စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျန်းမာရေးအတွက် မိမိကိုယ်မိမိ ထိန်းသိမ်း စောင့်ရှောက်နည်း (SELFCARE)



ပန်းဥယျာဉ်ထဲရှိ ရေပိုက်များအတွင်း ရေများစီး ဆင်းနေသကဲ့သို့ သွေးသည်လည်း လူတို့၏ ခန္ဓာ ကိုယ်ထဲရှိ သွေးကြောများအတွင်း လှည့်ပတ်စီးဆင်းလျက်ရှိသည်။ ရေပိုက်ခေါင်းကို ဖွင့်လိုက်သည့်အခါ ပိုက်လိုင်းထဲတွင်ရှိသော ရေသည် အရှိန်ဖြင့် စီးဆင်းလာသကဲ့သို့ သွေးသည်လည်း သွေးကြောများအတွင်း အရှိန်ဖြင့် စီးဆင်းလျက်ရှိသည်။


နှလုံးတစ်ချက်ခုန်တိုင်း နှလုံးသည် သွေးကို သွေးကြောများထဲသို့ အရှိန်ဖြင့်တွန်းပို့သောအခါ သွေးဖိ အား တက်လာသည်။ ၎င်းကိုအပေါ်သွေးဟုခေါ်သည်။ အပေါ်သွေးသည် သာမန်အားဖြင့် (၁၂၀) မီလီမီတာ မာကျူရီ ရှိသည်။ နှလုံးခုန်နှုန်းတစ်ချက်နှင့်တစ်ချက်အကြား နှလုံးနားနေချိန်တွင် သွေးလွှတ်ကြောများအတွင်း သွေးဖိအား လျော့နည်းလာသည်။ ၎င်းကို အောက်သွေးဟုခေါ်သည်။ အောက်သွေးသည် သာမန်အားဖြင့် (၈၀) မီလီမီတာမာကျူရီ ရှိသည်။

သင်သည် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ သို့မဟုတ် အမြင်အာရုံေ၀၀ါးခြင်းများ ခံစားရသည့်အခါ ဆရာဝန်နှင့်သွားရောက်ပြသတိုင်ပင်သင့်သည်။ အချိန်တိုင်း သွေးပေါင်ချိန်တက်နေ သည့်အခါ သွေးကြောနံရံပေါ်သို့ အဆက်မပြတ်သက်ရောက်နေသော ပြင်းထန်များပြားသည့် ဖိအားသည် သွေးကြောများကိုသာမက နှလုံး၊ ကျောက်ကပ်၊ မျက်စိနှင့် ဦးနှောက် အပါအ၀င် အင်္ဂါများကိုလည်း ထိခိုက် ပျက်စီးစေနိုင်သည်။ သွေးပေါင်ချိန် 140/90mmHg နှင့် အထက် များခြင်းသည် ဆေးပညာအရ သွေးတိုး ရောဂါဟု သတ်မှတ်သည်။

သွေးကြောများအတွင်းရှိ ဖိအားကို နှလုံးခုန်နှုန်းကို ထိန်းခြင်းဖြင့်လည်းကောင်း၊ သွေးကြောများကို ကျယ်ပေးစေခြင်းဖြင့်လည်းကောင်း ထိန်းညှိပေးနိုင်သည်။ ထို့အတူ သွေးကြောအတွင်းရှိဖိအားကို ဘ၀နေထိုင် မှုပုံစံ ပြုပြင်ပြောင်းလဲခြင်းဖြင့်လည်း ထိန်းချုပ်နိုင်သည်။

S (Stop Smoking) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါသည်ဟူသော သတိပေးချက်အ တိုင်း ဆေးလိပ်သာမသောက်ပါက ကျန်းမာရေးကောင်းမွန် စေရန်အတွက် များစွာအထောက်အကူ ဖြစ်စေ နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါဖြစ်စေနိုင်သော အဓိကအကြောင်းအရင်းဖြစ်သည်။ ပြင်းပြင်းရှုရှိုက်လေ ပို၍ ရောဂါရလေပင်ဖြစ်သည်။သို့သော် သင်ဆေးလိပ်ဖြတ် လိုက်မည်ဆိုလျင် နှလုံးရောဂါ နှင့်သွေးကြောဆိုင်ရာရောဂါ များဖြစ်ပွားနိုင်သောအန္တရာယ်ကို တဖြည်းဖြည်း လျော့ချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် နှလုံးနှင့်သွေးကြော ရောဂါများ အသက်အန္တရာယ်ကိုခြိမ်းခြောက်သည် အထိမစောင့် ဘဲ ယခုပင် ဆေးလိပ်သောက်ခြင်းကို ဖြတ်လိုက်ပါ။

