စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးခြားမူ့များနဲ့ မင်္ဂလာ တရားတော်


ဤ မင်္ဂလာတရားတော် သည် တရားတော်မပေါ်လာမီ (၁၂) နှစ်ကာလ အချိန်က ကောလဟလ ဖြစ်ပေါ်ပြီးမှ ပေါ်ထွန်းလာသော  တရားတော်ဖြစ်ပါသည်။ ဘုရားရှင်ဟောကြား တော်မူ
ခဲ့သည့် တရားတော်များတွင် ကောလာဟလ ဖြစ်ပေါ်ပြီးမှ ပေါ်လာသောတ၇ားတော်ကား သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ
တရားတော် တစ်မျိုးသာ ရှိပေသည်။ ထို့ကြောင့် ဤတရားတော်သည် ထူခြားသောတရားတော်ဖြစ်ပေသည်။
               ******* ကောလဟလ (၅) မျိုး *******
 ၁ ။         ။ ကမ္ဘာကြီးပျတ်တော့ မည်ဟု မပျတ်မီ အနှစ်တစ်သိန်းမှစ၍ ကောလာဟလ ဖြစ်ပွားသောကပ္ပ 
                ကောလာဟလ။
 ၂ ။         ။ ဘုရားမပွင်မီ အနှစ်တစ်ထောင်မှစ၍  ဘုရားပွင့်တော့မည် ဟု ကောလာဟလသတင်းဖြစ်ပွား
                ဖြစ်ပွားသောဗုဒ္ဓ ကောလာဟလ။
             
