စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျရှုံးမှာ ကြောက်တဲ့ ရောဂါ - Atychiphobia



Atychiphobia လို့ခေါ်တဲ့ ကျရှုံးမှာ ကြောက်တဲ့ ရောဂါ (Fear of failure) ဟာ လူအချို့မှာ ရှိနေပါတယ်။ ဒါကို သူတို့တွေ မသိကြ ပါဘူး။

ရောဂါရှိသူက ယခုလို ပြုမူပါတယ်။ ဥပမာ လုပ်ငန်းကိစ္စ တစ်ခု အောင်မြင် ရန် ၅၀ ရာခိုင်နှုန်း၊ ကျရှုံးရန် ၅၀ ရာခိုင်နှုန်း ဖြစ်နေချိန် မှာ နောက်ဆုပ်သွား တတ်ပါတယ်။ အချို့ဆိုရင် အောင်မြင်ဖို့ ၉၀ ရာခိုင်နှုန်းလောက် သေချာနေ ရင်တောင် နောက်ဆုပ်သွားပါတယ်။ အဓိကကတော့ Risk မယူရဲတာပါ။ ဒါကတော့ ကျရှုံးမှာ ကြောက်တဲ့ ရောဂါ လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ်။ ကျရှုံးမဲ့ ဒဏ်၊ စိတ်ခံစားချက်ကို မခံစားလိုပဲ အမြဲ ရှောင်တိမ်း ထွက်ခွာ သူ ငြင်း ဆန်သူများဟာ Atychiphobia လို့ခေါ်တဲ့ စိတ်ရောဂါ တစ်မျိုး ဝင်နေခြင်း ဖြစ်ပါတယ်။

ဒီအတွက် ကုသတဲ့ နည်းလမ်းကလည်း သိပ်အများကြီး မရှိပါဘူး။ အလွယ် ကူဆုံး ကတော့ အရှုံးဒဏ်ကို ခဏခဏ ခံစားစေဖို့ပဲ ဖြစ်ပါတယ်။ ဂိမ်းဆော့ တာမျိုး၊ အားကစား တစ်မျိုးမျိုး ပြုလုပ်တာမျိုး၊ သူငယ်ချင်းတွေနဲ့ ယှဉ်ပြိုင်မှု အသေး အကြီး အစရှိသဖြင့်တို့ ပြုလုပ်ပြီး ရှုံးတဲ့ ဒဏ်ကို ရဲရဲဝံ့ ရင်ဆိုင် စေခြင်းဖြင့် ယင်းရောဂါကို ပျောက်ကင်းစေကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...