စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နွားနို့သည် လူ့ကျန်းမာရေးအတွက် ထိခိုက်စေ

နွားနို့က လူ့ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုထားတယ်လို့ပဲ အများစု သိထားချိန်မှာ လူ့ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ အချက် ကတော့ ထူးဆန်းနေမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ယင်းအချက်ဟာ လည်း လေ့လာ တွေ့ရှိ
ချက်အသစ် တစ်ခု ဖြစ်ပါတယ်။

ယနေ့ခေတ် ကမ္ဘာတစ်လွှားမှာ နွားနို့သောက်သုံးခြင်းနဲ့ နို့ထွက် ပစ္စည်း (အစားအစာ) များကို နေ့စဉ်နဲ့အမျှ သုံးစွဲလျက် ရှိပါတယ်။ သို့တည့်တိုင် လောက်ငှမှု မရှိတဲ့အတွက် နို့စားနွား သီးသန့်မွေးပြီး နွားနို့ ကို နေ့စဉ် ထုတ်ယူပါတယ်။ ဒီမှာ စမှားတာ ဖြစ်ပါတယ်။

အမှန်စင်စစ် နွားမ တစ်ကောင်ဟာ သားမွေးပြီးချိန်မှာ နို့ရည် လှိုင်လှိုင် ထွက်ပြီး ယင်းနွားနို့က လူတို့လည်း သောက်သုံးရန် အဆင်ပြေပါတယ်။ ယခု ချိန်မှာတော့ နွားနို့ကို ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးသုံးပြီး ရနိုင်သမျှ ယူပါတယ်။ ဒါကြောင့်ပဲ နွားနို့ထုတ် စက်ကြီးများ ပေါ်လာပြီး နွားမတို့ မနားမနေ အလုပ်လုပ်ရပါတယ်။ အကယ်၍ နှို့ထုတ်လုပ်နိုင်စွမ်း မရှိတော့ ရင်လည်း ယင်းနွားကို အမဲဖြတ်ပြီး စားသုံးပါတယ်။ အမှန်တော့ ယင်း အသားလည်း စားရန် မသင့်တော့ဘူးလို့ဆိုပါတယ်။

ထိုနည်းတူစွာပဲ နွားမ တစ်ကောင်ဟာ ပျှမ်းမျှ တစ်ရက်ကို နွားနို့ ၁၆ ပေါင်ပဲ ထုတ်နိုင်ပါတယ်။ သို့သော်လည်း ပျှမ်းမျှအားဖြင့် အမေရိကန်မှာ နွားမ တစ်ကောင်ကနေ တစ်ရက်ကို နွားနို့ ပေါင် ၅၀ လောက်ယူပါတယ်။ ဒါကြောင့် ထွက်တဲ့ နွားနို့ဟာ သဘာဝလို မဟုတ်တော့ပဲ artificially ထုတ်ယူ သလို ဖြစ်သွားပါတယ်။ ပုံမှန် ရှိသင့်တဲ့ အာဟာရများလည်း မရှိတော့ပါဘူး။ ထိုနည်းတူစွာ နွားနို့ထွက်သင့်တဲ့ အရွယ်မဟုတ် လည်း နို့မထွက်ထွက်အောင်ပြုလုပ်ကြပါတယ်။

ဆေးပညာကျကျ လေ့လာမှုမှာ ယင်းနွားနို့များဟာ ပုံမှန်ပဲလို့ ဆိုပါတယ်။ သို့ပေမယ့် ပုံမှန် မဖြစ်တဲ့အချက်များ ရှိတယ်ဆိုတာကိုလည်း ဆေးပညာရှင် အချို့ က ထုတ်ဖော်ပြောကြားလာပါတယ်။ ဒါကြောင့် နွားနို့ကို နွားများသာ သောက်သင့်ပြီး လူတိုအနေနဲ့ မသောက်သင့်ကြောင်း ဝေဖန် လက်ခံ လာကြပါတယ်။

ဒါကြောင်း နွားနို့ သောက်သုံးခြင်းဖြင့် ရနိုင်တဲ့ ရောဂါများကတော့ နှလုံးနှင့် အသည်း ဆိုင်ရာ ရောဂါများ၊ ဟိုမုန်းနှင့် သက်ဆိုင်သော ရောဂါများ၊ ကိုယ်တွင်း သွေးနှင့် သွေးရည်ကြည်တို့ မသန့်ရှင်းမှုများ အစရှိသဖြင့် တို့ ဖြစ်နိုင်ကြောင် ထောက်ပြခဲ့ကြပါတယ်။  ကျန်းမာရေး ၈ျာနယ်မှ ကူးယူတင်ပြခြင်းဖြစ်သည်....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...