စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တရားအားထုတ်ခြင်းဖြင့် အာရုံစူးစိုက်နိုင်စွမ်း(focus)နှင့် စွမ်းဆောင်ရည်(performance )တို့တိုးတက်



နေ့စဉ်အချိန်အနည်းခန့်မျှ တရားအားထုတ်ခြင်းဖြင့် လူ၏အာရုံစူးစိုက်နိုင်စွမ်း(focus)နှင့် စွမ်းဆောင်ရည်(performance )တို့တိုးတက်လာကြောင်း ပန်စယ်ဗီနီယား တက္ကသိုလ်၏ ဦးနှောက်သုတေသနပညာရှင်များကပြောဆိုပါသည်။

တရားအားထုတ်ခြင်းသည်လူ၏စိတ်ကိုတက်ကြွရွှင်လန်းစေပြီး၊အားအင်ကိုတိုးပွားစေသောနည်းလမ်းကောင်းဖြစ်သည်။ လူ၏ဦးနှောက်အလုပ်လုပ်ပုံကိုလည်းလုံဝပြောင်းလည်းစေနိုင်သည်ဟု ဦးနှောက်ကိုလေ့လာသောသိပ္ပံပညာရှင်များဖြစ်ကြသည့် အမိရှီ နှင့်မိုက်ကယ်တို့မှတင်ပြခဲ့သည်။ သူ့တို့၏လေ့လာမူများမှာ တရားအားထုတ်ခြင်းဖြင့် အာရုံစိုက်ခြင်း(attention)သက်ဆိုင်သည့်လုပ်ငန်းငယ်သုံးခုတို့ကို ပထမဦးစွာစစ်ဆေးသုတေသနပြုခဲ့သည်။
ထိုလုပ်ငန်းငယ်သုံးခုတို့မှ
က)အရေးကြီးသည့်ကိစ္စကိုဦးစာပေးနိုင်စွမ်း၊ပြိုင်တူဖြစ်နေသောကိစ္စများနှင့်ရည်ရွယ်ချက်တို့ကိုစီစဉ်ခန့်ခွဲနိုင်စွမ်း
ခ) တိကျသောသတင်းအချက်အလက်များကိုအလိုလျောက်စူးစိုက်နိုင်စွမ်း နှင့်
ဂ) ပတ်ဝန်းကျင်အဖြစ်အပျက်များ၌အစဉ်နိုးကြားနေနိုင်စွမ်းတို့ကို ဖြစ်သည်။

စမ်းသပ်ခံယောဂီများကို နှစ်အုပ်စုခွဲ၍လေ့လာခဲ့ကြပါသည်။ ပထမအုပ်စုမှာ ယောဂီအသစ်များဖြစ်ကြပြီး၊ တစ်နေ့လျှင် မိနစ်၃၀ခန့် ရက်သတ္တပတ်၈ပတ်တရားထိုင်သောအုပ်စုဖြစ်သည်။ ဒုတိယအုပ်စုမှာပို၍တရားတွေ့ အကြုံများသော၊ အချိန်ပြည့်တစ်လတရားစခန်းဝင်ယောဂီများဖြစ်သည်။

ယောဂီအသစ်များ ပထမအုပ်စုမှယောဂီသစ်များသည်တရားအားထုတ်ခြင်းကြောင့် စွမ်းဆောင်ရည်(performance) နှင့် အာရုံစူးစိုက်နိုင်စွမ်း(focus) တို့တိုးတက်လာကြောင်းသုတေသနပညာရှင်များတွေ့ ရှိခဲ့သည်။ စွမ်းဆောင်ရည်(performance)ကိုအခြေခံသောလုပ်ဆောင်မူများ(function)သည် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင်တိုးတက်ခဲ့သည်။

စမ်းသပ်ခံယောဂီများအား မည်မျှလျှင်မြန်စွာတုံ့ပြန်ပြီး၊မည်မျှတိကျစွာတုံ့ပြန်နိုင်သည်(response speeds and accuracy) ကိုကွန်ပြုတာများဖြင့်တိုင်းတာခဲ့ကြသည်။ တရားအားထုတ်လေ့ရှိသောစမ်းသပ်ခံယောဂီများသည် အရေးကြီးသည့်ကိစ္စကိုဦးစာပေးနိုင်စွမ်း၊ပြိုင်တူဖြစ်နေသောကိစ္စများနှင့်ရည်ရွယ်ချက်တို့ကိုစီမံခန့်ခွဲနိုင်စွမ်းတို့တွင်ထူးခြားစွာတိုးတက်မူရှိကြောင်းတွေ့ ရှိရသည်။ အာရုံတစ်ခုခုပေါ်၌အချိန်ကြာမြင့်စွာစူးစိုက်ထားစွမ်လည်းတိုးတက်မြင့်များလာသည်။

ထိုသုတေသနရလဒ်များအရ အလွန့်အလွန်အလုပ်များသောလူများအတွက် နေ့စဉ်မိနစ်၃၀ခန့် တရားအားထုတ်ခြင်းသည် လူ၏အာရုံစူးစိုက်နိုင်စွမ်း(focus)နှင့် စွမ်းဆောင်ရည်(performance )တို့တိုးတက်လာနိုင်သည်။ တရားအားထုတ်ခြင်းကို အပန်းဖြေအနားယူခြင်းအဖြစ် လက်မခံနိုင်သော်လည်း တရားဘာဝနာအလေ့အကျင့်ကြောင့်အာရုံစိုက်နိုင်စွမ်းများတိုးတက်လာမူကြောင့် သက်တောင့်သက်သာ မိမိတို၏အလုပ်အကိုင်များပြီးစီးလာပေလိမ့်မည်။

ဘာသာပြန်သူ ကောင်းထက်ညွန့်


https://www.facebook.com/photo.php?fbid=429782597119577&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...