စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချစ်စရာ့ မြန်မာ့ဓလေ့


 
 
      တစ်လော တုန်းက ဆရာမကြီး လူထုဒေါ်အမာရဲ့  " ချစ်စရာ့ စေတနာ " ဆိုတဲ့ ဆောင်းပါးလေး တစ်ခု ဖတ်ရတော့ ကျတော် တို့ လူ့ ပတ်ဝန်းကျင် မှာ ပျောက်ကွယ် လုနီးပါးဖြစ်နေတဲ မြန်တို့ ရဲ့ ချစ်စရာ့ ဓလေ့ လေးတစ်ခုကို သထားမိခဲ့ပါတယ် ။ လမ်းသွားလမ်းလာ နဲ့ ခရီးသွားသူတို့ ကို ရေကုသိုယ် ဒါနပြုထားတဲ့ ရေချမ်းစင် အကြောင်းလေးပါ ။ ဆရာမကြီး က သူတို့ ငယ်ငယ် ကတည်းက ရှိခဲ့ တဲ့ အဲဒီ ဓလေ့ အကြောင်း ရေးသားထားတာကိုဖတ်ရတာ လွမ်းဆွက်ဖွယ်ရာကောင်းလှသလိ
စိတ်ကြည်နှူးစရာလည်းကောင်းလှ ပါတယ် ။
 
ဟုတ်ပါတယ် ...ကျတော် တို့ ငယ်ငယ် ကလည်း ရွာအတွင်း ရွာအပြင် မှာ ရှိခဲ့တဲ့ အရိပ်ကောင်းတဲ့ သစ်ပင်အောက်က ရေချမ်းစင်မှာ ရေအေးအေး လေးသောက်လာခဲ့ရဖူးပါတယ် ။ တခါတစ်လေ.နေပူပူကြီးထဲ ကနေ လာပြီး သစ်ပင် အရိပ် အောက် က ရေချမ်းစင်လေး ကို မြင်ရင် အပြေးလွားသွားပြီး အငမ်းမရကို သောက် သုံးမိတာပါ ။ ရေချမ်းစင်လေး အကြောင်းပြန်ပြောရမယ် ဆိုရင် 
 
.....အများအားဖြင့် ရေချမ်းစင်မှာ ရိုးရိုးမြေအိုး တွေ နဲ့ ရေထည့်လေ့မရှိဘဲ အပြင်ဘက်  ကို ရေစိမ့် ထွက် နိုင်တဲ့ သဲအိုး ( သဲရောတဲ့ မြေနဲ့ ပြု လုပ်ထားတဲ့ ရေအိုး ) နဲ့ ထည့် ထားပြီး ရေလှူ ကြတာ များပါတယ် ။ အဲ လို သဲအိုးနဲ့ရေထည့်ထားရင် ရေလေးတွေ က အိုးအပြင်ဘက် ကို စိတ်ထွက်နေတတ်ပြီး လေကလေး တိုက်လိုက် တဲ့ အခါ အိုးထဲ ကရေလေးတွေ က အေးစိမ့် နေတတ်တယ် ။ ဒီတော့ စိုစွပ်နေတဲ့ ရေအိုး ကို မြင်တာနဲ့ ကို
ရေသောက်ချင်စိတ်က ထိန်းမလို့ ရတတ်ဘူး ။
 
      .ရေ ကို လှူ တဲ့ အလှူ ရှင်ကလည်းနေ့ တိုင်း ရေသစ် လဲ လှယ် ပြီး ရေအိုးနဲ့ သောက်ရေခွက် ကို ဆေးကျော သန့် စင်ရပါတယ် ။ တချို့ တွေ ဆို
ရေအိုးပတ်ပတ်လည် မှာ မြေလေးဖို့ ပြီး စပါးစေ့လေးတွေ ကျဲ ထားပါသေးတယ် .။ အဲဒီ ပါးစေ့ က စပါးပင် ပေါက်လာတဲ့ အခါ အိုးပတ်ပတ်လည် မှာ စပါးပင်စိမ်းစိမ်းလေးတွေ နဲ့ မျက်စိပသာဒ ရှိလှသလို အိုးထဲက ရေကိုလဲ ပိုအေး အောင်ထိမ်းထားနိုင်ပါတယ် ။ ကျတော် တို့ ငယ်ငယ် က ရေချမ်းစင်မှာ သောက်ရေခွက်အဖြစ် အများအားဖြင့် အသုံးပြု ကြတာကတော့ အုန်းမှုတ်ခွက် ပါ ။ အိုးမှုတ်ခွက် ကို အသေချာ အချော ကိုင် ၊ ခွက်နားစွန်း တဖက်တချက် မှာ အပေါက်ပြီး လက်ကိုင်ရိုးကို တတ်ထားပါ တယ် ။

