စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တန်ဖိုးရှိတဲ့ ဦးနှောက်ဖြစ်လာဖို့ ဖန်တီးယူလို့ရပြီ

တန်ဖိုးရှိတဲ့ ဦးနှောက်ဖြစ်လာဖို့ ဖန်တီးယူလို့ရပြီ


        လူအတော်များများဟာ ငွေစုဆောင်းတာထက် သုံးစွဲတာကို ကြိုက်ကြပါတယ်။ အနာဂတ် အကျိုးအမြတ်ကို သိပ်မျှော်ကိုးလေ့ မရှိဘဲ လတ်တလော စိတ်ကျေနပ် မှုရရှိအောင် သုံးဖြုန်းပစ်ချင်ကြပါတယ်။ အနာဂတ်မှာ ချောင်ချောင် လည်လည် နေထိုင်ဖို့ထက် စိတ်မထိန်းချုပ်နိုင်ဘဲ ဒီနေ့ပဲ ကိုယ် ကြိုက်တဲ့ ဖိနပ်တစ်ရန်ကို တွေ့လို့ ဝယ်ချင်ရင် ဝယ်လိုက်ကြတယ်။ ဒါမှမဟုတ် အပန်းဖြေ ခရီးတစ်ခု ကို ထွက်ချင် ထွက်သွားနိုင်တယ်။ ဒါမှမဟုတ် iPhone တစ်လုံးကို ဝယ်ချင်ဝယ်ပစ်တတ်ပါတယ်။ ယ ခုလို Twitter ခတ်ကြီးမှာ ကိုယ် သိလိုတဲ့ မေးခွန်းတွေကို အင်တာ နက်ကနေ စက္ကန့်အနည်းငယ် အတွင်း အဖြေရရှိနိုင်တာ၊ ကိုယ် ကြည့်ချင်တဲ့ ရုပ်ရှင်ကားကို အချိန် မရွေး ကြည့်ခွင့်ရနေတာတွေ ကြောင့် အနာဂတ်အတွက် စဉ်း စားတာ၊ ခြိုးခြံစုဆောင်းတာတွေကို မျိုးဆက် သစ် လူငယ်တွေအတွက် လေ့ကျင့်ပေးဖို့ ခက်ခဲလာပါတယ်။ နောင်မှ ချမ်းသာတာထက် လက်ရှိ စိတ်အလိုပြည့်မှုကို ပိုပြီးတန်ဖိုး ထားလာကြပါတယ်။ အဲဒီအယူ အဆအတိုင်း လူတွေရဲ့ ဦးနှောက် မှာ စွဲနေကြပါတယ်။

      ယခုအခါ ဦးနှောက်နဲ့ ဆိုင်တဲ့ သိပ္ပံပညာရှင်တွေဟာ ဦး နှောက်အတွင်းမှာ ရှိတဲ့ ခြိုးခြံစု ဆောင်းလိုတဲ့ အစိတ်အပိုင်းနဲ့ သုံး ဖြုန်း လိုတဲ့ အစိတ်အပိုင်းတွေ လည်ပတ်တဲ့ ယန္တရား-Circuitကို တွေ့ရှိထားပြီး ခြိုးခြံစုဆောင်းလိုတဲ့ အစိတ်အပိုင်း အားကောင်း လာအောင်၊ သုံးဖြုန်းလိုတဲ့ အစိတ်အပိုင်း အားနည်းသွားအောင် ဆောင်ရွက်လာနိုင်ပါတယ်။ စိတ် ပညာရှင်တွေကလည်း လူတွေ ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုကြည့်ပြီး ခြိုးခြံစုဆောင်းတတ်သူနဲ့ အသုံး အစွဲ ကြီးသူတွေကို ခွဲခြားပေးလာ နိုင်ပါတယ်။ ခြိုးခြံ စုဆောင်း တာကို မတတ်သူတွေဟာ ခြိုးခြံစုဆောင်း မှုကြောင့် အနာဂတ်မှာ ဖြစ်ပေါ် လာနိုင်တဲ့ အကျိုးဆက်တွေကို မသိ ရှိသူတွေ၊ ဒါမှ မဟုတ် သည်းခံပြီး မစောင့်ဆိုင်းချင်သူတွေ ဖြစ်တတ် ကြပါတယ်။

