စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆရာမတွေခေါင်းကိုက်စေမဲ့ လေးမွှာပူးတို့ ကျောင်းတက်ချိန်


        စာသင်နှစ်အစမှာ တပည့် လေးတွေရဲ့ အမည်နဲ့ မျက်နှာကို မှတ်မိအောင်လုပ်ဖို့ ဆိုတာကတော့ အတန်းထဲမှာ ကျောင်းသားသစ်တွေလက်ခံရတဲ့ အတန်းပိုင်ဆရာ/ ဆရာမအတွက်တော့ တစ်ကယ့်ကိုခေါင်းကိုက်စစရာပါပဲ...ဒီထက်ပိုပြီး လေးမွှာပူးကျောင်းသူ
အသစ်လေးယောက်ကိုထိန်းရမယ်ဆိုယင်တော့စဉ်စားသာကြည့် ပါတော့ 
အယ်လီ၊ ဂျော်ဂျီနာ၊ ဂျက်ဆီကာ နဲ့  ဟိုလီကားလ်စ် တို့ ဟာ ခွဲမရအောင်တူတဲ့ လေးမွှာပူး ညီအစ်မတွေဖြစ်ကြပြီး သူတို့ ဟာ ယခုမှ ကျောင်းစတက်ကြတာဖြစ်ပါတယ်...

Matching uniforms: From left, quadruplets Ellie, Jessica, Georgina and Holly
တူညီကျောင်းဝတ်စုံလေးတွေနဲ့ ဆရာမတောင် ခေါင်းကိုက်သွားမယ်...
ကော်လာပေါ်က အတိုကောက်နာမည်လေးတွေမကယ်ယင်...
Matching uniforms: From left, quadruplets Ellie, Jessica, Georgina and Holly
သူတို့ လေးတွေရဲ့ အရပ်အမောင်း၊ အရွယ်အစား နဲ့ ရွှေရောင်ဆံပင်ခွေလေတွေ ကအစ အားလုံး အစစအ
ရာရာ တူညီနေတာမို့ ခွဲလို့ မရနိုင်လောက်အောင်ပါပဲ...
ဒါကြောင့် မို့ ပဲ ယခုသီတင်းပါတ်က သူတို့ လေးတွေ မူလတန်းကျောင်းကို လာအပ်ကြတော့ မှတ်မိလွယ်
အောင် သူတို့ လေးတွေရဲ့ ရှပ်အင်္ကျီကော်လာမှာ သူတို့ နာမည် အတိုကောက်လေးတွေ ရေးထိုးထားခဲ့ ရ
ပါတယ်...
အသက် ၂၇ နှစ်ရှိ သူတို့ ရဲ့ မိခင် ဂျူလီ ကတော့ ခြောက်ဆယ့် လေးသန်း မှာ တစ်ယောက်သာ အောင်မြင်
စွာ သန္ဓေတည်နိုင်ပြီး အောင်မြင်စွာမွေးဖွားနိုင်တဲ့ အခွင့် အလမ်းရှိတဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ လေးမွှာပူးမိခင်
၂၇ ယောက်မျှသာ ရှိတဲ့ အထဲက တစ်ဦးအပါအ၀င်ဖြစ်ပါတယ်...
Julie Carles with her daughters (from left to right) Jessica, Ellie, Georgina and Holly
မေမေ့ ရင်သွေး အမွှာလေးတွေ...
Julie Carles with her daughters (from left to right) Jessica, Ellie, Georgina and Holly
အင်္ဂလန်နိုင်ငံ၊ ဘရက်ဖို့ ရှိုင်းယားနယ်၊ ဘစ်ဂယ်စ်ဝိတ်ဒ် အရပ်မှာနေတဲ့ အိုးအိမ်ခြံမြေ ရာဖြတ်ဆိုင်ရာ မန်
နေဂျာ မစ္စကားလ်စ် က သူမရဲ့ လေးမွှာပူးသမီးလေးတွေဟာ ကျောင်းစတက်ရတော့ မယ်ဆိုတာ အရမ်းကို
စိတ်လှုပ်ရှားပျော်ရွှင်နေလို့  သူတို့ လေးတွေကိုကျောင်းမှာ ထားရစ်ခဲ့ ရတော့ မျက်ရည်လုံးဝမကျကြ၊ မငို
ကြ ပါဘူးလို့ ဆိုပါတယ်...
သူတို့ အမွှာလေးဦးစလုံးဟာ မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေသားမျိုးဥ တစ်ခုတည်းကနေ လေးမွှာခွဲပြီးဖြစ်လာ
ကြကာ အချင်းတစ်ခုတည်းနဲ့ စုစည်းအသက်ရှင်နေခဲ့ ကြတာလည်းဖြစ်ပါတယ်...
ဒါကြောင့် ဟိုလီ နဲ့ ဂျက်ဆီကာလေးတို့ ဟာ ဂျောဂျီနာ နဲ့ အယ်လီ တို့ ထက်စာယင် အဟာရဓါတ်နည်းနည်း
ပဲ မိခင်ဝမ်းထဲမှာ ရခဲ့ ရှာကြပါတယ်...သူတို့ နှစ်ဦးဟာ မွေးစမှာ ကိုယ်အလေးချိန်ပေါင်မပြည့် ကြပါဘူး...
ဒါပေမယ့် နောက်ပိုင်းမှာတော့ အားလုံးပဲ ညီတူမျှတူ ဖွံ့ ဖြိုးကြီးပြင်းလာခဲ့ ကြပါတယ်...
Little miracles: The quads beat odds of 64 million to one when they were born
ဒီလိုလေးမွှာစလုံး အသက်ရှင်ဖို့ က ၆၄ သန်း မှာ တစ်ကြိမ်သာ အခွင့် ရှိသတဲ့ ....
Little miracles: The quads beat odds of 64 million to one when they were born
သူတို့ လေးတွေရဲ့ အနှစ်သက်ဆုံး ကစားခြင်းကတော့ အ၀တ်အစားလေးတွေ လှပအောင်ဝတ်စားဆင်ယင်
ခြင်း၊ ကွန်ပြူတာနဲ့ ဆော့ ကစားခြင်း နဲ့ အိပ်ခန်းလေးခု ပါရှိတဲ့ သူတို့ အိမ်ရဲ့ ဥယျာဉ်ခြံလေးထဲမှာ တူးဆွ က
စားခြင်းတို့ ပဲဖြစ်ပါတယ်...
ပြီးတော့ သူတို့ ကို အ၀တ်အစားဆိုလည်း တူညီဝတ်စုံ ၀တ်ပေးဖို့ တောင်းဆိုနေကြဆဲပဲဖြစ်ပါတယ်...
" တစ်ယောက်က တစ်မျိုးဝတ်လိုက်တာနဲ့ ကျန်တဲ့ သုံးယောက်ကလည်း လိုက်ဝတ်ကြတာမို့ အဆုံးတော့ 
အားလုံးဆင်တူ ဖြစ်သွားကြတာပါပဲ..." လို့ မစ္စကားလ်စ် ကပြောပြခဲ့ ပါတယ်...

