီးမှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။

၎) တိရစ္ဆာန်ထွက်အဆီ မစားပါနှင့်

အနီရောင် အသားနဲ့ တိရစ္ဆာန် အဆီတွေက ဆံပင်သား ကျန်းမာရေး အတွက် မသင့်တော်ပါဘူး။ ဒီအစာ တွေကို စားရင် ဆံပင်သားကနေ DHT(dihydro-testosterone) ထုတ်လုပ်မှု များစေပြီး ဆံခြည်မျှင် အိတ်တွေကို ထိခိုက်စေ နိုင်တာကြောင့် ဆံပင်ကျွတ် စေပါတယ်။ ဒါကြောင့် တိရစ္ဆာန်ထွက် အဆီတွေကို တတ်နိုင်သမျှ ရှောင်ပါ။

၅) လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ

လက်ဖက်စိမ်း လက်ဖက်ရည်ကို သောက်တာက ဦးရေပြားရှိ ဗောက်ဖြစ်စေတဲ့ မှိုတွေကို သေစေ နိုင်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ဆံပင်ကျွတ်နှုန်းကိုလည်း နှေးစေတဲ့ အစွမ်းရှိတာကြောင့် နေ့စဉ်မှန်မှန် သောက်ပေးသင့်တာ ဖြစ်ပါတယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...