မြန်မာမှု၊မြန်မာ့ဟန်တွေကိုတွေ့ရမယ့်ကျွန်တော့်ရည်းစားဘုရားမှာနေသည်
မြန်မာမှု၊ မြန်မာ့ဟန်တွေကို တွေ့မြင်ရမယ့် " ကျွန်တော့်
ရည်းစားဘုရားမှာနေသည်" ရုပ်ရှင်ဇာတ်ကားကြီးကို သန်လျင်၊
ပျဉ်ထောင်ကျေးရွာမှာ ရိုက်ကွင်းစတည်ပြီဖြစ်ပါတယ်။ ဒီဇာတ် ကားမှာတောဓလေ့ တောအမူ အရာကို အခြေခံထားသလို၊ ဘုရားစေတီပုထိုးများကိုလည်း ပရိသတ်တွေ ဖူးမြော်ရမှာဖြစ်ပါ တယ်။
ဦးပန်းချီစိုးမိုးက ဒီဇာတ်ကားရိုက်ဖြစ်တဲ့အဓိကအကြောင်း
ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ ရှေး
ဟောင်းကျောင်းဆောင် စေတီပုထိုးများကို ဖော်ကျူးရိုက်ကူးချင်တဲ့
ဆန္ဒကြောင့်ရိုက်ကူးတာ ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့
တောဓလေ့ရွာဓလေ့မှာ ဘုန်းကြီးတွေ ဆွမ်းခံကြွလာတဲ့ မြင်ကွင်းတွေကိုကမ္ဘာက
သိအောင်ပြချင်တဲ့ဆန္ဒရယ်၊ ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် တကယ့် စေတီပုထိုးတွေ
ရှေးဟောင်းရိုးရာဓလေ့အမွေတွေကိုဖော်ထုတ် ပြချင်တဲ့အတွက် ရိုက်ကူးခြင်းပဲ ဖြစ်ကြောင်း ပြောပြပါတယ်။
" တကယ်တော့ မြန်မာနိုင်ငံ ရဲ့ယဉ်ကျေးမှု၊ ဘုန်းတရား၊ ဘုန်းစေတီတွေကို
အခြေခံရိုက်ထားတယ်။ ထွက်လာမှ ဝေဖန်စေချင်တယ်။ ဒီကားမှာ သုံးပွင့်
ဆိုင်အချစ်ဇာတ်လမ်းပေါ့။ တစ်ယောက်ပစ္စုပ္ပန်လူသား၊ တစ်ယောက်က
သိုက်နန်းရှင်မျိုး ဒါကိုရိုက်ကူးပြီး မြန်မာယဉ်ကျေးမှု၊ မြန်မာအဝတ်အစား
ရိုးရာဓလေ့တွေ ထည့်သွင်းတယ်။ အဓိကကတော့ နိုင်ငံခြားထိ
ပြနိုင်အောင်ရည်ရွယ်တာပါ" လို့ဇာတ်ကားနဲ့ ပတ်သက်ပြီး ပန်းချီစိုးမိုးက ပြော
ပြခဲ့ပါတယ်။
သရုပ်ဆောင် စိုးရန်အောင်ကလည်း ယဉ်ကျေးမှုအနုပညာ
ဘုရား၊ စေတီပုထိုးတွေနဲ့ တော တောင်ရွာဓလေ့တွေကို ထည့် ရိုက်မှာဖြစ်တဲ့အတွက်
ပရိသတ် တွေကို စောင့်မျှော်အားပေးစေ ချင်တယ်လို့ ပြော ပြခဲ့ပါတယ်။
သိုက်နန်းရှင်မြနန်းနွယ်အဖြစ်သရုပ်ဆောင်တဲ့မိုးယုံစံကလည်း" မြန်မာ့ယဉ်ကျေးမှုကိုကမ္ဘာကသိအောင်လုပ်တာ သိပ်ကောင်းတဲ့အစီအစဉ်ပါ။
ဒီကားမှာမိုးယုက မြန်မာမှုစစ်စစ်ကို အများဆုံးဖော်ပြဖို့အတွက်အဝတ်အစားဆံပင်တွေကအစ မှားယွင်းမှု မရှိအောင်သေချာပြင်ဆင်ထားတယ်။ ဒီကားကိုတခြား နိုင်ငံမှာပါပြဖို့ ရည်ရွယ်ထားတဲ့အတွက် မြန်မာမှုမြန်မာ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ
အများဆုံးပါမယ့်ကားဖြစ်လို့ ပရိသတ်တွေကိုစောင့်ကြည်စေချင်တယ်" လို့မိုးယုစံက ပြောပါတယ်။ အဆိုပါဇာတ်ကားကိုသန်လျင်နဲ့ အညာဒေသရဲ့ ကျေးလက်သဘာဝကို ထည့်သွင်းရိုက်ကူးဖို့အတွက် ပုဂံ၊ရေစကြို၊ပခန်း စသည့်နယ်များသို့သွားရောက်ရိုက်ကူးမှာ ဖြစ်ကြောင်း သိရပါတယ်။
ထူးထူး
Popular Journal
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35
No comments:
Post a Comment