စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၏ အဆုံးအမများ



“အသက်ကြီးလာလျှင်စဉ်းစား”

  ကိုယ့်ကိုယ်ကိုလေ...အသက်လေးနည်းနည်းရင့်လာပြီဆိုပါတော့၊ အသက်ရင့်
လာတဲ့ အခါကျတော့ အတွေးအခေါ်က တမျိုးကြီးဖြစ်ဖြစ်နေတယ်၊ ငါ-အ
သက်ကြီးပြီ သေရတော့မယ်၊ ငါ အသက်ကြီးပြီ ဘဝကူးရတော့မယ်၊ ဘဝကူး
တဲ့အခါကျတော့ ဘယ်သူတွေဟာ ဘာများတွန့်ဆုတ်တွန့်ဆုတ် ဖြစ်တတ်သ
လဲ၊ အဲ့ဒါလေးလေ မစဉ်းစားလို့ မဖြစ်ဘူး၊ ဥပမာ-ဒကာသူတော်ဘဲဆိုပါတော့
တစ်သက်လုံး တကတဲပစ္စည်းဥစ္စာနဲ့...ဘာနဲ့ လူကြီးလုပ်ပြီး သကာလ လူထဲ
မှာ ထင်ရှားတဲ့ သူတစ်ယောက်ဖြစ်တယ် ဆိုပါတော့...။

“ရဲရဲသေဖို့ အရေးကြီး”

အဲသလို ထင်ရှားတဲ့သူတစ်ယောက်က သေခါနီးကျတော့ ကြောက်ရွံ့ကြောက်
ရွံ့နဲ့ တစ်သက်လုံးသူများအထက်မှာ မျက်နှာထားတင်းတင်းနဲ့ နေလာပြီးနောက်
သေခါနီးကျမှ မျက်နှာလေးငယ်ငယ်နဲ့ တကတဲ ယမမင်းရဲ့အောက်မှာ ကြို့ပြီးသ
ကာလ ပြားပြားဝပ်ရမယ့် အခြေအနေမျိုးဟာ သိပ်ကြောက်စရာ ကောင်းတာဘဲ၊

ဒီတော့ ဘုန်းကြီးက သေလဲ ရဲရဲသေဖို့ အရေးကြီးတယ်၊ ကိုယ့်ကိုယ်ကို အချစ်
ဆုံးလို့ သတ္တိကောင်းကောင်းနဲ့ လာတဲ့သူဟာလေ သေလျှင် ရဲရဲသေကြရမယ်။
ဘာပြုလို့ မရဲကြသလဲဆိုတဲ့ဥစ္စာလဲ ဘုန်းကြီးတို့ စဉ်းစားရမယ်။

ဒကာသူတော်ရဲ့ လက်တွေ့စဉ်းစားကြည့်ပါ၊ မိမိ ယခုနေတဲ့ အိမ်ယာ, တိုက်တာ
တွေဟာ ဒီ့ထက်အဆပေါင်းများစွာ ထိုက်တန်တဲ့ အသစ်တစ်ခု တည်ပေးပါရစေ
လို့များ လာပြောလို့ရှိရင် မူလအဟောင်းဖြစ်တဲ့ တိုက်တာကို ဖျက်ရမှာ ဆိုးသေး
သလား၊ ဒါလေး စဉ်းစားရမယ်၊ မဆိုးပါဘူး, ဘာပြုလို့လဲ၊ ဒီ့ထက်ကောင်းတဲ့
တိုက်တာ ဒီမှာလာပြီးတော့ တည်ပေးမယ်လို့ ပြောတယ်။

“အကောင်းရလျှင် အဟောင်းစွန့်ရဲ”

ကဲ...ဘုန်းကြီးမှာပေါ့ ဘုန်းကြီးနေတဲ့ နေရာကလေး အရှင်ဘုရားရဲ့ သပ္ပါယဖြစ်
တဲ့ ကျောင်းတစ်ကျောင်း တပည့်တော် ပြင်ဆောက်ချင်လို့ ဒီနေရာလေး နှစ်
သက်သလား ငါ့အဟောင်းကလေး နှစ်တော့ နှစ်သက်သကွဲ့၊ ဒါဖြင့် ဒီထက်
ကောင်းကောင်းကလေး ဘုရား၊ အရှင်ဘုရား သပ္ပာယဖြစ်အောင် ဆောက်ပေး
မယ်ဆိုလျှင် ဒီအဟောင်းကလေးကို ဖျက်ရက်သလား မဖျက်ရက်ဘူးလား၊ အာ
- ဒီထက်ကောင်းမှာဆိုတော့ ဖျက်ပြစ်လိုက်တာပေါ့ ရဲရဲကလေး၊ ဒါထုံးစံ။

အဲဒီလိုဘဲ ဘုန်းကြီး ဒီက အလှူ့ဒကာ အလှူ့အမတွေ ဒီထက်ကောင်းတဲ့ ခန္ဓာ
ကိုယ်နဲ့ ဒီထက်ကောင်းတဲ့ ဘဝမျိုးကိုရမယ်။ ဒီဘဝမျိုးကလေး ခန္ဓာကိုယ်က
လေးကို နှမြောသေးသလား ဆိုတော့ နည်းနည်းတော့ နှမြောတယ်၊ ဒါပေမယ့်
အိုနေပြီလေ, ဟောင်းနေပြီလေ, ရင့်ရော်နေပြီလေ၊ ဒီထက်ကောင်းတဲ့ခန္ဓာကိုယ်
ရမှာဘဲလို့ သေချာသလား၊ သေချာတယ်၊ သေချာလျှင် ဒီခန္ဓာကိုယ် ဘယ့်နှယ်
လုပ်မလဲ၊

“အာ..ဒါတော့ ပျောက်သွားပါစေပေါ့ ဘာကိစ္စရှိလဲ၊ ဒီထက်ကောင်းတဲ့ ခန္ဓာကိုယ်
ရမှာဘဲ စွန့်ရဲပါတယ်”။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...