စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရှေးခေတ်ဘုရင်တို့ရဲ့ ရာဇပလ္လင်အကြောင်းသိကောင်းစရာ

ရှေးခေတ်ဘုရင်တို့ရဲ့ ရာဇပလ္လင်အကြောင်းသိကောင်းစရာ
(၁) သီဟာသန ပလ္လင်
- ခြင်္သေ့ရုပ်ခံ၍ ယမနေသားဖြင့် ထုလုပ်ပြီးနန်းဦးပြဿဒ်ဆောင်နှင့် လွှတ်တော်၌ ထားရှိ
(၂) ဘမယာသန ပလ္လင်
- ပိတုန်းရုပ်ခံ၍ ကရဝေးသားဖြင့် ထုလုပ်ပြီးမှန်နန်းဆောင် (စက်တော် ခေါ်သည့်နေရာ) ၌ ထားရှိ
(၃) ပဒုမာသန ပလ္လင်
- ပဒုမ္မာကြာပွင့်ခံ၍ သရက်သားဖြင့် ထုလုပ်ပြီး အနောက်ဇေတ၀န်ဆောင် (မင်းတို့ကန်တော့ခံရန် နေရာ)၌ ထားရှိ
(၄) ဟံသာသန ပလ္လင်
- ဟသာင်္ရုပ်ခံ၍ သင်္ကန်းသားဖြင့် ထုလုပ်ပြီး အရှေ့ဇေတ၀န်ဆောင် (မင်းတို့ ၀တ်ပြုရန်နေရာ)၌ ထားရှိ
(၅) ဂဇာသန ပလ္လင်
- ဆင်ရုပ်ခံ၍ စကားသားဖြင့် ထုလုပ်ပြီး ဗြဲတိုက်ဆောင် (မင်းတို့ လက်ဆောင် ခံယူရာနေရာ)၌ ထားရှိ
(၆) သခါင်္သန ပလ္လင်
- ခရုသင်းရုပ်ခံ၍ တောင်ပိန္နဲသားဖြင့် ထုလုပ်ပြီး လေသာဆောင် (တရားစီရင်ရာနေရာ)၌ ထားရှိ
(၇) မိဂါသန ပလ္လင်
- သမင်ရုပ်ခံ၍ ရေသဖန်းသားဖြင့် ထုလုပ်ပြီး တောင်စမုတ်ဆောင် (မင်းတို့ အလှူတော်ရေစက်ချရာ နေရာ)၌ ထားရှိ
(၈) မယုရာသန ပလ္လင်-ဥဒေါင်းရုပ်ခံ၍ ပေါက်သားဖြင့် ထုလုပ်ပြီး မြောက်စမုတ်ဆောင် (ကန်တော့ပန်းသိမ်းရာနေရာ)၌ ထားရှိ
ပလ္လင်တွင်ပါရှိသောအစိတ်အပိုင်းများမှာ-
(၁) ခြင်္သေ့
(၂) ဆင်ပျံ
(၃) လောကနတ်
(၄) ဒေါင်းမြီးယပ်
(၅) ဆင်နား
(၆) တံခါးတိုင်
(၇) သိကြား
(၈) ကိန္နရာ
(၉) သမ္မာဒေဝ
(၁၀) ခြူး
(၁၁) ကြာ
(၁၂) ဦးဆောက်ပန်း
ဟူ၍ (၁၂) နေရာပါရှိသည်။
https://www.facebook.com/photo.php?fbid=495797140451159&set=a.4...

နက္ခတ် (အညံ့စားကောင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...