စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရှင်အာနန္ဒာ၏ ပယ်ဆုလေးတန်၊ ခံဆုလေးပါး


♣ ကံ အရေးပါသည် ♣

အရှင်အာနန္ဒာ၏ ပယ်ဆုလေးတန်၊ ခံဆုလေးပါး တရားထဲတွင် အရှင်အာနန္ဒာက မြတ်စွာဘုရားအား အမြဲတမ်း အလုပ်အကျွေး ပြုပေးရမည့် ဥပဋ္ဌာက ရဟန်း ရာထူးနေရာကို သူလက်ခံရာမှာ… လူများ၏ သည်းခြေကြိုက် အခွင့် အရေး၊ ရပိုင်ခွင့် ၄ မျိုးဖြစ်သော -

၁။ မြတ်စွာဘုရား အားကပ်လှူသော ကောင်း သောဆွမ်းကို သူ့အား မကျွေးရန်၊

၂။ မြတ်စွာဘုရားဝတ်ရုံသော သင်္ကန်း အကောင်းစားကို သူ့အားမပေးရန်၊

၃။ မြတ်စွာဘုရားနှင့်အတူ ဂန္ဓကုဋိတိုက်တွင် သူ့အားအတူမထားရန်၊


၎။ မြတ်စွာဘုရားအား ပင့်ဖိတ်သော အလှူ ပွဲများသို့ သူ့အားမခေါ် ရန်တို့ကိုပယ် ဆုလေးတန်အဖြစ်လည်းကောင်း၊ လောက ကောင်းကျိုး ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် သူယူရမည့် ရာထူး၏ လုပ်ပိုင်ခွင့် တာဝန်နှင့် ဝတ္တရား ၄ မျိုးဖြစ်သော -

၁။ သူပင့်ဖိတ်တိုင်း မြတ်စွာဘုရားမှ ကြွချီပေးရန်၊

၂။ အဝေးမှလာသော ဘုရားဖူးများအား မြတ်စွာဘုရားရှေ့မှောက် ပို့ခွင့်ပြုရန်၊

၃။ သူသံသယရှိခဲ့လျှင် မြတ်စွာဘုရားအား ချက်ချင်းမေးလျှောက်ခွင့်ပေ
ရန်နှင့် မြတ်စွာဘုရားမှလည်း ဖြေဆိုပေးရန်၊

၎။ သူ့ကွယ်ရာမှာ မြတ်စွာဘုရား ဟောကြား ခဲ့သော တရားများကို သူ့အား အစအဆုံး ပြန်လည် ဟောကြားပေးရန် တို့ကို ‘ခံဆုလေးပါး’ အဖြစ် လည်းကောင်း တောင်းခံပုံကိုသိရ သည့်လူတိုင်းက မိမိကိုယ် တိုင်သာဟု ဝင်စဉ်းစားကြည့် မိရုံလေးဖြင့်ပင် ကြက်သီးမွေးညင်း ထမိပါသည်။

     ပုထုဇဉ်ထဲမှာလည်း ရပိုင်ခွင့်အခွင့် အရေးတွေကို ရောင့်ရဲ တင်းတိမ်ပြီး၊ လုပ်ပိုင်ခွင့် တာဝန်ဝတ္တရားကို အစွမ်းကုန် လုပ်ဆောင် သွားသော ဗိုလ်ချုပ် အောင်ဆန်းလို လူတွေရှိခဲ့ပါ သည်။ ရှိနေပါသည်။ လူရယ်လို့ ဖြစ်လာလျှင် လူတိုင်းမှာမိမိနှင့် သက်ဆိုင်သော တာဝန် ဝတ္တရားများ ရှိပါသည်။ အနိမ့်ဆုံး သားသမီးဝတ်တော့ ရှိပါသည်။ တိုင်းပြည် တစ်ခုလုံး၏ ကံကြမ္မာကို အကောင်းဘက် ပြောင်းလဲရန် ကြိုးစားကြရာမှာ လူနည်းစု၏ ကြိုး စား ရုန်းကန်မှုထက် တိုင်းသူ ပြည် သား အားလုံး၏ ကြိုးစားရုန်း ကန်မှုဖြစ် မှ အောင်မြင်လွယ်ကူမှာ ဖြစ်သည်။ ကောင်းကျိုး တရားတစ်ခု ဖြစ်ထွန်း လာရန် ပြည့်စုံရမည့် အကြောင်းတရား များထဲတွင် ကံကောင်းခြင်းသည် အရေးပါသော အကြောင်းတရား တစ်ခုဖြစ်၏။ ရှေ့တန်းမှ ကိုယ်ကျိုး စွန့်ရုန်း ကန်နေကြသော နေရာမှ မပါနိုင်ခဲ့သည် ရှိသော် တစ်ဦးချင်း ကံကောင်း နေရန် အကြောင်းကောင်းတွေကို သတိ ဥာဏ်ပညာဖြင့် ဖြည့် ဆည်းပေးနေ ကြစေချင်ပါသည်။

ကံကောင်းခြင်း ဆိုသည်မှာလည်း 
အဟိရိက-      အရှက်အကြောက် ကင်းမဲ့ သဖြင့် လည်းကောင်း။ 
ကာကသူရေန- ကျီးကဲ့သို့ လုယူ ရဲသဖြင့် လည်းကောင်း။ 
ဓံသိနာ-          သူတစ်ပါး ပျက်စီးအောင် ချောက်တွန်းသဖြင့် လည်းကောင်း။ 
ပက္ခန္ဒိနာ-        အခွင့်အလမ်း သာရာသို့ ပြေးဝင် သဖြင့် လည်းကောင်း။ 
ပဂဗ္ဘေန-         ရက်စက်သဖြင့်လည်း ကောင်း။ 
သံကိလိဋ္ဌေန-  အကုသိုလ် နည်းလမ်းဖြင့် လည်းကောင်း။ 
ဇီဝိတ-           အသက်မွေးသည် ရှိသော်။ 
သုဇီတ-          အသက်မွေးမှု လွယ်၏။
ဓမ္မပဒ-၁၈၊၆၊၂၂၄ ဆိုသော အလွယ်လမ်း၊ အချောင်လမ်း၊ အကုသိုလ် ဝိသမလောဘများ မတရားသဖြင့် မသမာသော နည်းများဖြင့် ကြီးပွားအောင်လုပ် နေခြင်းကို မဆိုလိုပါ။ မြတ်စွာဘုရား၏ အဆုံးအမနှင့် အညီ မိမိ၏ စိတ်သန္တာန်တွင် ထကြွသောင်း ကျန်း တတ်ေ သာ လောဘ၊ ဒေါသတွေကို မောဟဖြင့် အလိုမလိုက် အကြိုက်မဆောင် သည်းခံရင်း လူသားတစ်ဦး အနေဖြင့် မိမိနှင့် သက်ဆိုင်သော တာဝန် ဝတ္တရားများကို မခိုမကပ်ဘဲ အစွမ်းကုန်ထမ်း ဆောင်လျက်၊ ဖြစ်ထွန်း လာမည့် ဓမ္မဗျာပါရကံ အကျိုးပေး ကောင်းခြင်းကို ဆိုလိုပါ၏။
စာပေအသိ တိုးပွားးကြပါစေ....။

အရှင်သုမနသာရ(ဖြူး)

You'realways Onmymind မှ ပူဇော်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...