 ၃ ။         ။ မဖြစ်မီ နှစ်ပေါင်း တစ်ရာမှစ၍ စကြာမင်း ပေါ်မည် ဟု ကောလာဟလ သတင်းဖြစ်ပွားသော
               စက္က၀တ္တိ ကောလာဟလ။
 ၄ ။         ။ မဟောမီ တစ်ဆယ့် နှစ်နှစ်မှစ၍ မင်္ဂလာတ၇ား ဟောကြားမည်ဟု  ကောလာဟလ         သတင်းဖြစ် ပွားသော မင်္ဂလာကောလာဟလ။
 ၅ ။         ။ မောနေယျကျင့်သူမပေါ်မီ ခုနှစ်နှစ်မှစ၍ မောနေယျ အကျင့်ကို ကျင့်သူပေါ်မည် ဟု ကောလာဟ
               လသတင်းဖြစ်ပွားသော မောနေယျ ကောလာဟလ ဟူ၍ ကောလာဟလ (၅) မျိုး ဖြစ်ပါသည်။
               ကျေးဇူးတော်ရှင် မြတ်စွာဘုရားဟောကြားသည့် မင်္ဂလာတ၇ားတော် ( ၃၈)ပါး မှာ
              ******* ဆက်ဆံရေး မင်္ဂလာ (၃) ပါး *******
 ၁ ။         ။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ရခြင်း။
 ၂ ။         ။ ပဏ္ဍိတာ နဉ္စသေ၀နာ = ပညာရှိတို့ကို မှီဝဲဆည်းကပ်ရခြင်း။
 ၃ ။        ။ ပူဇာစ ပူစနေယျာနံ = ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
             ********* နေထိုင်ရေး မင်္ဂလာ (၃) ပါး။ *********
 ၄ ။         ။ ပတိရူပဒေသ၀ါသောစ = သင့်တင့်လျောက်ပတ်သော အရပ်၌ နေရာခြင်း။
 ၅ ။         ။ ပုဗ္ဗေစကတပုညတာ = ရှေးကပြုဖူးသော ကောင်းမူ့ရှိခြင်း။
 ၆ ။         ။ အတ္တသမ္မာ ပဏီဓိစ = မိမိကိုယ် စိတ် တို့ကို ထိန်းသိမ်းခြင်း။
               ********* ပညာရေးမင်္ဂလာ (၄) ပါး *********
 ၇ ။         ။ ဗာဟုသစ္စဉ္စ = အကြားအမြင်များခြင်း။
 ၈ ။         ။ သိပ္ပဉ္စ = လက်မူ စက်မူ စသောအပြစ်မရှိသော ပညာ၇ပ်များကို တက်မြောက်ရခြင်း။
 ၉ ။         ။ ၀ိနယောစ သုသိက္ခိတော = ဆိုင်ရာကျင့်ဝတ် ၀ိနည်းများကို သင်ယူလိုက်နာရခြင်း။
၁၀ ။        ။ သုဘာသိတာစ ယာဝါစာ = ကောင်းသော စကားကို ပြောဆိုရခြင်း။
               ******** ပြုစုလုပ်ကျွေးရေး မင်္ဂလာ(၃) ပါး *********
၁၁ ။         ။ မာတာပိတုဥပဠာနံ = မိဘနှစ်ပါးကို လုပ်ကျွေးပြုစုရခြင်း။
၁၂ ။         ။ ပုတ္တဒါရဿ သင်္ဂဟော = သားမယားတို့အား ကျွေးမွေးထောက်ပံ့ခြင်း။
၁၃ ။         ။ အနာကုလာစကမ္မန္တာ = အနှောက်အယှက်မရှိသော အသက်မွေးမူ့တို့ကိုပြုခြင်း။
                ********* ကူညီဆောင်ရွက်ေ၇းမင်္ဂလာ (၄) ပါး ********
၁၄ ။         ။ ဒါနဉ္စ = လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း။
၁၅ ။         ။ ဓမ္မစရိယာစ = သုစရိုက်တရားများကိုကျင့်ရခြင်း။
၁၆ ။        ။ ဉာတကာနဉ္စ သင်္ဂဟော= ဆွေမျိုးများကို ချီးမြှောက်ထောက်ပံ့ရခြင်း။
၁၇ ။        ။ အန၀ိဇ္ဇာနိ ကမ္မာနိ = အပြစ်ကင်းသော အမူတို့ကိုပြုခြင်း။
               ********* ရှောင်ကြဉ်လိုက်နာရေး မင်္ဂလာ (၄) ပါး *********
၁၈ ။         ။ အာရတီ ပါပါ = စိတို့ဖြင့် မကောင်းမူမှ ရှောင်ကြဉ်ခြင်း။
၁၉ ။         ။ ၀ိရတီ ပါပါ  = ကိုယ်နှုတ်တို့ဖြင့်မကောင်းမူ့မှေ၇ှာင်ကြဉ်ခြင်း။
၂၀ ။         ။ မဇ္ဇပါနာ စသံယမော = သေရည် သေရက် သောက်စာခြင်းမှရှောင်ကြဉ်ခြင်း။
၂၁ ။         ။ အပ္ပမာဒေါစ ဓမ္မေသု = ကုသိုလ်တရားတို့၌ မမေ့မလျော့ရခြင်း။
                ********* စိတ်ထားကောင်းမွန်ရေး မင်္ဂလာ(၅) ပါး *********
၂၂ ။         ။ ဂါရဝေါစ  = အသက်ဂုဏ်ဝါ ကြီးသူကို ရိုသေခြင်း။
၂၃ ။         ။ နိဝါတောစ  = မာန်မာနကို နှိပ့်ချထားခြင်း။
၂၄ ။        ။ သန္တိုဠိစ  = ရသမျှနှင့် ရောင့်ရဲမျှတခြင်း။
၂၅ ။         ။ ကတညုတာ  =  သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆ ။         ။ ကာလေန ဓမ္မဿဝနံ = သင့်လျော်သောအချိန်၌ တရားတော်ကို နားကြားရခြင်း။
               ********* စိတ်ထိန်းကျောင်းရေး မင်္ဂလာ (၄) ပါး *********
၂၇ ။         ။ ခန္တီစ  =  အရာရာ၌ သည်းခံခြင်း။
၂၈ ။         ။ သောဝစဿတာ  =  သူတော်ကောင်းတို့ ဆုံးမစကားကို လိုက်နာခြင်း။
၂၉ ။         ။ သမဏာနဉ္စ ဒဿနံ  =  ရဟန်းတော်များကို ဖူးမြော်ရခြင်း။
၃၀ ။         ။ ကာလေန ဓမ္မသာကစ္ဆာ = သင့်လျော်သောအချိန်၌ တရားဆွေးနွေးခြင်း။
               ********* စိတ်ဓာတ်ကြံ့ခိုင်ရေး မင်္ဂလာ(၂) ပါး *********
၃၁ ။         ။ တပေါစ  =  ခြိုးခြံစွာ ကျင့်ခြင်း။
၃၂ ။         ။ ဗြဟ္မစရိယဉ္စ  =  မြတ်သောအကျင့်ကို ကျင့်ခြင်း။
၃၃ ။         ။ အရိယာသစ္စာန ဒဿနံ  =  အရိယာသစ္စာတို့ကို သိမြင်ခြင်း (၀ါ) သစ္စာလေးပါးတရားကိုသိမြင်
                ခြင်း။
၃၄ ။         ။ နိဗ္ဗာ နသစ္ဆိကိရိယာစ = နိဗ္ဗာန်သို့ မျက်မှောက်ပြုရခြင်း။
                ********* မတုန်လှုပ်ခြင်း မင်္ဂလာ (၄) ပါး *********
၃၅ ။         ။ နကမ္ပတိ  =  လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ်မရှိခြင်း။
၃၆ ။         ။ အသောကံ = စိုးရိမ်ကြောင့်ကြမူ မရှိခြင်း။
၃၇ ။         ။ ၀ိရဇံ  =  ရာဂစသော ကိလေသာမြူမရှိခြင်း။
၃၈ ။         ။ ခေမံ  =  ကြောင့်လန့်မူဘေးမရှိခြင်း ။
               ********* ဤမင်္ဂလာတရားတော်များ ကို ယနေ့ခေတ် လူငယ် လူရွယ် များ သာမက ဗုဒ္ဓဘာသာက
                လျာဏနွယ်ဝင် သူတော်စင်တို့ လိုက်နာကျင့်သုံးလျှင် ရန်သူရန်ဘက် မနှိပ်စက် နိုင်ခြင်း ဘေးရန်
              ကွာလွန်ချမ်းသာခြင်း တိုးတက် ကြီးပွားခြင်းအကျိုးကျေးဇူးများကို ခံစားစေနိုင်ပါသည်။ ယနေ့ခေတ်
             လူငယ်များသည် မြတ်ဗုဒ္ဓ ၏  ဟောကြားသောတရားတော်များကို လေ့လာဆည်းပူး ကျင့်ကြံအား
              ထုတ်နိုင်ပါ က လူတော်လူကောင်းများဖြစ်လာမည်မှာဧကန် မုချမလွဲပင်တည်း။*********

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...