ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား။
၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး ။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ။
ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ ။
ကဲ ကဗျာလေးကတော့ အကောင်းတကာ့အကောင်းဆုံး ၊ ကျုပ်တို့မြန်မာလူမျိုးတွေအတွက်
အထွတ်အထိပ်အထားရဆုံး ကျေးဇူးရှင် ဘဘဗိုလ်ချုပ်ကြီးအတွက် .........
ကျုပ်တို့လူငယ်တွေ မသိတဲ့ ကလောင်ရှင်တစ်ဦးမှ ရေးသားဖွဲ့သီခဲ့တဲ့ကဗျာလေးပေါ့ဗျာ ။
အဟက်.... ။ အခုတော့ လူငယ်အများစု စိတ်ဝင်တစားမြတ်မြတ်နိုးနိုးနဲ့ဖြစ်ပျက်နေကြ
တာက ဆယ့်လေး ။ ဆယ့်သုံးမဟုတ်ဘူးဗျ ။ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို ချစ်တတ်မြတ်နိုးတတ်တဲ့ လူငယ်တွေကိုတော့ မပြောပါဘူးဗျာ ။ ဒါလေးဖတ်ကြည့်ပါအုံး
ကျုပ်စပ်ထားတဲ့ကဗျာလေးကို ........
ဖေဖော်ဝါရီ ၁၄ဟာ ချစ်သူများနေ့ပါ
ခုခေတ်လူငယ် အကြိုက်များ
သားသားတို့လည်း ပါတယ်ဗျား ။
၁၃ ကိုတော့ မကြည့်ပါ
ဘာမှလုပ်လို့မရတာ(ကဗျာအဖြစ်နဲ့ပဲ ဖတ်ပေးပါ)
ကျေးဇူးရှင်ကို ဘေးမှာထား
သားသားမီးမီး ကဲတယ် တအားးး ။
ဇူလိုင်ဆယ့်ကိုး ဘာလဲဗျာ
သားသားမီးမီးမသိပါ
သယ်ရင်းတွေနဲ့လျှောက်လည်ရင်း
အရက်ပြင်းပြင်း ဗျင်းးး ။
`လွတ်လပ်´ဆိုတာ လုပ်ချင်တာလုပ်
မဟုတ်တရုပ် အကုန်ရှုပ် ။
ပြည်ထောင်စုကို လွတ်လပ်ဖို့
ဘကြီးဗိုလ်ချုပ် အသက်မြှုပ် ။
ဘကြီးဗိုလ်ချုပ် ရောက်လေရာ
အေးချမ်းသာယာပါစေဗျာ ။
သားသားလစ်က ဆုတွေတောင်း
ခင်ဗျားတို့လည်း မမေ့ကောင်း ။ ။
`ငလစ်´ဆိုတဲ့အကောင်က ဗိုလ်ချုပ်အောင်ဆန်းကို မြတ်နိုးတဲ့ကောင်၊ လေးစားအားကျတဲ့
ကောင် ၊ ပြီးတော့ မိမိနိုင်ငံကို ချစ်တဲ့ မြတ်နိုးတဲ့သူတွေကိုလည်း မြတ်နိုးလေးစားတဲ့ကောင်
ပါခင်ဗျ ။ အဲ `အကောင်(ကောင်)´ လို့သုံးလိုက်မိတာက ကျုပ်ကိုကျုပ် နှိမ့်ပြီးသုံးလိုက်တဲ့
စကားလုံးသတ်သတ်ပါ ။ ရိုင်းသွားတယ်ဆိုရင်လည်း ခွင့်လွှတ်ပေးကြပါခင်ဗျာ ။
ကဲ ...... ဆယ့်သုံး ကို ချစ်တယ် မြတ်နိုးတယ်ဆိုရင် ၊ ထောင့်ကိုးရာလေးဆယ့်ခွန်ကို
အောက်မေ့တသတယ်ဆိုရင် ဆယ့်သုံးရက်နေ့ နံနက်ခင်းကို ရောက်ပြီဆိုတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရည်မှန်းပြီး အလေးပြု၍ဂုဏ်ပြုဆုတောင်းလိုက်ကြရအောင်လားဗျားးး ။
No comments:
Post a Comment