တချို့ တွေ များ အဲ ဒီ လက် ကိုင် ဒုတ် ကို နဂါးရုပ် တို့ နတ်သမီး ရုပ် တို့ ကို ထွင်းထားပါသေးတယ် ။ အိုးမှုတ်ခွက် နဲ့ ရေသောက်ရတဲ့ အခါ တခြားခွက် နဲ့ သောက်ရတာမတူ ပဲ အုန်းမှုတ်ခွက် အနံ့ လေး ကသင်းသင်း ကလေးနဲ့ပါ ။ နောက်ပိုင်း မှာ တော့ ပလပ်စတင့်ခွက် တို့ စတီးခွက်တို့ ကိုပြောင်းလဲ အသုံးပြု လာတာ သတိပြု မိပါတယ် ။ အခု ချိန်တွေမှာ ခေတ်မှီ ရေသန့် စက်နဲ့ တွဲ ပြီး လူစည်ကားတဲ့ နေရာ နဲ့ ကျောင်းကန်ဘုရားတွေ မှာ ရေကုသိုလ်ပြု ထားတာတွေ မြင်ကြရမှာလိမ့်မယ် ။ အဲဒါတွေ ဟာ ကျမ်းမာရေး အမြင်နဲ့ မြင်ရင် တော့ လူတွေ အတွက် သင့် တော် လှ ပေမယ့် လူတစ်ယောက် ရဲ့ ရေသောက်ချင်စိတ်ကို မြန်မာ့ ဓလေ့ ရေချမ်းစင်လောက် ဆွဲဆောင်နိုင်ခြင်း
မရှိလောက်ဘူးလို့ ကျတော် ထင်ပါတယ် ။
 
 
အခုနောက် ပိုင်းမှာ မြန်မာ့ဓလေ့ ရေချမ်းစင် တည် တဲ့ အလေ့အထဟာ တချို့  နေရာတွေမှာ တဖြည်းဖြည်း ပျောက်ကွယ် လုပြီ ထင်ပါတယ် ။ အဲ လို ဖြစ်လာရတဲ့ အကြောင်းရင်း တွေကတော့ အမျိုးမျိုး ပါပဲ...။ ကျတော့် အနေနဲ့ တော့ ရေချမ်းစင် ဓလေ့ လေး တစ်ခု ကွယ် ပျောက်သွားရမှာကို နှမြောနေမိပါတယ် ။

အဆိုတော် လင်းလင်း ကလည်း သူ့ ရဲ့  " မန္တလေးမြို့  သေဆုံးခြင်း " ဆိုတဲ့ သီ ချင်းမှာလားမသိဘူး..မန်းလေး မြို့ မှာ ရေချမ်းစင်လေး တွေ ကွယ် ပျောက် ကုန်တာကို နှမြော
တသ စွာနဲ့ ရေးဖွဲ့ သီိ ဆိုထားတာ ကြားခဲ့ ရဖူးပါတယ် ။
 
       အခုတင်ပြထားတဲ့ ပုံ က ကျတော် အညာဒေသကို အလည်ရောက်စဉ်တုန်းကတွေ့ ခဲ့ ရတဲ့ နတ်မောက် မြို့ နယ် ဂွေးကုန်း ဘူတာနား က ခရီးသွားသူတို့ ကို ရည်ရွယ်ပြီး လှူထားတဲ့ ရေချမ်းစင်လေး ရဲ့ ပုံ ဖြစ်ပါတယ် ။ ဒီ ရေချမ်းစင်လေး အတွက်ရေ ကို အနားမှာ ရှိတဲ့ စက်ဘိန်း ပြင်ဆိုင်လေးက နေ့တိုင်းတာဝန်ယူပြီး ရေအသစ် လဲ
လှယ် ပြီး ရေအိုးနဲ့ သောက်ရေခွက် ကို သန့် စင်ပေးတယ် လို့ သိရပါတယ် ။ ဿဓု ခေါ် ချင်စရာကောင်းတဲ့ ကုသိုလ် ဒါန တစ်ခု ပါပဲ ။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...