စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လမ်းလျှောက်ရာမှာ ကူညီပေးနိုင်မဲ့ စက်



Posted by: Freddy

Honda Motor ကုမ္မဏီက တီထွင် ထုတ်လုပ်လိုက်တဲ့ စက် ဖြစ်ပါတယ်။
လမ်းလျှောက်တဲ့ အခါ ခန္တာကိုယ် အလေးချိန်ကို ဒူးညွတ် လိုက်တဲ့ အချိန်ဖြစ်ဖြစ်ရုတ်တရက် ဆန့် ထလိုက်တဲ့ အချိန် ဖြစ်ဖြစ် မိုက်ကနဲ့ ဖြစ်မသွားအောင် ကူညီပေးနိုင်မည့်စက်ဖြစ်ပါတယ်။
လှေကားအတက် အဆင်းချိန်များတွင် ဒူးကွေးဆန့် ချိန်များ၌ သူက အကောင်းဆုံးထောက်ပံ့အား အနေနဲ့ ဝန်ထမ်းပေးမှာ ဖြစ်ပါတယ်။ အဓီက ကတော့ အလေးအပင်များကိုကုန်းမ ရသော စက်ရုံအလုပ်သမားများ အနေနဲ့  ထိုစက်ကို အသုံးပြုပါကယခင်ကထက် ပိုမို အလုပ်တွင်မှာ ဖြစ်ပါတယ်။ 


အလေးအပင်များမ၍ ဒူးကြွက်သားများ နာခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
လှေကားအတက်အဆင်း ခက်သော သက်ကြီးရွယ်အိုများ အတွက်လည်း သူကဒူးခေါင်းကြွက်သားကို တွန်းအားတစ်ခုအနေနဲ့ ထောက်ပံ့ပြီး လှေကားတက်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ယခင်ကထက် ပိုမို ပေါ့ပါးမှုကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။


ဒီစက်ဟာ ၂.၈ ကီလို (၆.၂ပေါင် ) အလေးချိန်ရှိပြီး အားသွင်းနိုင်တဲ့ Lithium Battery များ ထည့်သွင်းထားပါတယ်။ အရွယ်အစား သုံးမျိုး ထုတ်ထားပါတယ်။ စက်ကို ထိန်းချုပ်တဲ့ကွန်ပျူတာနဲ့ ဘထ္ထရီကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး ခြေလှမ်း လှမ်းလိုက်တာနဲ့ 
ထိရောက်တဲ့ တွန်အားကို ပေးနိုင်တဲ့ စနစ်ကို ထောက်ပံ့ပေးထားပါတယ်။
သေချာတာကတော့ဒီစက်ကို မြဲနေအောင် သူ့ မှာပါတဲ့ ဖိနပ်ကိုလည်း စီးထားရမှာ ဖြစ်ပါတယ်။


 https://www.facebook.com/photo.php?fbid=427747367323100&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...