" ငယ်ကတည်းက သူတို့ လေးတွေရဲ့ ခြားနားမှု အသေးအမွှားကလေးတွေကို စတင်သတိထားခဲ့ ရပါတယ်.."လို့ သူမကိုယ်တိုင် သမီးလေးတွေကို ခွဲခြားသိဖို့ အခက်အခဲအနည်းငယ်ဖြစ်ခဲ့ ရတဲ့ မိခင်ဖြစ်သူကပြောပြခဲ့ 
ပါတယ်...သူတို့ မှာ အများနဲ့ မတူတဲ့ ထူးခြားတဲ့ အကျင့် စရိုက်ကလေးတွေတော့ ရှိကြပါတယ် လို့ လည်း သူမကထပ်ပြောပြခဲ့ ပါတယ်...

သူမရဲ့ ခင်ပွန်း၊ အသက် ၃၇ နှစ်ရှိ အိမ်ခြံမြေပန်းဥယျာဉ် အလှဆင်ခြင်းဆိုင်ရာ မန်နေဂာ ဂျို့ စ် ကတော့ သူ
ဟာ သမီးလေးတွေအတွက် အလွန်ပဲ ဂုဏ်ယူပါတယ်လို့ ဆိုခဲ့ ပါတယ်...
" အချိန်တွေအကုန်မြန်လာလိုက်တာဟာ အံ့ သြစရာပါပဲ...သူတို့ လေးတွေ အသက် ၁၃ နှစ်( အပျိုဖော်ဝင်)ယင်တော့ နောက်အိမ်တစ်လုံးကို ပြောင်းယင်ပြောင်း ဒါမှမဟုတ်ယင်တော့ ရေချိုးခန်း၊ အိမ်သာကို သီးခြားထပ်ဆောက်ရတော့ မှာပါ ..." လို့ သူကဆက်ပြောပြခဲ့ ပါတယ်...

ခဲတစ်လုံးနဲ့ ငှက်လေးကောင် ပစ်နိုင်သလို တစ်ကြိမ်ထဲနဲ့ လေးမွှာပူးရတာကတော့ ကံကောာင်းတာပါပဲ...
ချစ်စရာကလေးမလေးတွေပါပဲ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...