E (Exercise Regularly) ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးပေါင်ချိန်လျော့ ချရန်နှင့်သင်၏ကျန်းမာရေးကောင်းမွန်စေရန်အ တွက် များစွာအထောက်အကူပေးသော အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း အားဖြင့် နှလုံး၏လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်၊ ကြွက်သားများ၏ တင်းအား၊ လျော့အားများကို ပုံမှန်ကောင်းမွန်စေရုံသာမက သွေးလှည့်ပတ်မှုကို အကောင်းဆုံးပုံမှန်ဖြစ်စေပြီး သွေးပေါင် တက်ခြင်းကိုပါ လျော့ကျစေနိုင်ပါသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသော လေ့ကျင့်ခန်းအချို့မှာ လမ်းလျောက် ခြင်း၊ အနှေး ပြေးခြင်း (Jogging)၊ အမြန်ပြေးခြင်း (Running) ၊ စက်ဘီးစီးခြင်းနှင့် ရေကူးခြင်းတို့ဖြစ်သည်။

L (Limiting salt in your Diet) သင်၏အစားအစာထဲတွင် ဆားလျော့စားထားခြင်း (ဆားပါဝင်မှုကို ကန့် သတ်ထားခြင်း)

သွေးတိုးရောဂါနှင့် ဆားတွင်ပါဝင်သော ဆိုဒီယမ်ဓာတ်တို့၏ ဆက်နွယ်နေမှုကို တိတိကျကျ မည်သူမှ မဖော်ထုတ်နိုင်သေးပေ။အိမ်သုံးဆားနှင့် အချို့အစားအစာများ ပြုလုပ် ရာတွင်ပါဝင်သော ဆိုဒီယမ်ဓာတ်သည် အချို့လူများ၏ သွေးပေါင်ချိန်ကို တိုက်ရိုက်သက်ရောက်မှု ရှိသော်လည်း အချို့သောသူများတွင် အနည်း ငယ်သာ သက်ရောက်မှု ရှိသည်ကို တွေ့ရသည်။ လူတစ်ဦး နှင့်တစ်ဦး သက်ရောက်မှု မတူညီကြပေ။ အချို့ လူများသည် ၎င်းတို့စားသုံးသော အစား အစာများထဲတွင် ဆားပါဝင်မှုလျော့ချခြင်းအားဖြင့် သွေးတိုးရောဂါကို လွယ်လွယ်ကူကူပင် လျော့ချနိုင်သည်။ သွေးတိုးရောဂါနှင့်ပတ်သက်သော ကျွမ်းကျင် သည့်ပညာရှင်များက လူတစ်ဦးနေ့စဉ် စားသုံးသော အစားအစာထဲတွင် ဆားပါဝင်မှုကို (၂၄၀၀)မီလီဂရမ်၊ သို့မဟုတ် လ္ဘက်ရည် ဇွန်းတစ်ဇွန်း ထက်မပိုစေရန် ကန့်သတ်ထားသည်ကို လေ့လာတွေ့ရှိရပေသည်။


F (Fat Free Food) အဆီမပါသော အစားအစာများ

သွေးပေါင်ချိန်မြင့်တက်ခြင်းသည် အဆီနှင့် ကိုလက်စထရောပါဝင်မှုများသော အစားအစာများနှင့် ဆက်စပ်မှုရှိနေသောကြောင့် နေ့စဉ်စားသုံးသော အစားအစာများတွင် အဆီပါဝင်မှုလျော့ချရန် အရေးကြီး ပေသည်။ ကိုလက်စထရောနှင့် အဆီပါဝင်မှုများသော အစားအစာများကို လျော့စားပါ၊ အသားများနှင့် အတူ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံ များကို မျတစွာစားသုံးပါ။ မွေးမြူရေးအသားများ ထက်စာလျင် အရေပြားမပါသော ကြက်သား၊ ငါးများ၊ အဆီမပါသော (ထုတ်ထားသော) အသားများကိုသာ စားသုံးသင့်ပါသည်။ ကြက်ဥ၊ ဘဲဥများကို လျော့စားပါ။ ထို့အပြင် မိမိတို့အနေဖြင့်နွားနို့သောက်မည်ဆိုလျင် အဆီမပါသောနွားနို့ သို့မဟုတ် အဆီနည်းသောနွားနို့ (1% milk)ကိုသာ သောက်သင့်ပေ သည်။