      သိပ္ပံပညာရှင်တွေဟာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ သံလိုက်ဓာတ်လှုပ်ရှားမှု ပုံရိပ်- Functional Magnetic Resonance Imagers-7MRIS တွေလို မှတ် တမ်းတင်နိုင်တဲ့ ကွန်ပျူတာနည်း ပညာစက်တွေကို အသုံးပြုပြီး ဦး နှောက်အတွင်းမှာရှိ ခြိုးခြံ စုဆောင်း တတ်တဲ့ စိတ်ဓာတ်ကို ဖြစ်ပေါ်စေ တဲ့ အစိတ်အပိုင်းတွေကို လေ့လာ ခဲ့ကြပါတယ်။ ဦးခေါင်းခွံ ရှေ့ပိုင်း အောက် တစ်ဖက် တစ်ချက်မှာရှိတဲ့ ဦးနှောက်အာရုံကြောအစိုင်အခဲကြီး- Prefrontal Cortex=PFC နှစ်ခု အနက် ဘယ်ဘက်အစိုင်အခဲဟာ ခြိုးခြံ စုဆောင်းလိုတဲ့စိတ် ဖြစ်ပေါ် လာအောင် လှုပ်ရှားပေးတယ်လို့ သိရပါတယ်။ ခြိုးခြံစုဆောင်းလိုတဲ့ စိတ်ကို မထိန်းသိမ်းနိုင်တဲ့ အသုံး အဖြုန်းကြီးသူတွေမှာတော့ အဲဒီ လှုပ်ရှားမှုအားနည်းကြောင်း တွေ့ရှိ ရပါတယ်။ ဒီလို ရှိလာတဲ့အတွက် ဦးနှောက် ဘယ်အစိတ် အပိုင်းကို အားကောင်းလာအောင် လုပ်ပေးဖို့ လိုသလဲဆိုတာ သိရှိလာကြပါ တယ်။

      ကိုလံဘီယာတက္ကသိုလ် မှာ သံလိုက်ဓာတ် နှိုးဆွမှုနဲ့ လှုပ် ရှားမှုပုံရိပ်တွေကို လေ့လာတဲ့နည်း ပညာ- Transcanial Magnetic Stimulation-TMS အသုံးပြုပြီး ဦးနှောက်အတွင်း မိမိတို့ကုသလိုတဲ့နေရာကို အပျော့စားလျှပ်စစ်ဓာတ်အား လွှတ်ကာ ကု သနိုင် ကြောင်း တွေ့ရှိလာခဲ့ပါတယ်။ စမ်း သပ်ခန်းအတွင်း သိပ္ပံပညာရှင်တွေ ဟာ သီးသန့်ဆောင်ရွက်နေတဲ့ ဦး နှောက်ရဲ့ အစိတ် အပိုင်းတစ်ခုကို နောင်မကောင်းတာတွေ မလုပ်နိုင် အောင် ဆွဲစေ့ - Zapping ပေးပါတယ်။ အဲဒီကုသနည်းနဲ့ စိတ်ကျ ရောဂါ၊ နာတာရှည်ရောဂါ၊ သွက်ချာပါဒရောဂါစတဲ့ ရောဂါတွေပါ ကုသလာနိုင်ပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင်တွေဟာ ခြိုးခြံစု ဆောင်း လိုတဲ့ ငွေဦးနှောက်- Money Brain တစ်ခု ဖြစ်လာ အောင် ဘယ်လိုကုသ ဖန်တီးပေး ရမယ်ဆိုတဲ့ နည်းလမ်း ကိုလည်း ရှာဖွေ ခဲ့ ပါတယ်။ လူတစ်ဦးနဲ့တစ် ဦးဟာ ဦးခေါင်းခွံ အရှေ့ဘက် အောက်ရှိ ဦးနှောက်အာရုံကြော အစိုင်အခဲကြီး- PFC ရဲ့ အရွယ် အစားဟာ မတူညီကြဘူးဆိုတာ က ရာလီမောက်တက္ကသိုလ်မှ ဦး နှောက်ဆိုင်ရာ ဘောဂဗေဒညာရှင် ပေါကလ် ဇက်(စ်) က ထုတ်ဖော် တင်ပြခဲ့ပါတယ်။

