စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆွမ်းတော်ချက်စဉ် အပေါ့-အငန် မြည်းကောင်းသလား"


 

မေး>>>ဘုရားနှင့် သံဃာတော်တွေကိုဆွမ်းကပ်ဖို့ ဆွမ်းတော်ချက်နေရင် တပည့်တော်ဘယ်တော့မှအပေါ့အငန်မမြည်းရဲဘူး၊ဗိမ္မိသာရမင်းကြီးရဲ့ဆွေမျိုးပြိတ္တာတွေလိုဖြစ်မှာစိုးလို့ဘုရား၊ တပည့်တော်တို့ ဆွမ်းတော်ချက်နေတုန်း အပေါ့အငန်မြည်းကောင်းပါသလားဘုရား”

ဖြေ>>> ဗိမ္မိသာရမင်းကြီး၏ ဆွေမျိုးပြိတ္တာတို့သည် လူဘ၀တုန်းက ဘုရားရှင်နှင့် သံဃာ တို့မဘုဉ်းပေး ရသေခင် စားဦးစားဖျားတို့အား “တခဏတနပ်စာ ဗိုက်ဝဖို့အတွက် ဆိုးယုတ်သောဆန္ဒကို မတားဆီးပဲ စိတ်အလိုကိုလိုပ်မိပြီး စားသောက်ခဲ့ကြသည့်အတွက် အလွန်ရှည်ကြာသော ကာလများတိုင်အောင် ငရဲဆင်းရဲ၊ပြိတ္တာဆင်းရဲကို ကျရောက်ခံစားကြရခြင်းပင်ဖြစ်ပါတယ် ” ယခုခေတ်သံဃ ဒါနဆွမ်းလောင်းအသင်းများနှင့် အလှုအတန်းများတွင် ဆွမ်းချက်ကြသည့် ဒကာ၊ဒကာမတို့အတွက် ထိုပြိတ္တာတို့၏ အဖြစ်အပျက်မှာ သတိထားစရာပင်ဖြစ်ပါတယ်။

ဗိမ္မိသာရမင်းကြီး၏အတိတ်ဘ၀ကဆွေမျိုးများငရဲကျ၊ပြိတ္တာဖြစ်ရခြင်းမှာ ဆွမ်းဟင်းချက်နေ စဉ် “အပေါ့၊အငန်”မြည်းသောကြောင့် လုံးဝမဟုတ်ပဲ ဘုရားရှင်နှင့် သံဃာတော်တို့မဘုဉ်းပေးရေ သးခင် စိတ်စေတနာဆိုးဖြင့် စားသောက်ကြသောကြောင့်သာဖြစ်ပါတယ်။ ထို့ကြောင့် ဆွမ်းဟင်းချက်စ ဉ် သံဃာတော်တို့ အရသာရှိစွာ ဘုဉ်းပေးနိုင်ကြရန် “အစပ်အဟတ်တည့်မတည့်၊ အပေါ့အငန်” မြည်းခြင်းမှာ မည်သည့်အကုသိုလ်မှ မဖြစ်ပါပေ။ အကုသိုလ်အဖြစ်သည့်အပြင် သံဃာတော်အ ရှင်မြတ်များ အရသာရှိရှိဘုဉ်းပေးရစေဖို့ဆိုသော ကောင်မြတ်မွန်မြတ်သော စေတနာဇောအဟုန်ကြောင့် ကုသိုလ်တရားပင်ဖြစ်ထွန်းစေပါသည်

ဓမ္မဝီရ အရှင်တေဇနိယ


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...