စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Facebook အကူအညီကြောင့် လနှင့်ချီ ပျောက်ဆုံးနေသည့်ကား ပြန်လည်တွေ့ရှိ



       အမေရိကန်ပြည်ထောင်စု၊ မင်နက် ဆိုတာ ပြည်နယ်ရှိ စိန့်ပေါ်လီမြို့တွင် နေထိုင်သော အမျိုးသားတစ်ဦးထံမှ ခိုးယူသွားသည့် တက္ကစီကို လူမှုကွန်ရက် Facebook ၏ အကူအညီဖြင့် ပြန်လည်ရှာဖွေနိုင်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ဇွန် ၈ ရက်တွင် ဖော်ပြခဲ့သည်။ နေ့ရက်အတိအကျ ဖော်ပြထားခြင်းမရှိသည့် တစ်ရက်တွင် ဖောက်ထွင်းခိုးယူသူများသည် ဂျင်မ်အန်ဂယ်ကင်းဆိုသူ၏ နေအိမ်သို့ဝင်ရောက်ကာ လက်ပ်တော့တစ်လုံး၊ လက်ဝတ်ရတနာများ၊ ရေခဲသေတ္တာအတွင်း ထည့်ထားသည့် ဘီယာများ၊ အအေးခံစားသောက် ဖွယ်ရာများကိုသာမက မစ္စတာ အန်ဂယ်ကင်းကိုလည်း ရိုက်နှက်ကာ ၁၉၉၈ မိုဒယ် အနီရောင် Volvo ကားကိုလည်း ယူဆောင် သွားခဲ့သည်။


မစ္စတာ အန်ဂယ်ကင်းသည် သူ၏ကားကို အလွန်ချစ်မြတ်နိုးသူ ဖြစ်ပြီး ကားခိုးယူခံရပြီးကတည်းက စိတ်လက်မကြည်မသာဖြစ်ကာ လုပ်ငန်းခွင်၌ပင် မပျော်မရွှင်ဖြစ်ခဲ့ရသည်ဟု ၎င်းင်း၏လုပ်ဖော်ကိုင်ဖက်များက ပြောကြားခဲ့သည်။ထိုအချိန်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ အန့်တ၀ပ်မြို့တွင် ပညာသင်ကြားနေသည့် မစ္စတာ အန်ဂယ်ကင်း၏ သမီးဖြစ် သူ အသက် ၂၁ နှစ်အရွယ်ရှိ ကေတီအန်ဂယ်ကင်းသည် ဖခင်ဖြစ်သူ ၏ကား ခိုးယူခံခဲ့ရသည်ကို ကြားသိခဲ့ရပြီးနောက်သူမ၏ Facebook သူငယ်ချင်းများထံ ကားပုံကိုပြကာ ကူညီရှာဖွေပေးရန် မေတ္တာရပ်ခံခဲ့သည်။ Facebook မှ တစ်ဆင့် အကူအညီတောင်းခံခဲ့ပြီးနောက် မစ္စတာ ကေတီ၏သူငယ်ချင်းတစ်ဦးက မင်နက်ဆိုတာ ပြည်နယ်ရှိပန်းခြံဟောင်း တစ်ခုအတွင်းရပ်ထားသည့် Volvo ကားပုံကို ပြန်လည်ဝေမျှခဲ့သည်။



ကားသူခိုးများသည် ၎င်းင်းတို့ ခိုးယူခဲ့သည့် Volvo ကားကို Facebook အကူအညီဖြင့် ရှာဖွေနေသည်ဆိုသော သတင်းကို ကြားခဲ့ရ ပြီးနောက် စိန့်ပေါ်လီမြို့ရှိ စတိုးဆိုင် တစ်ခု၏ရှေ့တွင် ပြန်လည်ထားရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကားကို မစ္စတာအန်ဂယ်ကင်း ပြန်တွေ့သည့်ရက် မှာ ဇွန် ၈ ရက်ဖြစ်ပြီးသူခိုးများမှာကားကို သေသေချာချာဆေးကြောပြီးမှ ပြန်လည်ထားရှိခြင်း ဖြစ်သည်။ ကားကို ပြန်လည်ရရှိခဲ့ပြီးနောက် မစ္စတာအန်ဂယ်ကင်းက မယုံကြည်နိုင်စရာ ဖြစ်ရပ်တစ်ခုဟုဆိုခဲ့ပြီးသူခိုးများလက်ထဲ ကျန်ရှိနေသေးသည့် ပစ္စည်းများ ပြန်လည်ရရှိရန် ထပ်မံ ရှာဖွေသွားမည်ဟု ပြောကြားခဲ့သည်။


https://www.facebook.com/photo.php?fbid=170808573088937&set=a.131750700328058

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...