စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချွေးပေါက်ကျယ်ခြင်း နှင့် ကုသနည်း



ချွေးပေါက်ကျယ်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ချွေးပေါက် ပိတ်ခြင်း၊ အဆီပြန်တဲ့ အသားအရေ ထိန်းသိမ်းမှု မရှိခြင်း၊ ဈေးကွက်မှာ တန်ဖိုးနည်း အလှကုန်အသုံးအဆောင်များ အသုံးများခြင်း တွေကြောင့် လဲဖြစ်နိုင်သလို အသက်အရွယ်ကြောင့်လဲဖြစ်နိုင်ပါတယ်..

ချွေးပေါက်ကျယ်တာကလည်း မိန်းကလေးတွေ အတွက် ဒုက္ခတစ်မျိုးပဲ မဟုတ်ပါလား။ မှန်ထဲကြည့်လိုက်ရင် ချောမွေ့ မှုံညက်တဲ့ အသားအရည်မျိုး ဖြစ်နေချင်တာ အားလုံးဖြစ်ခြင်တဲ့ ဆနတစ်ခုပဲမဟုတ်ပါလား။
ချွေးပေါက်ကျယ်ခြင်းကို အဆီပြန်တတ်တဲ့ နေရာတွေကတော့ နှခေါင်းနားတ၀ိုက်၊ နဖူးနှင့် မေးစေ့နားတွေမှာ တွေ့ရတာများပါတယ်။

ချွေးပေါက်လေးတွေက ခန္ဒာကိုယ်က မလိုအပ်တဲ့ အညစ်အကြေး၊ ချွေးတို့ကို စွန့်ထုတ်ပေးသလို အသားအရေ စိုပြေလန်းဆန်းဖို့အတွက် အဆီကိုလည်း ထုတ်ပေးပါတယ်။ အဲဒါကြောင့် အသားအရေ ခြောက်တဲ့သူတွေဟာ စိုပြေတဲ့သူတွေ ထက် ပိုပြီး အိုမင်းရင့်ရော်လွယ်စေပါတယ်

ချွေးပေါက်ကျယ်တာက မျိုးရိုးလိုက်တတ်သလို အရေပြားထဲမှာ အဆီ၊ ချေး၊ ဖုန် လေးတွေ ပိတ်မိနေတာက ချွေးပေါက်ကို ပိုပြီးကျယ်စေပါတယ်။ ချွေးပေါက်ကျယ်တဲ့သူတွေဟာ သာမန်ထက်ပိုပြီး အဆီပြန်နိုင်၊ ဝက်ခြံပိုထွက် နိုင်ချေရှိပါတယ်။

ကုသနည်း
-------

၁။ မျက်နှာကို ညစဉ် မိမိအသားအရေနဲ့ ကိုက်မယ့် facial foam နဲ့ မျက်နှာသစ်ပါ။ အရင်ဆုံးကို ရေကြက်သီးနွေးလေးနဲ့သစ်ပေးပါ။ အဲဒါက ချွေးပေါက်ကို ခနကျယ်စေပြီး အဲဒီ ချွေးပေါက်ထဲမှာပါတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ပြီးမှ ရေအေးနဲ့ပြန်သစ်ပေးရင် သန့်စင်ပြီးသားချွေးပေါက်လေးတွေ ပြန်ပြီးကျဉ်းစေပါတယ်။

၂။ Toner သုံးပါ။ Toner သုံးတာက ချွေးပေါက်ဘေးက ကြွက်သားလေးတွေကို တင်းပေးတာကြောင့် ချွေးပေါက်ကို မသိသာစေတော့ပါဘူး။ ဒါ့အပြင် အထဲမှာ ကပ်ငြိနေတာတွေကိုလည်း ဖယ်ရှားပေးပါတယ်။ နောက်ထပ်လိမ်းမယ့် skincare ကို မျက်နှာမှ စုပ်ယူမှုပို အားကောင်းစေပါတယ်။

၃။ Oil free products များကို မှီဝဲပါ။ အဆီပါတဲ့ အလှကုန် ပစ္စည်းတွေဟာ ချွေးပေါက်ကို ပိုပြီး ထင်ရှားစေပါတယ်။

