စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိုဘားမား စီနင်းလာမည့် Air Force One လေယာဉ်ကြီး အကြောင်း

        အိုဘားမား စီနင်းလာမည့် Air Force One လေယာဉ်ကြီး အကြောင်း (ရုပ်/သံ)Friday, November 16, 2012 8:14 AMအမေရိကန် သမ္မတအတွက် အထူးသီးသန့် စီစဉ် တည်ဆောက်ထားတဲ့ စိတ်ဝင်စားဖွယ်ရာ Air Force One လေယာဉ်ကြီး အကြောင်း National Geographic က ထုတ်လွှင့်ပြသမှုကို တင်ဆက်ပေးသွားပါမယ်။ဒီဗီဒီယိုထဲမှာ ဂျော့ဂ်ျဘုရှ် အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်က Air Force One ရဲ့ ခရီးစဉ်တွေအကြောင်းကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။

         အမေရိကန်သမ္မတလို့ ဆိုလိုက်တာနဲ့ Air Force One လေယာဉ်ကြီးကိုလည်း တွဲလျက်မြင်ကြရပါတယ်။ အမေရိကန်သမ္မတအတွက် အထူးသီးသန့် တည်ဆောက်ဖန်တီးထားတဲ့ ဒီလေယာဉ်ကြီးဟာ ကမ္ဘာကျော်ပြီး အလွန် နာမည်ကြီးလှပါတယ်။Air Force One ဆိုတာ လေယာဉ်ပျံသာ မဟုတ်ဘဲ အမေရိကန် သမ္မတရုံးထိုင်ပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးစ
သဖြင့် စီမံခန့်ခွဲနိုင်တဲ့ အိမ်ဖြူတော်လည်း ဖြစ်တယ်လို့ တင်စား ပြောဆိုရ လောက်အောင် သမ္မတအတွက် ပြီးပြည့်စုံတယ်လို့ ဆိုရပါမယ်။အမေရိကန် သမ္မတအဖြစ် ဒုတိယသက်တမ်း ထပ်မံရွေးကောက်ခံရတဲ့ အိုဘားမားဟာ သူရဲ့ ဒုတိယသက်တမ်းမှာ
ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၇ ရက်မှာ သမိုင်းဝင်ခရီးစဉ် လာရောက်မှာ ဖြစ်ပါတယ်။

Planet Myanmar Network
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Air Force One
ယခုရက်ပိုင်းအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်းအရေအတွက် စစ်ရေယာဉ် (၁၅)စီးကျော်ခန့်သည် မြန်မာ့ရေပိုင်နက်အနီးတွင် ရောက်ရှိနေကြောင်း တွေ့ရသည်။

USS George Washington (CVN 73)
https://www.facebook.com/pages/USS-George-Washington-CVN-73/1777328...
USS John C. Stennis (CVN 74)
https://www.facebook.com/stennis74?ref=ts&fref=ts
----- ----- ----- ----- -----

      ရင်သပ်ရှုမောဖွယ် အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေးပြီးခဲ့တဲ့ ၂၀၁၁ မေလထဲကလဲအိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။
လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန်၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော်စုံထောက်တွေ ပါဝင်ပါတယ်။အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်းပါတယ်။ အိုဘားမားကားကိုတခြားမော်တော်ယာဉ်အစီး၂၀ကခြံရံပီးဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေကဦး
 ဆောင်ပါတယ်။

အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင်အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါတယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော်တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။
တည်ကြက် လေယာဉ်တစီးခြံရံထားပြီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ်ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်းရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။
အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီးစဉ် မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံ သမားတွေ အ တွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ ရှိပါတယ်။ သမ္မတ အို ဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။

ဘာ ကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံမလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန်ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေးအရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေးစုံ ထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်းပေါက် တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။ ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ စစ်တပ်ပုံစံအိပ်စင်တွေနဲ့နေရာ ယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။
အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ သူတို့ကိုယ်ပိုင်နန်း တော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသလားထင်ရတယ်လို့ မျက်မြင်သက် သေ တွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအ၀င် ဆေး ခန်းအသေးစားလေးတခုကို ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။

နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်ကိုတောင် တိုက်ခွင့်မပေး နိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့
အိုဘား မား ကိုယ်ရံတော်ထောက်လှမ်းရေးအရာရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။
ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ” လို့ သမ္မတကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။ အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင်
အိုဘားမားကို မတိုက်နိုင်ဘူး...တဲ့။

နိုဝင်ဘာ ၁၇ ရက်မှာ မြန်မာနိုင်ငံကို အမေရိကန် သမ္မတ ဘာရတ် အိုဘားမား လာရောက်မှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ခရီးစဉ်အတွင်း အသုံးပြုမယ့် မော်တော်ကား၊ ရဟတ်ယာဉ် အပါအဝင် ပစ္စည်းတွေကို မြန်မာနိုင်ငံကိုလေယာဉ်နဲ့ ကြိုတင် ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတရဲ့ မော်တော်ကား အကြောင်းဗီဒီယိုကို Planet Myanmar ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။ ဒီဗီဒီယိုထဲမှာ ကားမှာ တပ်ဆင်ထားတဲ့ကျည်ကာမှန် အမျိုးအစားကို သေနတ်ဖြင့် ပစ်ခတ်စမ်းသပ် ပြထားတာ တွေ့ရပါတယ်။အိုဘားမား၏ The Beast စီးတော်ယာဉ်ကား

အိုဘားမားစီးမည့် သမ္မတသုံးကားမှာ The Beast ဟု အမည်ပေးထားသည့် ဇိမ်ခံကားဒီးလက်အမျိုးအစားကားကြီးဖြစ်ပြီး ဂျိန်းစဘွန်းစီးသည့် ကားကဲ့သို့ Pump action ဖြင့် ပစ်နိုင်သည့် သေနတ်များ တပ်ဆင်ထားပြီး ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်ပေးထားသည်။


အမေရိကန်သမ္မတစီးသည့် The Beast ကားကြီးသည် ၂၀၁၁ နှစ်ဆန်းကမှ ထုတ်လုပ်ပြီးစီးခဲ့သည့် ကားဖြစ်ပြီး အိုဘားမား ပထမဆုံး စတင်သုံးသည့် သမ္မတသုံးကားဖြစ်သည်။ဒေါ်လာ (၃၀၀,၀၀၀) တန်သည်ဆို၏။

အမေရိကန်သမ္မတစီးသည့် The Beast ကားဘော်ဒီကို (၅) လက်မထူသည့် တိုက်တေနီယမ်နှင့် ကြွေထည်ရောထားသည့် သတ္တုစပ်ဖြင့် ဆောက်လုပ်ထားပြီး မှန်များကိုလည်း ကျည်ကာမှန်များ တပ်ဆင်ထားသည်။ ဓာတု
လက်နက်ဖြင့် တိုက်ခိုက်ခြင်း၊ ဒုံးကျည်နှင့် တိုက်ခိုက်ခြင်းတို့ကိုပင် ကာကွယ်နိုင်သည်ဟုဆိုသည်။


ကားတာယာများကလည်း မပေါက်နိုင်သည့် တာယာများဖြစ်ပြီး ကားထဲတွင် မျက်ရည်ယိုဗုံး၊ ညကြည့်ကင်မရာ အပြင် ဓာတုလက်နက်ဖြင့်တိုက်လာလျှင် လေသန့်အမြန် ထုတ်ပေးနိုင်မည့် အောက်ဆီဂျင်ဓာတ်အိုး စသည့် ပစ္စည်းများလည်း တပ်ဆင်ထားသည်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

http://feeds.feedburner.com/thithtoolwin/yIWV
အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ

Wednesday, 14 November 2012



အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန်အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်
းရရှိပါသည်။အဆိုပါလေယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်
န့အထိ အမေရိကန်လေတပ်မှ C 17 လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိရှိခဲ့သည်ဟု သိရသည်။အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန် နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့်စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင်C17 လေယာဉ် ၃စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။


''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့်ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။


ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိပါသည်။

အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့နိုဝင်ဘာလ ၁၉ရက် နေ့တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...