စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကွန်ပျူတာမှာ မိုက်ခဲမယ် (karaoke)


ကွန်ပျူတာမှာ မိုက်ခဲမယ် (karaoke)


ဟိုနေ့ ကျွန်တော်ပြောသလိုပေါ့။ ကွန်ပျူတာ မှာ သီချင်းဟစ်ချင်သူများအတွက် နည်းလမ်းလေးပြောပြပါ့မယ်။ မသိသေးသောသူများအတွက်ပါ။ ကျွန်တော်ကတော့ စိတ်ပါတဲ့ အခါတိုင် ဟစ်ပစ်လိုက်တယ် အသံတောင်နာတယ်။ ကဲကဲ လုပ်နည်းလေးက ဘာမှမခက်ဘူး ။ တစ်ခုတော့ ရှိတယ် ။ Realtek ကိုတော့ install လုပ်ထားဖို့လိုတယ်နော်။ ကဲစလိုက်ရအောင်။

အဆင့်(၁) အရင်ဆုံး ကွန်ပျူတာရဲ့ ဘယ်ဘက်ထောင့်နားက speaker ပုံလေးကို right click ထောက် Recording devices ကို ကလစ်ပေးလိုက်ပါ။


အဆင့်(၂) ပေါ်လာတဲ့ Box မှာ Microphone ပေါ်ကို right click ထောက်ပြီး properties ကိုရွေးပါ။


အဆင့်(၃) ပေါ်လာတဲ့ Box တစ်ခုမှာ Listen to this device ဆိုတာမှာ အမှန်ခြစ်ထည့်ပါ။ Playback through this device မှာ ကိုယ့်အသံပြန်ကြားချင်တဲ့ device ကိုရွေးပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော်ဆိုရင် sound card သုံးတဲ့အတွက် Speaker PCI ကိုနမူနာ ရွေးပြထားပါတယ်။ ပြီးရင် Apply and ok ပေးလိုက်ပါ။ ဒါဆိုရင် သီချင်းဆိုလို့အဆင်ပြေပါပြီ။



နားမထောင်ချင်တော့ရင် အပေါ်ကအတိုင်းအဆင့်ဆင့်ဝင်ပြီးတော့ အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။
အားလုံးကိုလေးစားလျက်.....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...