စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြတ်ဗုဒ္ဓ၏ အသံတော်(၈)ပါး။



 


            ဗုဒ္ဓဘုရားရှင်တော်တို့သည်ဘ၀များစွာတို့တွင်မရေမတွက်နိုင်အောင် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သည့် ပါရမီတော်တို့၏ တန်ခိုးတော်ကြောင့် ဘုရားရှင်တို့သည် အသံတော် (၈)ပါးနှင့် ကြည်ညိုဖွယ်ရာ ပြည့်စုံလေ၏။

ဘုရားရှင်တို့၏ အသံတော်(၈)ပါးကား -

၁။ ၀ိသဋ္ဌ - သန့်ရှင်းစင်ကြယ် သာယာနာပျော်ဖွယ်ရှိခြင်း။

၂။ မဉ္ဖူ - ညိမ့်ညောင်းသာယာခြင်း။

၃။ ၀ိညေယျ - သိလွယ်၊ မှတ်သားရလွယ်ခြင်း။

၎။ သ၀နီယ - ထပ်ခါထပ်ခါ နာချင်ဖွယ်ရှိခြင်း။

၅။ ဗိန္ဒူ - တစ်လုံးတစ်စည်းထဲ ရှိခြင်း။

၆။ အ၀ိသာရီ - ပရိသတ်အပြင်သို့ ပြန့်မထွက်ခြင်း။

၇။ ဂမ္ဘီရ - နက်နဲခြင်း။

၈။ နိန္နာဒိ - ပဲ့တင်ထပ်ခြင်း (echo)အသံတော်ရှိခြင်း။

ဟူ၍ မြတ်စွာဘုရား၏ ကြည်ညိုဖွယ်ရာ အသံတော်(၈)ပါးဖြစ်ပါသည်။

( ဓမ္မ၀ီရ အရှင်တေဇနိယ )3 Treasures: Buddha, Dhamma & Sangha


https://www.facebook.com/photo.php?fbid=142506025944902&set=a.103064279889077.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...