စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ရိုးရာ ပန်းချီကားများ အာရှ၌ ဈေးကွက်တစ်ခုရလာ






          မြန်မာနိုင်ငံခေတ်မီတိုးတက်လာသည်နှင့်အမျှ မြန်မာ့ရိုးရာအမွေအနှစ်များဖြစ်သော ပန်းချီ၊ ပန်းပုစသည့် ပညာရပ်များသည်လည်း မြန်မာနိုင်ငံ၌သာမကကမ္ဘာတစ်ဝန်းမှ စိတ်ဝင်စားအသုံးပြုလာကြပြီဖြစ်ကြောင်း သိရသည်။ ထို့အတူပန်းချီကားများ ဖန်တီးသော ပန်းချီဆရာများသည်လည်း မိမိရေးဆွဲသော ပန်းချီကားများကို ပြည်ပရှိ ပန်းချီပြခန်းများတွင် ပြသခွင့်အခွင့်အရေးကောင်းများထွက်ပေါ်လာပြီဖြစ်ကြောင်းကို ရန်ကုန်မြို့အခြေစိုက် ပန်းချီကားများ ရောင်းလျက်ရှိသော ပန်းချီပြခန်းတစ်ခန်းမှ ၂၉-၈-၂၀၁၂ ရက်တွင် သိရသည်။

ဲမြန်မာ့ရိုးရာပန်းချီကားများကို ကမ္ဘာလှည့်ခရီးသည်များနှင့် ကမ္ဘာတစ်ဝန်းရှိပန်းချီပြခန်းများမှ စိတ်ဝင်စားဝယ်ယူလာမှုနှင့် စပ်လျဉ်း၍ ပန်းချီဆရာဦးထွန်းထွန်းအောင်က ''ကျွန်တော်ပန်းချီဆွဲလာတာနှစ်တော်တော်ကြာပါပြီ။ အခုဆို ပန်းချီဆရာတွေအတွက် အခွင့်အရေးတွေလည်း ရရှိလာကြပြီ။ အရင်ပန်းချီဆရာကြီးတွေထက် အခွင့်အလမ်းကောင်းတွေ၊ကြိုးစားရင်ကြိုးစားသလောက်နေရာရလာတယ်။ ကျွန်တော် ၂၀၀၆ လောက်ကကိုရီးယားက ကုမ္ပဏီတစ်ခုမှာ ပန်းချီဆွဲခဲ့ဖူးတယ်။ နှစ်နှစ်လောက်လုပ်ခဲ့ဖူးတယ်။ကျွန်တော်ကဒီမှာ ပန်းချီကားတွေဆွဲပြီးပို့ပေးရတယ်။ သူတို့က နိုင်ငံတကာပြခန်းတွေမှာ ပြန်ရောင်းတယ်။ ဆိုလိုတာကအခုဆို တော်တဲ့ ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေဟာ နိုင်ငံတကာရဲ့ ပန်းချီပြခန်းတွေမှာ နေရာယူလာကြပြီး ဈေးကွက်တစ်ခုအနေနဲ့လည်း ရရှိနေပါပြီ'' ဟု ပြောကြားသည်။

         ဆက်လက်၍ ''အရင်က ပန်းချီပြခန်းတွေဆိုတာ အရမ်းနည်းပါတယ်။ ပန်းချီပန်းပုဆိုတာ ဒီလောက် ဈေးကွက်သိပ်မရှိဘူး။ ရန်ကုန်တစ်မြို့လုံးမှာ ပန်းချီပြခန်း ဆိုတာ လက်ချိုးရေလို့ရတယ်။ တကယ်ဆို ပန်းချီကားတစ်ချပ်ရဲ့ တန်ဖိုးဟာအဖိုးမဖြတ်နိုင်ပါဘူး။ အခုလို ကိုယ့်မြန်မာပြည်ရဲ့ သဘာဝလက်ရာတွေကို ကမ္ဘာကသိလာပြီဆိုတော့ ၀မ်းသာစရာပေါ့၊ နောက်လည်းစစ်မှန်တဲ့ အရည်အချင်းတွေနဲ့ ပန်းချီဆရာကောင်းတွေ၊ ပန်းချီလက်ရာတွေအများကြီး ထွက်ပေါ်လာတော့မှာပါ'' ဟုရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိပန်းချီ Gallary တစ်ခု မှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။
ပြည်ပတွင် သွားရောက်ပြသသောပန်းချီကားအများစုမှာ မြန်မာရှုခင်းပုံမျာ နှင့် တိုင်းရင်းသားများ၏ သဘာဝအလှများဖြစ်ကြောင်း သိရသည်။

ပြည်မြန်မာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...