စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







" မေခလာ ပြောပြတဲ့ အမျိုးသမီးတီးဝိုင်း အကြောင်း "


Monday, June 17, 2013

၁၉၈ဝကျော် ပတ်ဝန်းကျင် ကာလမှာ အမျိုးသမီးတွေချည်းပဲ ဖွဲ့စည်းထားတဲ့အမျိုးသမီးတီးဝိုင်းတစ်ဝိုင်းထွက်ပေါ်ခဲ့ပါ တယ်။ တီးဝိုင်းရဲ့နာမည်က တော့ ဗီးနပ်စ်တီးဝိုင်းပဲဖြစ်ပါ
တယ်။ ဒီတီးဝိုင်းမှာမိန်းကလေး ၅ဦးက ပါဝင်တီးခတ်ကြတာဖြစ် ပြီးအဆိုတော်တွေရဲ့ဖျော်ဖြေ ပွဲတော်တော်များများကို တီးခတ်ပေးခဲ့ပါတယ်။ မေခလာကလည်း အမျိုးသမီးတီးဝိုင်းနဲ့ အတူ ပွဲတွေတော်တော်များများ သီဆိုဖြစ်ခဲ့ပြီးတီးဝိုင်းက ပလေယာတွေကလည်းသူနဲ့ ရွယ်တူသူငယ်ချင်းတွေပဲဖြစ် တယ်လို့ဆိုပါတယ်။မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှာ လွှင့် ဖို့အတွက်တီးဝိုင်းတွေခေါ်တဲ့အခါဗီးနပ်စ်တီးဝိုင်းနဲ့အတူ မေခလာကသီဆိုခဲ့ပါသေး တယ်။ရုပ်သံမှာလည်း ဆိုဖြစ်ခဲ့ သလိုနယ်ဖျော်ဖြေပွဲ သွားတိုင်း
လည်း ဗီးနပ်စ်တီးဝိုင်းနဲ့အတူ သွားဖြစ်ခဲပါတယ်။"

ဗီးနပ်စ်တီးဝိုင်းကိုကူညီပေးခဲ့တာက မြန်မာပြည်သိန်းတန်ပါ။ ဦးသိန်းတန်ရဲ့ရှိုးတွေမှာ ဗီးနပ်စ်တီးဝိုင်းကိုခေါ်ပြီးတီးခိုင်းလေ့ရှိပါ
တယ်။ LPJ ကိုငှားရင်းနဲ့ ဗီးနပ်စ် တီးဝိုင်းပါပါသွားတာပေါ့။ အဲဒီလိုနဲ့ ဗီးနပ်စ်တီးဝိုင်းကို လူတွေသိလာကြတယ်။ သိလာကြတဲ့အချိန်ကျမှ အကုန်လုံးက ကိုယ်စီ၊ ကိုယ်စီနဲ့ပြည်ပကိုရောက်သွားကြတယ်။

ဗီးနပ်စ်တီးဝိုင်းက မိန်းကလေးအဆိုတော်တွေအတွက်ပဲ တီးပေးတာမဟုတ်ဘူး။ ယောက်ျားလေးအဆိုတော်တွေအတွက်လည်း တီးပေး တယ်။ အဲဒီကာလတုန်းကလည်း
မိန်းကလေးတီးဝိုင်းက သူတို့ တီးဝိုင်းတစ်ခုပဲရှိလိမ့်မယ်လေ။

အဲဒီတော့ထူးဆန်းနေတာပေါ့။ သူတို့ကအပျော်တမ်းလုပ်ကြ ရင်းနဲ့ပရော်ဖက်ရှင်နယ်လိုဖြစ် သွားကြတာပါ။သူတို့က
တအား ကြိုးစားကြတယ်။တချို့သီချင်း တွေဆိုသူတို့ကအလွတ်ကို တီး ကြတော့တာပဲ။အစ်မကတော့ သူတို့ Band ကို အရမ်းနှမြောတာပဲ။အခုအချိန်မှာလည်း
အမျိုးသမီးတီးဝိုင်းတွေပေါ်စေချင်တယ်။အခုခေတ်မှာ မိန်းမနဲ့ယောက်ျားနဲ့ရင်ပေါင်တန်း နိုင်ပြီလေ။ ဒါကြောင့်ကိုယ်လည်း ဒါကိုလုပ် နိုင်ပြီဆိုတာပြရမယ်" လို့ အမျိုးသမီးတီးဝိုင်းတွေပေါ်ပေါက် လာစေချင်တဲ့အကြောင်းကို မေခလာ ကပြောပြခဲ့ပါတယ်။

လင်းအက္ခရာ
Popular Journal


https://www.facebook.com/photo.php?fbid=589806717726637&set=a.572785052762137.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...