စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယောက်ျားလေးများအတွက် အလှအပ ထိန်းသိမ်းနည်း


ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို မိတ်ကပ်လိမ်းပြီး အလှပြင်ဖို့ မလိုအပ်ပေမယ့် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်းသင့်တဲ့ အချက်တွေရှိပါတယ်။ တကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်တာ၊ အသားအရေ ထိန်းသိမ်း
စောင့်ရှောက်တာ၊ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာ စတာတွေကိုတော့ မိန်းကလေးတွေတင်မက ယောက်ျားလေးတွေလည်း လုပ်ဆောင်သင့်ပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပအတွက်
လုပ်ဆောင်သင့်တဲ့ အခြေခံအချက်တွေကို ဖော်ပြလိုက်ပါတယ်။



(အသားအရေ ထိန်းသိမ်းစောင့်ရှောက်ခြင်း)

ဆယ်ကျော်သက် ယောက်ျားလေးဘ၀မှာ အရေပြားပြဿနာတွေကို အများဆုံးကြုံတွေ့ရနိုင်ပါတယ်။ ဒီအရွယ်မှာဟော်မုန်းပြောင်းလဲတာ၊ အဆီထုတ်လုပ်မှုများတာ၊ ချွေးထွက်များတာနဲ့၊ လေနဲ့ရေ ညစ်ညမ်းမှုတွေကြောင့် ၀က်ခြံတွေအများအပြား ပေါက်တတ်ပါတယ်။ ၀က်ခြံတွေက မျက်နှာမှာသာမက နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် မှန်ကန်တဲ့ပစ္စည်းတွေကို
လိုအပ်သလို သုံးဖို့ အရေးကြီးပါတယ်။



* သင့်အသားအရေ အမျိုးအစားအလိုက် ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ထိခိုက်လွယ်တာစတဲ့ အချက်ပေါ်မူတည်ပြီးသင့်လျော်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။  * သင့်အရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေဖို့
အတွက် Toner သုံးပါ။ * အစိုဓာတ်ထိန်းဆေး (Moisturizer) ကတော့ သင့်မျက်နှာကို ချောမွေ့နူးညံ့စေပါတယ်။

* မုတ်ဆိတ်ရိတ်တဲ့အခါ အရေပြားပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို ချောချောမွေ့မွေ့ သုံးနိုင်စေဖို့ အတွက် မုတ်ဆိတ်ရိတ်ဂျဲလ် (Shaving Gel) ကို သုံးပါ။* သင့်အရေပြားမှာ မပျောက်နိုင်တဲ့ ၀က်ခြံ ဒါမှမဟုတ် တခြားအဖုအပိန့်နဲ့ အနာ၊ဒဏ်ရာတွေရှိရင် အရေပြားအထူးကုဆရာဝန်ကိုပြပါ။ * နေ့စဉ် နေရောင်ကာ လိမ်းဆေး လိမ်းပြီးမှ အပြင်ထွက်ပါ။
 
( သွားကို ဂရုစိုက်သန့်ရှင်းခြင်း )

ကောင်းမွန်တဲ့ ခံတွင်းသန့်ရှင်းရေးဟာ အလှအပတင်မက ကိုယ်ရည်ကိုယ်သွေးအတွက်ပါ အရေးကြီးပါတယ်။ညစ်ပတ်ပြီး မည်းနေတဲ့ သွားတွေ၊ ရောင်နေတဲ့ သွားဖုံးတွေနဲ့ ခံတွင်းနံ့ဆိုးတွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါထိခိုက်စေနိုင်ပါတယ်။


* သင့်ပါးစပ်နဲ့ အဆင်ပြေပြီး နူးညံ့တဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကို ၀ယ်ပါ။ * ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့မနက်တကြိမ်၊ ညတကြိမ် သွားတိုက်ပေးပါ။ * သွားမှန်မှန်တိုက်ပေမယ့်လည်း သွားတိုက်တံအမျှင်တွေ မရောက်နိုင်တဲ့နေရာမှာ စားကြွင်းစားကျန်တွေ ခိုအောင်းနေနိုင်ပါသေးတယ်။ ဒါကြောင့် တနေ့တကြိမ် သွားကြားပွတ်ကြိုး သုံးဖို့
လည်း လိုအပ်ပါတယ်။* သင့်သွားတွေကို သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။


( ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း )

ယောက်ျာလေးတယောက်ရဲ့ အလှအပနဲ့ တကိုယ်ရေ သန့်ရှင်းရေးအတွက် ဆံပင်ကို ပြုပြင်ထိန်းသိမ်းမှု ကလည်းအရေးကြီးပါတယ်။* သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံညှပ်ပါ။* သင့်ဆံပင်သား အမျိုးအစားအလိုက် ပါးတာ၊ထူတာ၊ အရောင်ဆိုးတာ၊ ခြောက်သွေ့တာ၊ အဆီပြန်တာ စတဲ့ အချက်တွေပေါ်မူတည်ပြီး သင့်လျော်တဲ့ ခေါင်းလျှော်
ရည် သုံးပါ။ * သင့်ဆံပင်ကို ကျန်းမာတောက်ပြောင်ပြီး ချောမွေ့စေဖို့အတွက် Conditioner သုံးပေးပါ။* ဆံပင်ပုံကျသပ်ရပ်ဖို့ ပုံမှန်ခေါင်းဖြီးပေးပါ။* သင့်ဆံပင်စတိုင်ပေါ်မူတည်ပြီး လိုအပ်မယ့် ဂျဲလ်ဒါမှမဟုတ်-တခြားပစ္စည်းတွေကိုသုံးပါ။

  ( အခြားအချက်များ )

* မနက်ခင်းတိုင်း ချွေးနံ့ထိန်း ချိုင်းလိမ်းတောင့် (Deodorant) လိမ်းပေးပါ။
* သင့်မျက်ခုံးနှစ်ခုကြားထဲက နေရာလွဲနေတဲ့ အမွေးတွေကို နုတ်ပစ်ပါ။
* သင့်နှာခေါင်း၊ ဒါမှမဟုတ်- နားရွက်ထဲက အမွေးတွေ မြင်ရရင် တိပေးပါ။
* သင့်နှုတ်ခမ်းမွေးတွေ ခြောက်သွေ့ ကွဲအက်နေရင် အရောင်မပါတဲ့ နှုတ်ခမ်းအဆီ (Lip Balm) လိမ်းပေးပါ။




အက်စ် (ဆေးဝါးတက္ကသိုလ်)
( Good Health 3-17-2010)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...