စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Like လုပ်လျှင် အလိုအလျောက်ပွတက်လာမည့် အင်္ကျီ



တကယ် ရှိပါတယ်။ Facebook မှာ တစ်ယောက်ယောက်က ကိုယ့်တင်ထား တဲ့ ပိုစ့်၊ ဗီဒီယို၊ ဓာတ်ပုံ တစ်ခုခုကို Like လုပ်မယ်ဆိုရင် အလို အလျောက်ဖောင်းပွလာမယ့် အင်္ကျီ ဖြစ်ပါတယ်။ သူ့ကို Like A Huge လို့ အမည်ပေး ထားပါတယ်။

တီထွင်သူကတော့ အမေရိကန်က ဒီဇိုင်နာ Melissa Kic Cho ဖြစ်ပြီး MIT Media Lab က ပညာရှင် နှစ်ဦးရဲ့ အကူအညီလည်း ယူထားပါတယ်။ တကယ်ပေါက်ပေါက်ရှာရှာပါပဲ။ အင်္ကျီကို Facebook အကောင့်နဲ့ တိုက်ရိုက် Link လုပ်ထားပေးမှာ ဖြစ်ပါတယ်။ Facebook ကို ဖုန်းနဲ့ပဲ သုံးသုံး၊ PC နဲ့ပဲသုံးသုံး ယင်းအိင်္ကျီက အလုပ်လုပ်ပါတယ်။ Bluetooth connection မှာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ အိင်္ကျီမှာ အာရုံခံ ကိရိယာလည်း ပါဝင်ပါတယ်။ အိင်္ကျီကို လေထိုးပေးမယ့် စက်လေးလည်း ပါရှိပါအုံးမယ်။ တစ်ယောက်ယောက်က Facebook မှာ မိမိတင်ထားတဲ့ တစ်ခုခုကို like လုပ်လိုက်ပြီဆိုရင် ယင်း Notification က အိင်္ကျီကို တိုက်ရိုက်ကူးဆက်ပြီး အိင်္ကျီကို အလိုအလျောက် လေထိုးပေးမှာ ဖြစ်ပါတယ်။

ဒီတော့ အများစု စဉ်းစားလာတာက လူတစ်ဦးတစ်ယောက်မကတော့ပဲ Like လုပ်တဲ့သူတွေများပြားလာရင် အိင်္ကျီက ပိန်လိုက်ဖောင်းလိုက် အမြဲဖြစ်နေတော့မှာပဲ ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီတော့ ကိုယ်နှစ်သက်ရာ လူတစ်ဦးတစ်ယောက်ကို သို့မဟုတ် တစ်စုတစ်ဖွဲ့ကို Customize လုပ်ပြီးတော့လည်း Option ပေးထားမယ်လို့ ဆိုပါတယ်။

ထွင်တဲ့ ရည်ရွယ်ချက်က ဒီလိုပါ။ Facebook မှာ ကိုယ်တစ်ခုခု တင်လိုက်တဲ့ အခါ တစ်ယောက်ယောက်က like လုပ်ပေးရင် ကြည်နူးစရာလေး ဖြစ်ရ ပါတယ်။ တစ်ခါတစ်လေ ယင်းကြည်နူးစရာလေးဟာ မိမိရဲ့ ခဏတာ ဝမ်းနည်းမှုတွေ ပျောက်သွားပြီး Notification တွေကိုကြည့်ပြီး ပျော် တတ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က မိမိတင်ထားတာကို Like လုပ်လိုက်တဲ့အခါ အင်္ကျီဟာ အလိုအလျောက်ဖောင်းလာပြီး နွေးထွေး မှုပေးမယ်လို့ ဆိုပါတယ်။ Melissa Kit က ယခုလိုရှင်းပြထားခြင်း ဖြစ်ပါတယ်။

လက်ရှိဖော်ပြထားတဲ့ အင်္ကျီ Like A Huge ကတော့ မိုးကာသား ဖြစ်ပုံရ ပါတယ်။ Prototype သဘောအရ တစ်ခုတည်းသာ ထုတ်လုပ်ထားရသေးပြီး ဆက်လက်ထုတ်လုပ်ဖွယ်ရှိမရှိကတော့ လက်ရှိအားပေးသူ များအပေါ်မှာ မူတည်တယ် လို့ သိရပါတယ်။

Like A Huge အား အသုံးနေပြု ကြော်ငြာဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://vimeo.com/46629037
---
www.slashgear.com/tags/mit/

ရိုးရာလေး

https://www.facebook.com/photo.php?fbid=432309720200198&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...