ပြည့်ဝဆီပါဝင်မှုနည်းသော သင့်တင့်မျတသော အစားအစာများကိုသာ စားသုံးရန်အကြံပြု ထားပါ သည်။ အစားအလွန်အကျွံစားသုံးခြင်းမှရှောင်ကြဉ်ရန် အရေး ကြီးသည်။

သို့သော် အကြောင်းအရင်းမသိ သွေးတိုးရောဂါ ရှိသော်လည်း အခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါ များ မရှိသည့်လူများတွင် စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ဖြစ်ပေါ်လာသည့် အကျိုးကျေးဇူးများမှာ ရှင်းလင်းတိကျစွာ မသိရှိရသေးပေ။

C (Control your Weight) သင်၏ခန္ဓာကိုယ် အလေးချိန်ကို ထိန်းပါ

ခန္ဓာကိုယ်အ၀လွန်ခြင်းနှင့် သွေးတိုးရောဂါသည် ဆက်စပ်လျက်ရှိသည်။ ၀မ်းဗိုက်တွင် အဆီစုနေသူ များသည် ကိုလက်စထရော မြင့်တက်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများနှင့် ဆက်စပ်မှုရှိပေသည်။ ခန္ဓာ ကိုယ်အလေးချိန်လျော့ချခြင်းသည် နှလုံးရောဂါဖြစ်ပွားနိုင်မှု အန္တရာယ်ကိုလျော့ချနိုင်ရုံသာမက သွေးတိုးရော ဂါတွင် ကုသသော အချို့ဆေးဝါးများ၏ အကျိုးအာနိသင်ကို ပိုမိုအစွမ်းထက်မြက်စေပါသည်

သွေးပေါင်ချိန်များသော တစ်နည်းအားဖြင့် သွေးတိုးရောဂါရှိသော ခန္ဓာကိုယ်အ၀လွန်သည့် မည်သူမ ဆို ခန္ဓာကိုယ်အလေးချိန်လျော့ချရန် နည်းလမ်းများကို စတင်ပြုလုပ်သင့်ပါသည်။ ယင်းနည်းလမ်းများတွင် အစားအသောက် ပြုပြင်ပြောင်းလဲခြင်းနှင့် လေ့ကျင့် ခန်းပြုလုပ်ခြင်းတို့ ပါဝင်သည်။

A (Avoid Alcohol Intake) အရက်သောက် ခြင်းကို ရှောင်ပါ

အရက်သောက်ခြင်းဖြင့် သွေးပေါင်ချိန် မြင့်တက်စေပါသည်။ လူတစ်ယောက်သည် တစ်နေ့လျင် အရက်သုံး ခွက်ထက် ပိုမိုသောက်ပါက သွေးတိုးရောဂါဖြစ် ပွားစေပါသည်။ အရက်အလွန်အကျွံ သောက်သုံး ခြင်းသည် လေဖြတ်လေငန်းရောဂါ၊ အသည်းရောဂါနှင့် အခြားပြင်းထန်သည့်ရောဂါများ ဖြစ်ပွားစေနိုင်သည့် အန္တရာယ်ကို ပိုမိုမြင့်တက်စေပါသည်။ ထို့ပြင် အရက်ကြောင့် သွေးတိုးရောဂါကို ကုသ သည့် အချို့ဆေးဝါးများ၏ အကျိုးအာနိသင်ကို လျော့ကျစေနိုင်ပါသည်။

R (Reduce Stress) စိတ်ဖိစီးမှုများအား လျော့ချပါ

စိတ်ဖိစီးမှုကြောင့် သွေးပေါင်ချိန်မြင့်တက်စေသည်။ အချို့သောနည်းလမ်းများသည် စိတ်မကြည်မ သာဖြစ်မှု (စိတ်ညစ်ညူးမှု)များကို လျော့ကျစေပြီး ကျန်းမာရေးကောင်းမွန်စေရန်များစွာ အထောက်အကူပြု ပါသည်။ အချို့သောနည်းလမ်းများသည် မိမိတို့၏ဘ၀တွင် စားသောက်ပုံပြောင်းလဲခြင်း၊ အရက်သောက်ပုံ ပြောင်းလဲခြင်းနှင့် ဆေးလိပ်ဖြတ်ခြင်းစသည့် အရေးကြီးသည့် ဘ၀နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတို့တွင် အထောက်အကူ ဖြစ်စေနိုင်သည်။ သင့်အနေဖြင့် မည်သည့်အခြေအနေမျိုး တွင် စိတ်ဖိစီးမှုများတတ်သည်ကို အဓိကထားစဉ်းစား တွေးတောကာ ဖြစ်နိုင်လျင် ယင်းအခြေအနေမျိုးကို ရှောင်ရှားနိုင်ရန် နည်းလမ်းများ ကြိုတင်စဉ်းစားထား သင့်ပေသည်။