     ဒါကြောင့် ဒီ PFC တွေရဲ့ စွမ်းဆောင်မှုနဲ့ ဦး နှောက်ရဲ့ အလယ်ပိုင်းမှာရှိတဲ့ အတွေ့အကြုံနဲ့ ဥာဏ်ပညာတွေ ကို သိမ်းဆည်းသိုလှောင်ထားတဲ့ ဦး နှောက်အစိတ်အပိုင်းဖြစ်တဲ့ ဟစ်ပို ကမ်ပတ်(စ်)တို့ရဲ့ ဆက်သွယ်မှု ဟာ လူတစ်ဦးနဲ့တစ်ဦး ကွာခြားတတ်ကြပါတယ်။ အနာဂတ်အတွက် ကြိုတင်စဉ်းစားတွေးခေါ် လုပ်ဆောင်တာ၊ ငွေကြေး ခြိုးခြံစု ဆောင်းတာတွေဟာ PFC နဲ့ များစွာသက်ဆိုင်ကြောင်း ဗာဂျီးနီးယားနည်းပညာတက္ကသိုလ်မှ စိတ် ပညာရှင် ဝါးရင့်ဘစ်ကယ်(လ်)က ထောက်ပြ ထားပါ တယ်။

        ဦးနှောက်ဆိုင်ရာ ဘော ဂဗေဒပညာရှင် ပေါလ်ဇက်(ခ်)က ကလေးသူငယ်တွေရဲ့ ဦးနှောက်ကို လည်း လတ်တလော ပျော်ရွှင်မှုကို သာကြည့်ပြီး လုပ်ခဲ့မိလို့ နောင် အခါ နစ်နာမှု ဖြစ်နိုင်ကြောင်း သိရှိအောင် လေ့ကျင့်လို့ရတယ်လို့ ပြောပါတယ်။ ကျောင်းက ပေး လိုက်တဲ့ အိမ်စာတွေကို ညတွင်းချင်း ပြီးစီးအောင်လုပ်ပြီး ကျက်မှတ်နိုင်ရင် လပတ်စာမေးပွဲတွေမှာ အဆင့်ကောင်း နဲ့အောင်နိုင်ကြောင်း သိရှိလာအောင် လေ့ကျင့်ပေးနိုင် ပါတယ်။ လတ်တလော ဈေးပေါတဲ့ ပစ္စည်းအတုကို ဝယ်ယူသုံးစွဲတာ ဟာ မကောင်းကြောင်းပြောပြီး မုန့် ဖိုးစုဆောင်းကာ နောက်တစ်ပတ် လောက်မှ အမျိုးအစားကောင်းတဲ့ ပစ္စည်းကို ဝယ်ယူသုံးစွဲ တတ် အောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ပေါလ်ဇက်(စ်)ဟာ ခြိုးခြံသည်းခံ တတ်တဲ့ ဟိုမုန်းဓာတ် Hormone ပါဝင်တဲ့ အောက်စီ တိုစင် Oxytocin ဆေးကို တွေ့ရှိခဲ့ပါတယ်။

       အဲဒီ ဟိုမုန်းချို့တဲ့သူကို အောက်စီတိုစင် ဆေးသုံးစွဲစေပြီး စမ်းသပ်ခဲ့ရာမှာ အနာဂတ် ကို မျှော်မှန်းပြီး ခြိုးခြံစု ဆောင်းလာစေနိုင်တယ်လို့ သိရပါ တယ်။ ဥပမာ ဒေါ်လာ ၁ဝ ကို ယခုပဲယူပြီး သုံးစွဲမှာလား၊ ဒါမှမ ဟုတ် နောက်နှစ်ပတ်ကြာမှာ ၁၂ ဒေါ်လာ ယူမှာလားလို့ စမ်းသပ်ခဲ့ ရာမှာ ဒုတိယအဆိုပြုချက်ကို လက်ခံလာကြပါတယ်။ ပေါလ် ဇက်(ခ်)က ''အောက်စီတိုစင်ဆေး ဟာ စိုးရိမ်ပူပင်မှုကို လျော့နည်း စေတဲ့အတွက် အနာဂတ်အတွက် ကောင်းအောင် ကြိုတင် ဆုံးဖြတ်ပြီး လုပ်ဆောင်လာတတ်စေပါတယ်'' လို့ ပြောပါတယ်။

