စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ကို အန္တရာယ်ပေးမည့် မုန့်ပဲသရေစာများ


အာဟာရတန်ဖိုးမရှိဘဲ အလွယ်တကူပြင်ဆင်ပြီး ရောင်းချတဲ့အစားအစာတွေကို Junk food လို့ခေါ်ပါတယ်။ဒီနေ့ခေတ်မှာ Junk food-တွေဟာ အလွန်ကိုပေါများပြီး အလွယ်တကူရနိုင်တဲ့အတွက် မကြာခဏဆိုသလို စားမိတတ်ကြပါတယ်။ Junk food-တွေဟာ အရသာလည်းရှိပြီး အပြင်အဆင်ထုပ်ပိုးပုံတွေနဲ့ ရောင်းချတဲ့ဆိုင်တွေကလည်း လှပ
ခေတ်မီတဲ့အတွက် ဒီနေ့ခေတ်လူငယ်တွေ အကြားမှာ Junk food-တွေ စားသုံးတာ Junk food-ရောင်းတဲ့ဆိုင်တွေမှာထိုင်တာမျိုးတွေဟာ ဒီနေ့ခေတ်ရဲ့ စတိုင်လ်တခုလို တောင် ဖြစ်နေပါတယ်။


အချိုရည်၊ ဒိုးနတ်မုန့်၊ ကိတ်မုန့်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ပီဇာ၊ ဘီစကွတ်၊ အာလူးကြော်၊ ရေခဲမုန့်၊ ရေခဲချောင်း စတဲ့အမြန်စာတွေဟာ Junk food-တွေ ဖြစ်ပါတယ်။ ဒီမုန့်ပဲသရေစာတွေဟာ အာဟာရတန်ဖိုး မရှိရုံသာမက အမြဲစားနေရင်
ရေရှည်မှာ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Junk food-တွေမှာ အဆီ၊ ဆားနဲ့ သကြားတွေ အများအပြားပါဝင်တဲ့အတွက်ကြောင့် အရာသာရှိနေတာဖြစ်ပြီး သင့်ကျန်းမာရေး အတွက်တော့ အန္တရာယ်ပေးနိုင်တဲ့ အရာတွေပါ။

  အဆီဓာတ်ပါဝင်မှု များလွန်းခြင်း

ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကြော်၊ အာလူးကြော်နဲ့ ငါးမုန့်ကြော်လိုမျိုး Junk food-တွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ပြည့်ဝဆီတွေ အများအပြား ပါဝင်ပါတယ်။ သင်စားတဲ့ အစားအစာတွေထဲမှာ ပြည့်ဝဆီတွေ ပါဝင်မှု များလွန်းရင်ကျန်းမာရေး ထိခိုက်စေပြီး ကိုယ်အလေးချိန်တိုးကာ တဖြည်းဖြည်းဝလာနိုင်ပါတယ်။


အ၀လွန်ခြင်းကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေပြီး တခြားရောဂါ အများအပြားကိုလည်း ဖြစ်စေနိုင်ပါတယ်။အ၀လွန်နေတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ Junk food-တွေကို စွဲစွဲလမ်းလမ်း စားသောက်တတ်သူတွေ ဖြစ်နေ
တာကို တွေ့ရှိရပါတယ်။


ဆားပါဝင်မှု များလွန်းခြင်း

Junk food-တွေမှာ ဆားအများအပြား ပါဝင်တတ်ပါတယ်။ ပေါင်မုန့်၊ ကွေကာ၊ ဘီစကွတ်နဲ့ ကိတ်မုန့်တွေမှာ ဆားအများအပြား ပါဝင်ပြီးသားပါ။ ဒါကြောင့် Junk food-တွေစားရင် လိုအပ်တာထက်ပိုပြီး ဆားအများအပြား စားမိနေ
တတ်ပါတယ်။ ဆားများများစားရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

  သကြားပါဝင်မှု များလွန်းခြင်း

အချိုရည်၊ ဘီစကွတ်၊ ကိတ်မုန်၊ ရေဲချောင်းနဲ့ ရေခဲမုန့်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါကြောင့် အရသာရှိနေတာပါ။ ဒါပေမဲ့ သကြားအများကြီးစားရင် အ၀လွန်ခြင်း၊ သွားပိုးစားခြင်းနဲ့ တဲခြားရောဂါ အများအပြားကိုဖြစ်စေနိုင်ပါတယ်။


ဗီတာမင်နှင့် သတ္ထုဓာတ်များ မပါဝင်ခြင်း

Junk food-တွေမှာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစာတွေနဲ့ အစိမ်းစားရတဲ့ အစာတွေမှာပါတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်လိုမျိုး အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ခန္ဓာကိုယ်ဟာ ကျန်းမာရေးကောင်းဖို့နဲ့ ရောဂါပိုေးတွကိုခုခံတိုက်ခိုက်တဲ့ ကိုယ်ခံအားစနစ်အတွက် ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကို လိုအပ်ပါတယ်။ Junk food-တွေကိုပဲ အမြဲစား
နေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို မစားဖြစ်သူတွေဟာ မကြာခဏ နာမကျန်းဖြစ်တတ်ပါတယ်။


  တာရှည်ခံ ထိန်းဆေးနှင့် ဆိုးဆေးများ ပါဝင်ခြင်း

ပါကင်လှလှနဲ့ ထုပ်ပိုးထားတဲ့ Junk food-တွေမှာ တာရှည်ခံထိန်းဆေးတွေနဲ့ အရောင်ဆိုးဆေးတွေ ပါဝင်ပါတယ်။ဒါတွေက ရေရှည်မှာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။


အိုမင်းစေခြင်း

Junk food-တွေဟာ အိုမင်းတဲ့ ဖြစ်စဉ်ကို မြန်စေနိုင်ပါတယ်။ Junk food-တွေကိုပဲ အမြဲစားနေရင် အာဟာလုံလောက်အောင် မရရှိတော့ဘဲ ခန္ဓာကိုယ်ကို အိုမင်းပြီး ရောဂါတွေဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်း (Free Radicals)တွေ ပိုထွက်စေတာကြောင့်ပါ။ Junk food-တွေကို အများအားဖြင့် ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေက အများဆုံးစားတတ်ကြပါတယ်။ Junk food-တွေကို တခါတရံစားတာက ပြဿနာမရှိပေမယ့် အမြဲမစားသင့်တဲ့အကြောင်း အကြံပြု
ဖော်ပြလိုက်ရပါတယ်။


ဆွေဆွေမျိုးနိုင် (ဆေးဝါးတက္ကသိုလ်)
(Good Health 3-17-10)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...