သင့်စိတ်ထဲတွင် ဖိစီးမှုများလာလျင် လမ်းလျောက်ပါ၊ သို့မဟုတ် ရေကူးပါ။ လေ့ကျင့်ခန်း ပြုလုပ် ခြင်းသည် အလွန်အံသြဖွယ်ကောင်းသော သဘာဝ စိတ်ဖိစီးမှုလျော့ကျစေသည့် စိတ်ငြိမ်စေသည့် နည်းလမ်း ပင်ဖြစ်သည်။ အနှိပ်ခံခြင်း၊ အသက်ပြင်းပြင်းရှုခြင်း၊ ယောဂကျင့်စဉ်ကျင့်ခြင်း၊ တရားထိုင်ခြင်းနှင့် အခြားစိတ် ဖိစီးမှုလျော့ကျစေသည့် နည်းလမ်းများကိုလည်း ကျင့်သုံးပါ။

သက်တောင့်သက်သာထိုင်၍ ကြွက်သားများကို လျော့ထားပါ။ စိတ်ထဲတွင် ရှိသမျသော စိတ်ဖိစီးမှု အားလုံးကို ဖယ်ထုတ်ပြီး သာယာချမ်းမြေ့ဖွယ် ကောင်း သော ပင်လယ်ကမ်းခြေရောက်နေသကဲ့သို့ စိတ်ထဲတွင် သဘောထားကာ မိမိ၏၀င်လေ၊ ထွက်လေကို နှာသီးဖျားတွင် သတိကပ်ထားခြင်းနည်းလမ်း၊ တနည်းအား ဖြင်တရားထိုင်၊ တရားမှတ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျ စေနိုင်ပါသည်။

E (Early Detection and Prevention) စောစော စမ်းသပ်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း

သင့်အနေဖြင့် အသက်ရှုရာတွင် ခက်ခဲခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ခန္ဓာကိုက်ခဲခြင်း များ ဖြစ်ပေါ်လာပါက သင့်ဆရာဝန်ထံ သွားရောက်ဆွေးနွေး တိုင်ပင်သင့်သည်။ နှလုံးရောဂါနှင့် သွေးကြော ဆိုင်ရာရောဂါများ သင့်အား တိုက်ခိုက်လာချိန်အထိ မစောင့်ပါနှင့်။ သင့်၏ ဆရာဝန်ထံ ချက်ချင်းသွား ရောက်၍ ဆွေးနွေး တိုင်ပင်ပြီး သင့်လျော်သောကုသမှုကိုခံယူပါ။ သင့်အား ပေးလိုက်သည့် ဆေးအမည် များအား သိအောင်ကြိုးစားပြီး မှတ်သားထားပါ။ ထို့ပြင် မည်သည့် ဆေးဝါးများကို ပေးလိုက်သည်၊ မည်မျ ပမာဏကို မည်သည့်အကြိမ် အရေအတွက်ဖြင့် သောက်သုံးရမည်ကို စာရင်းပြုစု၍ ချရေးထားပါ။ ယင်းသည် နောင်တချိန်တွင် များစွာအသုံးဝင် လာနိုင်ပါသည်။

ဆေးဝါးများကို ပုံမှန်သောက်သုံးပါ။ ဆေးကုန် သွားပြီဆို၍ ဖြတ်မပစ်ပါနှင့်။ မိမိသောက်ရမည့် ဆေးပမာဏကို မေ့သွားခဲ့လျင် မည်သို့ပြုလုပ်ရမည်ကို သိအောင်ကြိုးစားပါ။ ဆေးပုလင်းတစ်လုံးထဲတွင် ဆေးများအားရောမထည့်ပါနှင့်။ ဆေးဝါးများကို သူ့ပုလင်းနှင့်သူ ခွဲခြားသတ်မှတ်ပြီး ထည့်ထားပေးပါ။ အခြားသူများ၏ ဆေးများကိုယူ၍ သောက်သုံးခြင်း၊ မိမိဆေးများကို သူတစ်ပါးအားပေးသောက်ခြင်းများ မပြုလုပ်ပါနှင့်။ သိချင်သည်များကို ရင်းနှီး ပွင့်လင်းစွာမေးမြန်းပါ။ ယင်းမေးခွန်းများသည် အမှန်တကယ် အားဖြင့် မေးသင့်မေးထိုက်သော မေးခွန်းများသာ ဖြစ်ပေသည်။


https://www.facebook.com/photo.php?fbid=318495191614928&set=a.273551502775

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...