စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကောင်မလေး သေတာ ဘယ်သူ့အပြစ်လဲ?


 
(စိတ်ပညာ စမ်းသပ်ချက်က ပုံပြင်လေးတပုဒ်လို့ဆိုပါတယ်။အဖြေမှန်ရယ်လို့ မရှိပေမဲ့ ဖြေလိုက်တဲ့ အဖြေဟာ ကိုယ်စရိုက်ကို တစွန်းတစ လှစ်ဟပြခြင်းတဲ့...ဒါ..ငေ့် အချိန်လေးများရမယ်ဆိုရင်..မတော်တဆဖတ်မိခဲ့ရင်...comment လေးပေးခဲ့ပေါ့..)

တခါက မြစ်ကမ်းတခုရဲ့ ဘေးမှာ ဆရာဝန်တရောက်နေထိုင်ပါတယ်...။သူက တဆင့်ပြောပြတဲ့ ပုံပြင်လေးပေါ့....။အသက်ကြီးပြီး ချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးတရောက်ဟာ သူ့အသက်ထပ်ဝက်ငယ်တဲ့ ငယ်ငယ်ချောချောမိန်းခလေးတယောက်ကို လက်ထပ်ထားပါတယ်...။ကောင်းမလေးကိုလည်း လူကြီးက နဲနဲချုပ်ချယ်တယ်ပေါ့....။ကြာတော့ ကောင်မလေးက သူမအိမ်ထောင်ရေးအပေါ် ငြီးငွေ့စ ပြုလာပါတယ်.....။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ..။တနေ့တော့ ကောင်မလေး စားသောက်ဆိုင်တဆိုင်မှာ သူနဲ့ရွယ်တူ ကောင်လေးတယောက်နဲ့ ဆုံမိပါတယ်..ကောင်လေးက လူချောလေးပေါ့..။သူတို့နှစ်ယောက်လုံးဟာ မြင်မြင်ချင်းပဲ တယောက်ကိုတယောက် စိတ်ဝင်စားမိသွားပါတယ်...။
နေ့စဉ်တိုင်းပါပဲ..။ကောင်မလေး လူကြီးအလုပ်သွားတဲ့ အချိန်မှာ သူ့ချစ်သူကောင်လေးဆ်ီကို ကားမောင်းပြီး သွားတွေ့လေ့ရှိပါတယ်.။လူကြီးအလုပ်က ပြန်လာချိန် ညနေပိုင်းလောက်ဆိုရင် အချိန်မီ အိမ်ကို ပြန်လာရပါတယ်။အဲလိုသွားလေတိုင်း မြစ်ကို ဖြတ်ကူးရပါတယ်..။မြစ်မှာ တံတားတစင်းရှိပေမဲ့ တခါတရံ ရေလျှံတက်ပါတယ်...။

တနေ့တော့ ရာသီဥတု မကောင်းဘူး..။ချစ်သူနဲ့ တွေ့အပြီး အပြန်လမ်းမှာ မြစ်ရေဟာ လှိုင်းရေတွေ ထကြွနေပါတယ်..။တံတားပေါ်လည်း ရေက ရောက်လုလု ဖြစ်နေတယ်..။အချိန်မီ ပြန်ရမယ့် ကောင်မလေးဟာ တံတားပေါ် ကားမောင်းလို့ ဘယ်လိုမှ မဖြစ်တဲ့ အနေအထားမို့ စိုးရိမ်နေရတော့တယ်..။
ကံကောင်းစွာပဲ မနီးမဝေးမှာ ကူးတို့ လှေငယ်လေးတစင်း မြစ်တဖက်ကမ်းကူးဖို့ ဟန်ပြင်နေတာကို ကောင်မလေးတွေ့ လိုက်ရတယ်..။သူမ၀မ်းသာ သွားသလို အပြေးမီအောင် ကူးတို့ဆီ အရောက်သွားပါတော့တယ်...။

