စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးထူးဆန်းဆန်း, ဗဟုသုတ(၄)

သစ်ပင်ပေါ်က ဆိတ်များ

ဆိတ်တွေ သစ်ပင်ပေါ်တက်တတ် ပါတယ်။ သို့ပေမယ့် အာဖရိက တိုက် မြောက်ပိုင်းက မော်ရိုကို နိုင်ငံမှာ ဖြစ်ပါတယ်။ Photoshop လုပ်ထားတာ မဟုတ်ပါဘူး။ သဲကန္တာရမှာ နေထိုင်ပြီး အစာရေစာ ရှာဖွေ ဖို့ အတွက် သစ်ပင်ပေါ်ကနေ ရှာဖွေ ကြည့်ရှုခြင်း ဖြစ်ပါတယ်။

ဒီတော့ သစ်ပင်ပေါ် တက်နိုင်တဲ့ အံ့မခန်း ဆိတ်များကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ Argan tree လို့ခေါ်တဲ့ သဲကန္တာရမှာသာ ပေါက်တဲ့ သစ်ပင် တစ်မျိုးပေါ်မှာပါ။

ယင်း ဆိတ်များမှ ထွက်လာတဲ့ အညစ်အကြေး များမှာ လူ့ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဆီပါဝင်ပြီး ဒေသခံများ အသုံးပြု လေ့ ရှိကြောင်း သိရ ပါတယ်။
.
dyknow
www.innewsmyanmar.com

http://www.innewsmyanmar.com/2014/01/blog-post.html


 အသဲပုံ မျက်နှာလိုချင်လို့ ကိုရီးယားမလေး ခွဲစိတ်ပြုပြင်ခဲ့

တောင်ကိုရီယားက TV Presenter အမျိုးသမီး တစ်ဦးဟာ အသဲပုံ ပုံသဏ္ဍန် မျက်နှာကိုလိုချင်တာကြောင့် ပလပ်စတစ်ဆာဂျီရီ ခွဲစိတ်ပြုပြင်ခဲ့ပြီး အွန်လိုင်းမှာ သူမရဲ့  ဓာတ်ပုံများ ပြန့်နှံ့ခဲ့ ပါတယ်။

ယခင်က လှပနေတဲ့ ရုပ်ရှည်ကို ဂျပန်ကာတွန်းမလေးတွေ လို မှေးစေ့ချွန် ချွန် အသဲပုံ ပုံသဏ္ဍာန်လိုချင်တာကြောင့် ခွဲစိတ်ပြုပြင် လိုက်ခြင်း ဖြစ်ပါ တယ်။ သူမရဲ့  ခွဲစိတ်မှုဟာ အန္တရာယ် အင်မတန် များပါတယ်။ အသား အရည်တင်မဟုတ်ပဲ အရိုးအကြောများကိုပါ ခွဲစိတ်ပြုပြင်ရတာမို့ သေစေတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒါကြောင့်မှု ပလပ်စတစ် ဆာဂျရီနဲ့ ပက်သက်လို့ တောင်ကိုရီးယား မှာ ဥပဒေ သစ်များ ပြန်ထုတ်ရမယ် လို့တောင် ဝေဖန်နေကြ ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပလပ်စတစ် ဆာဂျရီ ပြုလုပ်မှုအများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် စံချိန်တင် ထားပြီး အများဆုံးမြို့ က ဆိုးလ်မြို့ ဖြစ်ပါတယ်။ ဆိုးလ်မြို့ က ၅ ဦးမှာ ၁ ဦးက ပလပ်စတစ်စ် ဆာဂျီပြုလုပ်တဲ့အထကိုအရေအတွက်က အင်မတန် များပါတယ်။ ၂၀ ရာခိုင်နှုန်းဖြစ်ပြီး အသက်အပိုင်းအခြားကတော့ ၁၉ ခုနှစ်ကနေ ၄၉ နှစ်ကြား ဖြစ်ပါတယ်။

အများအားဖြင့် ပြုပြင်မှုက မျက်လုံးတစ်ဝိုက်ဖြစ်ပေမယ့် ပုံထဲက အမျိုးသမီးလို့ အသဲပုံကတော့ ကမ္ဘာ့ပထမဆုံး ဖြစ်ပါတယ်။ အရှေ့ အာရှသူ အချို့ လိုချင်ကြတဲ့ မျက်နှာထားဖြစ်ပြီး သူမကတော့ တကယ်ပြုလုပ်ယူခဲ့ ပါတယ်။ သူမရဲ့ ပြုပြင်မှုနဲ့ ပက်သက်ပြီး တောင်ကိုရီးယားနဲ့ ဂျပန်က ကြည့်ရှုသူတို့ကို အံ့သြမင်သက်စေခဲ့ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း ( www.innewsmyanmar.com )

http://www.innewsmyanmar.com/2014/01/blog-post_29.html


 ကယ်လီဖိုးနီးယား ပင်လယ်ကွေ့မှ မျက်တစ်လုံးငါး

ကယ်လီဖိုးနိးယား ပင်လယ်ကွေ့မှာ တံငါသည် တစ်ဦး ဖမ်းဆီးရမိခဲ့တဲ့ ငါး ဖြစ်ပြီး ငါးမန်းအမျိုးအစား ဖြစ်ပါတယ်။

