စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓဧ။်အနတ္တ၀ါဒ



အိန္ဒိယပြည်ကြီးသည် အတ္တ၀ါဒဖြင့်တင်းမာနေခဲ့၇ာ အနတ္တ၀ါဒပေါ်ပေါက်လာသောအခါ ထောင့်တိုင်းထောင်းတိုင်းတွင်ပြဿနာများပေါ်လာခဲ့သည်။အတ္တအစွဲအလမ်းကြီးမာလှသည့်နေ၇ာတွင် ဗုဒ္ဓဧ။်အနတ္တ၀ါဒ၀င်ေ၇ာက်လာသောအခါမပြေလည်မှုများဝင်ေ၇ာက်လာ၇ခြင်းမှာသဘာဝကျလှပါသည်။ပေါ်ပေါက်လာသောပြဿနာများကိုကြေညက်အောင်ဖြေ၇ှင်းပေးနိုင်မှု၇ှိမ၇ှိကိုထိုအခါကအတ္တ၀ါဒနှင့်အနတ္တ၀ါဒ၇ှင်တို့ဧ။်တာဝန်ဖြစ်သည်။

ပြဿနာများကိုပြေလည်အောင်ဖြေ၇ှင်းပေးနိုင်လေထိုဝါဒ၇ှင်တို့ဧ။်စည်း၇ုံးေ၇းကောင်းလေဖြစ်သည်။ဗုဒ္ဓသည်အနတ္တ၀ါဒ၇ှင်ဖြစ်သည့်အတိုင်းထောင့်တိုင်းမှပေါ်ပေါက်လာသောပြဿနာများကိုဖြေ၇ှင်းပေးခဲ့သည်။ဗုဒ္ဓဖြေ၇ှင်းသည့်အတိုင်းလည်းကြေလည်သည်။ထို့သို့ဖြေ၇ှင်းပေးနိုင်သောကြောင့်လည်းတိုတောင်းလှသော၄၅နှစ်အတွင်းမှာပင်ဗုဒ္ဓဧ။်အနတ္တ၀ါဒသည်အောင်ပွဲခံနိုင်အောင်ပျံ့နှံ့သွား၇ခြင်းဖြစ်သည်။ဗုဒ္ဓဧ။်ပြဿနာများကိုကိုင်တွယ်၇ာတွင်နူးညံ့မှု၊ကျင်လည်မှု၊နည်းပ၇ိယာယ်ကြွယ်ဝမှုတို့ကြောင့်ဖြစ်သည်။

ထိုအချိန်ကအိန္ဒိယပြည်ကြီးတွင်အတ္တ၀ါဒသာတင်းမာသည်မဟုတ်ပါ။ဝိသာခါ အနာထပိဏ်စသောမြေ၇ှင်းကြီးများဧ။်အင်းအားကလည်းမသေးလှပေ။အ၇က်မူးအောင်သောက်၍ဗုဒ္ဓဘက်ခြေလှည့်အိပ်တတ်သောမိုက်ကန်းသူများလည်းမ၇ှားပေ။

သို့သော်ဗုဒ္ဓသည်နိဗ္ဗာန်လမ်းသို့ပို့တောင်၇ာတွင်မြေ၇ှင်ကြီးများပဲဟူ၍ချန်မထား။မိုက်ကန်းသူဟူ၍မျက်နှာမလွှဲခဲ့ပေ

ဗုဒ္ဓဧ။်မဟာက၇ုဏာတော်သည်ကြီးမားလှပေသည်။ဗုဒ္ဓသည်ဆင်း၇ဲချမ်းသာ၊လူဖြူလူမည်း၊လူမိုက်လူလိမ္မာခွဲခြားတော်မမူဘဲအနတ္တ၀ါဒဖြင့်ချွတ်ထိုက်သူမှန်သမျှကိုနိဗ္ဗာလမ်းသို့ပြပေးတော်မူခဲ့သည်။ထိုသို့ပြပေးနိုင်၇န်လည်းလေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကတည်းကဗုဒ္ဓသည်၇ည်၇ွယ်ခဲ့ပြ်ီးဖြစ်သည်။

၇ည်၇ွယ်၇င်း၇ှိသည့်အတိုင်းပြဿနာများကိုဖြေကြား၍အပြီးတွင်
(၁)ထိုပြဿနာများဖြစ်ပွားလာ၇သောဆင်း၇ဲမှုကိုလည်းကောင်း
(၂)ထိုဆင်း၇ဲမှုပေါ်ပေါက်၇ာ၊မြစ်ဖျားခံ၇ာအကြောင်း၇င်းကိုလည်းကောင်း
(၃)ထိုဆင်း၇ဲမှလွတ်မြောက်၇ာနိဗ္ဗာန်ကိုလည်းကောင်း
(၄)နိဗ္ဗာန်သို့သွား၇ာလမ်းခ၇ီးကိုလည်းကောင်း

ပြဆို၇င်းနိဂုံးချုပ်လေ့၇ှိသည်။ဤသည်မှာအနတ္တ၀ါဒဧ။်အနှစ်သာ၇ဖြစ်၍လိုလားချက်အကျဆုံးဖြစ်သည်။ဤလေးပါးကိုသစ္စာလေးပါဟုခေါ်သည်။

သတ္တ၀ါမှန်သေ၇ွ့တ၇ားတွေ့အေးငြိမ်းချမ်းသာ၇ှိပါစေ။


https://www.facebook.com/photo.php?fbid=427049910726179&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...