လှေနားရောက်တော့ တဖက်ကမ်းကူးမယ့် လှေထိုးသားလေးဟာ လိုက်မယ်ဆိုရင် ပိုက်ဆံပေးပါလို့ တောင်းပါတယ်..။အဲဒီမှာ ခက်တော့တာပဲ..။ကောင်မလေးမှာ ပိုက်ဆံမပါဘူး..။သူမက လှေထိုးသားလေးကို ရှင်းပြရတော့တယ်...သူမမှာ ပိုက်ဆံမပါတဲ့ အကြောင်း ...နောက်မှာပေးပါ့မယ်ပေါ့...။လှေထိုးသားက နားလည်ပါတယ်.။ဒါပေမဲ့..သူပို့လို့ မဖြစ်ပါဘူး..ဘာလို့ဆို ..ဒီလှေဟာ ..သူပိုင်မဟုတ်သလို..သူ့အလုပ်ရှင်ကလဲ..စည်းကမ်းတင်းကျပ်ထားပါတယ်..ပိုက်ဆံမပေးပဲ ..ဘယ်သူ့ကိုမှ..လှေပေါ်မခေါ်ရဘူး...ခေါ်တာသိရင်..အလုပ်ဖြုတ်မှာ..တဲ့လေ..။ဒါကြောင့် သူဟာ ကောင်မလေးကို ခေါ်ဖို့ မဖြစ်နိုင်ပါဘူး လို့ ငြင်းပါတယ်..။
ကောင်မလေး မှာ အားကိုးစရာ သူ့ ချစ်သူပဲ ရှိပါတော့တယ်..ဒါကြောင့် လှေထိုးသားကို ခဏစောင့်ခိုင်းပြီး ချစ်သူဆီကို ပိုက်ဆံသွားတောင်းပါတော့တယ်..။

သူမချစ်သူက .....။'' ချစ်ရယ် ..မင်းနဲ့ ကိုယ်နဲ့ အချစ်က ..စစ်မှန်လှပတဲ့ အချစ်..ငွေ၊ဂုဏ်၊ပကာသနတွေ ဘာမှ..မပါတဲ့ ..အချစ်..မင်းကိုကူညီလိုက်လို့..ဖြစ်ပါတယ်..ဒါပေမဲ့...ငွေဆိုတဲ့..အရာက ..ကိုယ်တို့..၂ ယောက်ရဲ့ အချစ်အပေါ်..စွန်းထင်းသွားမှာ..ကိုယ်..မလိုလား..ဘူး..ဒါကြောင့်..မင်းကို...ဒီငွေ..ကိုယ်..မပေးပါရစေနဲ့..''တဲ့..။

ချစ်သူဆီကလဲ အကူအညီမရတဲ့ အခါ ကောင်မလေးမှာ ရွေးစ၇ာ မရှိတော့ပါဘူး..။ဒါကြောင့် အချိန်မီ မရောက်ရင် ပြဿနာ ကြီးသွားနိုင်တဲ့ ဒယ်ဒီ ရှုတ်ဂါး ဆီ ရောက်ဖို့ ရေလျှံနေတဲ့ တံတားပေါ် အရဲစွန့်ပြီး ကားမောင်းလာခဲ့ တော့တယ်..။

ဒါပေမဲ့ ကြီးမားတဲ့ လှိုင်းလုံးကြီးတလုံးက ကောင်မလေးမောင်းလာတဲ့ ကားကို အဝေးတနေရာဆီထိ ခေါ်ဆောင်သွားတော့တယ်....။
ဆရာဝန်က ကော်ဖီလက်ကျန်လေးကို မော့သောက်လိုက်ပီး မေးလိုက်တယ်...။
ကောင်မလေး သေတာ ဘယ်သူ့အပြစ်လဲ?.....။
 

1 comment:

  1. ကောင်မလေးအပြစ်ပဲပေါ့!

    ReplyDelete

Related Posts Plugin for WordPress, Blogger...