စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ည ၇နာရီကျော် မှာ ညစာစားရင် ကိုယ်အလေးချိန်တတ် သလား ?



လူတိုင်းလူတိုင်း ညစာစားရင် ၀မယ်လို့ အစွဲရှိနေကြပါတယ်..
ညစာစားတယ် မစားတာထက် ဒီနေ့ကယ်လိုရီဘယ်လောက် များများ စားပြီးပီလဲ ကပို အရေးကြီးပါတယ်။

တစ်နေ့လိုအပ်တဲ့ ကယ်လိုရီထက် ကိုယ်ခနာက အသုံးပြုမဲ့ ကယ်လိုရီ ပိုစားမယ်ဆိုရင် ကိုယ်အလေးချိန်တတ်ပါတယ်။

ကိုယ်လက် လှုပ်ရှားမှု မရှိလို့ကတော့ အဆီပိုတွေ စုဆောင်းပြီးသားပဲနော် …

လူတို်င်းလူတိုင်း တစ်ရက် ၃ကြိမ်စား နိုင်မယ်ဆိုရင် စိတ်ဖိစီးမှု နည်းပြီး Metabolism Rate ကိုလဲ ပုံမှန်ထိန်းထားနိုင်ပါတယ်။ တကယ်လို ဗိုက်ထဲမှာ အစာမရှိရင် ခနာကိုယ်က ချမ်းသလို ခံစားတတ်ပါတယ်။ အဲဒါ metabolism rate နည်းနေလို့ပါ အဲလိုနည်းရင် ကိုယ်အလေးချိန်ပိုတတ်ပါတယ်။ ဒါကြောင့် ကျွန်မကတော့ တစ်ရက်ကို ၆ကြိမ်စားပါတယ်.. ။ ကိုယ်တိုင်ကလဲ အစာပိုစားရင် ၀လေ့ရှိပါတယ်။

Breakfast - 200 to 300 cal (9am)
Mid- morning snack - 60 to150 cal (11am)
Lunch - 300 to 400 cal (1pm)
Mid-afternoon snack – 60 to 150 cal (4pm)
Dinner - 300 to 400 cal (7pm)
Late evening snack - 100 to 150 cal (10pm)

တခါတလေ ကျွန်မအရမ်းစားချင်တဲ့အစာတွေ့ရင် လဲစားတယ် (ရေခဲမုန့် ) .. သူငယ်ချင်းတွေကို အရင်လိုက်ခွဲကျွေးလေ့ရှိတယ် ကျန်တာစားတော့ သိပ်မစားဖြစ်ဖူးပေါ့ ..

နောက်တစ်ခု က စားနေတဲ့ အစာကို တစ်ဝက်လျော့စားတာမျိုး၊
ကယ်လိုရီများတာမျိုးဆိုရင် အမြီးသဘောပဲစားလေ့ရှိတယ်။

ညလယ်စာဆို ပန်းသီး တစ်လုံး (သို့) အဆီမပါတဲ့ enlene နို့မှုန့် တစ်ခွက် ဖျော်သောက်တယ်။

အိပ်ချိန်မှာဆို တစ်နာရီကို ၃၇ ကယ်လိုရီ နဲ့ တစ်ရက် ၈နာရီအိပ်ရင် စုစုပေါင်း ၂၉ ၆ ကယ်လိုရီ လောင်းကျွမ်းပါတယ်။ အိပ်နေတဲ့ အချိန်မှာ သွေးထဲမှာ သကြားဓါတ်ကလဲ ပိုပြီးမြင့်တတ်နိုင်တာကြောင့် ညဘက်မှာ ဗိုက်ပြည့်အောင်စားသောက်ခြင်းက ကိုယ်အလေးချိန်တိုးစေပါတယ်။ ဒါကြောင့် ညလယ်စာစားမယ်ဆိုရင် အဆီများတဲ့ မစားသင့်ပါဘူး။ ညစာကို လိုအပ်တာထက် ပိုစားမယ်ဆိုရင် နောက်တစ်နေ့မှာ အားမရှိသလို လေးလံထိုင်းမှိုင်းတတ်ပါတယ်။

ညဘက်မှာ အဆီပိုတွေလောင်ကျွမ်းချင်ရင်တော့ သဘာဝအတိုင်း side effect သိပ်မများတဲ့ Kilo Off 24 hours burner ဆေးကိုလဲ သောက်ပေးနိုင်ပါတယ်။

အားလုံး ရွှင်ပြုံးနိုင်ကြပါစေ။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...