            မျက်မှောက်ခေတ် လူ ငယ်မျိုးဆက်သစ်တွေထဲမှာ လတ် တလော ပျော်ရွှင်မှုကို ချိုးနှိမ်ပြီး အနာဂတ်မှာ ကျေနပ်ပျော်ရွှင်ဖို့ ခြိုးခြံစုဆောင်းချင်တဲ့စိတ်ဓာတ်ရှိသူ ဦးရေဟာ အလွန်နည်းပါးပါတယ်။ သူတို့ ဒီလို ယူဆတာကလည်း လက်ငင်းတုံ့ပြန်ဆောင် ရွက်တတ် တဲ့သူ များလာပြီး သည်းခံတတ်သူ နည်းလာလို့လည်း ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ အချိန်တွေ အ များကြီး ပိုင်ဆိုင် ထားလို့ အသက်ကြီးလာမှပဲ ခြိုးခြံချွေတာဖို့ ဆန္ဒရှိ ကြပါတယ်။ ဘောဂဗေဒပညာရှင် အန်တိုနီဒေးဗစ်က ''ကောလိပ် ကျောင်းသား တစ်ယောက်ဟာ ဘွဲ့ ရပြီးရင် လခကောင်းကောင်းရနိုင် တဲ့ အလုပ်တစ်ခု ရမယ်လို့ မျှော် လင့်ပြီး လတ်တလော ခြိုးခြံချွေ တာဖို့ စိတ်မကူးတတ်ဘူး။ ဒါမှမ ဟုတ် ကျွမ်းကျင်တဲ့ လူငယ်အလုပ် သမားတစ်ယောက်ဟာ နှစ်စဉ် လုပ်ခတိုးရမယ်လို့ မျှော်လင့်ပြီး ခြိုးခြံချွေတာချင်တဲ့စိတ် မရှိဘဲ နောက်မှ စုဆောင်းမယ်လို့ ယူဆ ထားတတ်ပါတယ်'' လို့ ထောက်ပြ ပါတယ်။ ဒါကြောင့် ယခုခေတ် ကောလိပ်ကျောင်းသားတွေဟာ ကြွေးမြီတွေ ပိုထူလာပြီး ဘွဲ့ရလို့ အလုပ်ရှာဖွေရာမှာလည်း မဝင် ဆန့်ဘဲ ဖြစ်နေကြ ရပါတယ်။ မျက် မှောက် Twitter ခေတ်ရဲ့ ယဉ်ကျေး မှုက ကွန်ပျူတာမောက်(စ်) တစ် ချက်နှိပ်လိုက်ရုံနဲ့ မိမိအလိုရှိတဲ့ ပစ္စည်းကို
ဝယ်နိုင်ပြီး မိမိပေးပို့လို တဲ့ သတင်းအချက်အလက်ကို လည်း ချက်ချင်းပေးပို့နိုင်တာ ကြောင့် လတ်တလော ကျေနပ်မှု ကို ရရှိစေတဲ့ စနစ်ကို အားပေး အားမြှောက်ပြုနေတာနဲ့ တူပါတယ်။

       ယနေ့ နည်းပညာသစ်တွေက လတ်တလော ကျေနပ် ပျော်ရွှင်မှုကိုသာ ပေးနေကြပေမယ့် တကယ်လက်တွေ့ လူ့ဘဝကတော့ အဲဒီလို မဟုတ်ပါဘူး။ ဥပမာ အမေရိကန်လူမျိုး အတော်များများဟာ လတ်တလော ကျေနပ်ပျော်ရွှင်မှုတွေရဲ့ နောက်ကိုပဲ လိုက်နေ ကြပြီး သုံးဖြုန်းခဲ့ကြလို့ နိုင်ငံနဲ့ချီကာ ကြွေးမြီတွေ တင်လာနေကြပါတယ်။ အနာဂတ်အတွက် မျှော်မှန်းပြီး ခြိုးခြံချွေတာကာ ဦးနှောက်ကောင်းကောင်းနဲ့ စီစဉ်နိုင်တဲ့နိုင်ငံ တွေမှာတော့ တည်တည်ငြိမ်ငြိမ်နဲ့ ခရီးဆက်နေကြကြောင်း ပါခင်ဗျာ။
Ref: Money Brain, By Sharon Begley (Newsweek-7-11-2011)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...