စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်တစ်ဖက်သာ ရှိသည့် ပထမဆုံးသော Miss Iowa အလှ သရဖူပိုင်ရှင် Ms. Nicole Kelly


http://bloximages.chicago2.vip.townnews.com/dailydem.com/content/tncms/assets/v3/editorial/1/9b/19bb2629-7d6f-5675-9549-e9d5c9ca6e66/51b5f13230a9d.image.jpg
Friday 14th June 2013

၂၀၁၃ ခုနှစ် အိုင်အိုဝါ ပြည်နယ် အလှမယ် ရွေးချယ်ပွဲကို ဇွန်လ(၁၃)ရက်နေ့တွင် အပြီးသတ် ကျင်းပခဲ့ရာ Keokuk ပြည်နယ်သူ
အသက် ၂၃ နှစ် အရွယ်ရှိ Ms. Nicole Kelly မှ ဆွတ်ခူး ရရှိခဲ့သည်။ သူမသည် ၂၀၁၂ ခုနှစ်တွင် Nebraska တက္ကသိုလ်မှ directing and theatre management ဘာသာရပ်ဖြင့် ပူပူနွေးနွေး ဘွဲ့ရထားသူ ဖြစ်ပြီး လက်တစ်ဖက် မရှိသော အလှမယ် တစ်ဦးဖြစ်သည်။

http://i.i.com.com/cnwk.1d/i/tim2/2013/06/11/miss-iowa_620x350.jpg အမေရိကန် Miss Iowa ဆုကို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။ Miss Iowa ဆုကို ဆွတ်ခူးနိုင်သည့် ပထမဆုံးသော အများမြင်နိုင်သည့် အင်္ဂါ ချို့ယွင်းနေသူလည်း ဖြစ်သည်။ သူမသည် မွေးရာပါ ဘယ်ဘက်လက် ချို့ယွင်းနေသူ တစ်ဦးဖြစ်ပြီး ဘေ့စ်ဘော ကစားခြင်း၊ ဒိုင်ဗင်ထိုး ရေကူးခြင်းနှင့် ကခြင်းတို့တွင် ကျွမ်းကျင်သူ ဖြစ်ပြီး မသန်မစွမ်းသူ အဖြစ် အားငယ်နေခြင်း မရှိဘဲ သာမန်လူများ လုပ်သလို အလုံးစုံ စွမ်းဆောင်နိုင်အောင် ကြိုးစားနေထိုင်သူ လည်း ဖြစ်သည်။ သူမသည် လာမည့် စက်တင်ဘာ ၁၅ ရက်တွင် the Miss America Pageant ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်သွားရန် ကြိုးပမ်းလျက် ရှိသည်။

https://www.facebook.com/photo.php?fbid=430525507045286&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...