စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ်ပိုင်နုတ်ခွန်း ဆက် စကား "မင်္ဂလာပါ"

Subscribe · 2012 ·


 


          နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိသည်မှာအာလုံးသိကြပါသည်..။ ဒါ့အပြင်.. ကိုယ်ပိုင်နုတ်ခွန်း ဆက် စကားလည်းရှိကြပေသည်..။ နိုင်ငံတိုင်းသည် သူတို့၏ ကိုယ်ပိုင် နုတ်ခွန်းဆက်စကားကို တန်ဖိုးထားတတ်ကြပြီး နိုင်ငံ၏ သတင်းဌာန..မီဒီယာ..နိုင်ငံသူ/သား..များအပြင် နိုင်ငံတွင်းသို့ လာရောက် လည်ပတ် သောနိုင်ငံခြားသားများပင် တွင်တွင်ပြောဆိုခြင်းကို ဂုဏ်ယူလေ့ရှိ ပါသည်..။ ကျနော်တို့ နိုင်ငံ၏ ကိုယ်ပိုင်နုတ်ခွန်းဆက်စကားမှာ..
"မင်္ဂလာပါ" ဆိုသည်မှာကျောင်းနေရွယ်ကလေးများမှစ အားလုံးနီးပါး သိရှိကြပါသည်..။
 
            ကျောင်းနေရွယ် မှ ၁၅-၁၆ နှစ်အရွယ်ရောက်သည် ထိ "မင်္ဂလာပါ" ဟုဆရာ.. ဆရာမများကို ရိုကျိုးစွာ နုတ်ဆက်လာသည်မှာ မည်သည့် အစိုးရတက်တက် မပြောင်းလဲခဲ့ပဲ..သမိုင်းနှင့်ချီပြီး ဖြစ်တည်လာခဲ့ ပါသည်..။ သို့ရာတွင် နိုင်ငံ၏ အမြင့်ဆုံးဖြစ်သော နိုင်ငံပိုင် မီဒီယာဖြစ်သော MRTV တွင်တော့ "ကျန်းမာတော်မူကြပါစ ခဗျာင်္း" ဟုနုတ်ခွန်းဆက်ခြင်း ကိုတော့ စိတ်ထဲမှာ သိပ်ဘ၀င်မကျဖြစ်ရပါသည်..။ အဆိုပါ နုတ်ခွန်းဆက် စကားမှာ အိမ်နီးချင်းနိုင်ငံကြီးတစ်ခု၏ သုံးနှုန်းနေသော စကားဖြစ်သည်ဟု ထင်ပါသည်..။ ဘာကြောင့်များ "မဂ်လာပါ" ဟုမသုံးနှုန်းခြင်းကိုတော့ နားမလည်ပါ..။ ဆင်းရဲ မွဲတေ လွန်းသောပြည်သူများ၏ ကျန်းမာရေးကို အစိုးရိမ်လွန်၍ နုတ်ခွန်းဆက်ချင်သပ ဆိုလျှင်လည်း "မဂ်လာပါ..ကျန်းမာတော်မူကြပါစ..ခဗျာင်္း " လို့နုတ်ခွန်းဆက်၍ ရသည်ပဲလေ.........။။။။။။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...