၎။ ဗိုက်တာမင် စီ နဲ့ ဗိုက်တာမင် အေ ပါတဲ့ အစားအသောက်ကို စားပေးပါ။ Retin A လို့ ခေါ်တဲ့ Vitamin A လိမ်းဆေးက အဆီပြန်တာ လျှော့ချပေးသလို ဝက်ခြံကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ ဗိုက်တာမင် စီ ကတော့ ချွေးပေါက် အရွယ် အစားကို ကျဉ်းပေးပါတယ်။ မကောင်းတဲ့ အချက်က မျက်နှာ နီပြီး အသားအရေ ခြောက်သွေ့စေပါတယ်။

၅။ နေရောင်ဒဏ်မှ ကာကွယ်ပါ။ နေရောင်ကြောင့် အသားအရေပျက်စီးပြီး ချွေးပေါက်ကို ပိုကြီးစေနိုင်ပါတယ်။

၆။ Perricone MD Intensive Pore Minimizer L'Oreal Skin Genesis Pore Minimizing Skin အစရှိတဲ့ Pore minimizing product တွေကို လည်း အသုံးပြုနိုင်ပါတယ်။

၇။ Facial Mask::: အိမ်မှာပြုလုပ်နိုင်တဲ့ လွယ်လွယ်ကူကူ နည်းလေးရှိပါတယ်။ မနက်ဖြန် အပြင်သွားမယ်ဆို ဒီနေ့လုပ်လို့ရပါတယ်။

ရေခဲအိတ်ကပ်ခြင်း
--------------------
ဒါကတော့ အရမ်းလွယ်ပါတယ်။ ရေခဲတုံးလေးတွေကို ချည်သားအ၀တ်သန့်လေးနဲ့ ထုတ်ပြီး မျက်နှာကို ကပ်ပေးခြင်းပါ။ ချွေးပေါက်ကျယ်ခြင်း နှင့် အဆီပြန်ခြင်းကို သက်သာစေပါတယ်။

ပျားရည် နဲ့ကုသခြင်း
-------------------------

ပျားရည် သံပုရာရည် ရောပြီး ၅မိနစ်လောက် မျက်နှာပေါ်တွင် လိမ်းပြီး ဖွဖွ နှိပ်ပေးပါ။ ပြီးရင် ရေနွေးနွေး နဲ့ သစ်ပေးပါ။ ချွေးပေါက် မှာ ပိတ်နေတဲ့ အညစ်အကြေးများကို သန့်စင်စေပြီး၊ ချွေးပေါက်ကျယ်ခြင်း နှင့် အဆီပြန်ခြင်းကိုပါ သက်သာစေပါတယ်။

ခရမ်းချဉ်သီး နှင့် သခွားရည်
-------------------------------
ခရမ်းချဉ်သီး၊ သခွားရည် နှင့် ဆားအနည်း ရောမွေပြီး မျက်နှာပေါ်တွင် လိမ်းပြီး မိနစ်၂၀ထားပေးခြင်းအားဖြင့် ချွေးပေါက်ကျယ်ခြင်းကို သက်သာစေသလို အသားအရေကိုလဲ ဖြူဖွေး လှပလာ စေပါတယ်။

ပျားရည် နှင့် ကွေကာအုတ်
-----------------------------
ပျားရည် ၂ဇွန်း ၊ နို့မှုန့် ၂ဇွန်း နှင့် ကွေကာအုတ် ၅ဇွန်းကို ရောပြီး ၁ပတ် ၂ကြိမ်လိမ်းပေးခြင်းကလဲ ချွေးပေါက်ကျယ်ခြင်းကို သက်သာပျောက်ကင်းစေပြီး လှပနုပြီလာပါလိမ့်မယ်။

ချွေးပေါက်ကျယ်တာကို အမြဲပျောက်အောင် ကုသတဲ့ ဆေးတော့ မရှိသေးပါဘူး၊ လျော့နည်းအောင်ပဲ ကူညီပေးနိုင်ပါတယ်။ နောက်ဆုံးပေါ် Laser နှင့် chemical peeling နည်း တွေကတော့ ချွေးပေါက်ကို ကျဉ်းစေပြီး အသားအရေကို ချောမွေ့စေပါတယ်။ 



https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...