၂၂ လက်မ အရှည်ရှိပြီး သက်ရှိတွေမှာ ဖြစ်တတ်တဲ့ Cysclops အမည်ရ ချို့ ယွင်းချက် ဖြစ်နေခြင်း ဖြစ်ပါတယ်။ ယင်းချို့ ယွင်းချက်က မွေးကတည်းက မျက်လုံး တစ်လုံးတည်းပဲ ပါရှိစေပြီး သက်ရှိတွေကိုမွေးဖွား လာခြင်း ဖြစ်ပါ တယ်။ ယင်းထဲမျာ ငါးမန်းတစ်ကောင် အနေနဲ့ ယခုလို မွေးဖွားတယ်ဆိုတာ အင်မတန်ရှားပါး ပါတယ်။ သက်ရှိထင်ရှား ရှိပြီး မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးမန်း အထီး ဖြစ်ပါတယ်။ အရည်ခွံဟာလည်း ဖြူနေပြီး အမြင်မှာ တင် ထူးခြားနေပါတယ်။

ယင်းကဲ့သို့ မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးများကို ယခင်ကလည်း များစွာ ဖမ်းဆီး ရမိဖူးပြီး သုတသန ပြုလုပ်လျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း ( www.innewsmyanmar.com )

http://www.innewsmyanmar.com/2014/01/blog-post_27.html




 ပင်လယ် အတွင်း၌ ၁၆ လကြာ မျောပါခဲ့သည့် အမျိုးသား တစ်ဦးအား အသက်ရှင်လျက် ပြန်လည်တွေ့ရှိ

မက္ကဆီကို နိုင်ငံမှ ကီလိုမီတာ ၁၂၅ဝဝ (မိုင် ၈ဝဝဝ)ကျော်အကွာရှိ ပင်လယ် သမုဒ္ဒရာ အတွင်း ၁၆ လကြာ မျောပါခဲ့သော ဟိုဆေးအိုင်ဗန် အမည်ရှိ အမျိုးသား တစ်ဦးအား ဝေးလံ ခေါင်းပါးသော ပစိဖိတ် သမုဒ္ဒရာ၏ Ebon Atoll သန္တာကျောက်တန်း အနီးတွင် ယခု သီတင်းပတ် အတွင်း ဒေသခံ နှစ်ဦးက အသက်ရှင်လျက် ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သုတေသန ပညာရှင် တစ်ဦးက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အိုင်ဗန်သည် ၎င်း၏အဖော် တစ်ဦးနှင့် အတူ မက္ကဆီကို နိုင်ငံမှ အယ်ဆာဗေဒေါ နိုင်ငံသို့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ လတွင် လှေတစ်စင်းနှင့် စတင် ထွက်ခွာခဲ့ပြီး ပင်လယ် အတွင်း၌ ၁၆ လကြာ မျောပါခဲ့ကြောင်း၊ ၎င်း၏အဖော် ဖြစ်သူမှာ သေဆုံးခဲ့ပြီး ၎င်းအနေဖြင့် ပင်လယ် အတွင်း၌ မျောပါနေစဉ် လိပ်များ၊ ငှက်များနှင့် ငါးများကို ဖမ်းယူ စားသောက်၍ မိုးရေ မရရှိသော အချိန်၌ လိပ်သွေးများကို သောက်၍ အသက်ဆက်ခဲ့ ရကြောင်း နော်ဝေ မနုဿ ဗေဒ ပညာရှင် တစ်ဦးက အေအက်ဖ်ပီ သတင်း ဌာနသို့ ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

အိုင်ဗန်ကို ၎င်း၏ ၂၄ ပေ အရှည်ရှိသော ဖိုင်ဘာလှေနှင့် အတူ Ebon Atoll သန္တာ ကျောက်တန်း၌ ဇန်နဝါရီ ၃၁ ရက်တွင် ဒေသခံ နှစ်ဦးက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ပြန်လည် တွေ့ရှိစဉ်တွင် ၎င်း၏ မုတ်ဆိတ်မွေးနှင့် ဆံပင်များမှာ ရှည်လျား နေသည်ကို တွေ့ရှိခဲ့ကြောင်း သုတေသီ များက ပြောကြားခဲ့သည်။


https://www.facebook.com/photo.php?fbid=536158259815343&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...